Monday 1 October 2012

လူ နဲ့ မူတစ်ထပ်တည်းကျပြီလား


ပြည်သူ့ဝန်ထမ်းများသည် ပြည်သူ များအား ပြည်သူ့ဗဟိုပြုစနစ်ဖြင့် အကောင်းဆုံးနှင့် အထိရောက်ဆုံးဝန် ဆောင်မှုပေးပြီး ပြည်သူများကျေနပ်နှစ် သက်မှုရရှိအောင်ဆောင်ရွက်ရမည်ဖြစ်
ကြောင်း နိုင်ငံတော်က မူဝါဒချမှတ်ထား ပြီးဖြစ်ပါတယ်။
(၁၈.၉.၂၀၁၂) ရက်နေ့က ကား မောင်းလိုင်စင်သက်တမ်းတိုးဖို့ရွာသာကြီး မှာရှိတဲ့ က-ည-န ရုံးကိုလာခဲ့ပါတယ်။ အ၀င်မှာ စုံစမ်းရန်ဆိုတဲ့ စာတွေ့လို့မေး ကြည့်တော့တောင် ဒဂုံက က-ည-န ရုံးကို လေးလပိုင်းကတည်းက ပြောင်းသွားပြီဆိုတဲ့ အကြောင်းသိလိုက်ရတယ်။ ဒါနဲ့ တောင် ဒဂုံ က-ည-န ရုံးကို အချိန်မီပြေးခဲ့ပြန်ပါ တယ်။ ဟိုလည်းရောက်ရောရင်ဝကိုဖနောင့် နဲ့ ဆီးကန်သလိုခံစားရပါတော့တယ်။ ကျွန်တော့်အနေနဲ့ လွန်ခဲ့တဲ့နှစ် (၂၀) လောက်က သင်္ဃန်းကျွန်းလိပ်စာနဲ့ ယာဉ် မောင်းလိုင်စင်လုပ်ခဲ့တယ်ဆိုတော့ တောင် ဥက္ကလာနဲ့ သင်္ဃန်းကျွန်းမြို့နယ်က ယာဉ် မောင်းလိုင်စင်သက်တမ်းတိုးတာကို (၁၇.၉.၂၀၁၂) ရက်နေ့စပြီး မြင်သာ က-ည-န ရုံးမှာ ဆောင်ရွက်ပေးမယ်ဆို တဲ့အကြောင်း ဖတ်လိုက်ရတာကိုး။ ခရီး စဉ်အရလူကနွမ်းဟိုက်သွားသလိုစိတ်လည်း ပန်းလျသွားပါတယ်။ မတတ်နိုင်ဘူးလေ။ မည်သူမပြု မိမိမှုပဲပေါ့။ သတင်းစာကို သေချာမဖတ်လို့ဖြစ်ရတာပဲဆိုပြီး ကိုယ့် ကိုယ်ကိုယ်ပဲ အပြစ်တင်လိုက်မိပါတယ်။ ဒါပေမဲ့ ဘေးကလူတွေရဲ့ မကျေနပ်သံ ကြားလိုက်တော့မှ သူတို့လည်း ရွာသာ ကြီးကိုရောက်ခဲ့တဲ့အကြောင်းနဲ့ MRTV-4 ကသာကြေညာတဲ့အကြောင်း သိလိုက် ရတယ်။ လူတွေအနေနဲ့ ရုပ်မြင်သံကြား ကို MRTV-4 တစ်ခုတည်းကြည့်တာမှမဟုတ် ပဲ။ နောက်ပြီးလူအများနဲ့ သက်ဆိုင်တာ မဟုတ်တော့မပြောကြဘူးလေ။ တကယ် ဆိုသည်လိုသတင်းမျိုးကို နိုင်ငံပိုင်သတင်း စာမှာဖော်ပြသင့်တာပေါ့။ ခုတော့မလို အပ်ဘဲအချိန်ကုန်လူပန်းပြီးငွေကုန်ကြေး ကျများတဲ့ အပြင်အချိန်မီလည်းမဆောင် ရွက်နိုင်တော့ဘူး။
တစ်ခါ (၂၀.၉.၂၀၁၂) ရက်နေ့မှာ ယာဉ်သက်တမ်းတိုးဖိုးနဲ့ ယာဉ်မောင်းလိုင် စင်သက်တမ်းတိုးဖို့အိမ်က (၉) နာရီ လောက်ထွက်ခဲ့ရပြန်ပါတယ်။ အခွန်ရုံး မှာ ပရီမီယံကြေးပေးသွင်းပြီး မြင်သာ က-ည-န ရုံးကို ရောက်တော့ (၁၂း၃၀) ရှိနေပါပြီ။ ယာဉ်သက်တမ်းတိုးတဲ့နေရာ မှာ ကားနည်းတဲ့အတွက် ယာဉ်မောင်း လိုင်စင်သက်တမ်းတိုးတဲ့နေရာကို အရင် လာခဲ့ပေမယ့် ထမင်းစားဖို့နားတဲ့အချိန်ဖြစ် လို့လူတွေအများကြီးစောင့်နေတာတွေ့ ရပါတယ်။ ရောက်ရောက်ချင်းကောင်မ လေးတစ်ယောက်က အမြန်ဆုံးလုပ်ပေး မယ်ဆိုတဲ့အကြောင်းနဲ့ လက်ဖက်ရည်ဖိုး သာပေးဖို့ပြောပါတယ်။ ဒါပေမဲ့ လွယ် လွယ်ကူကူနဲ့ လုပ်လို့ရတဲ့အကြောင်းနဲ့ ပွဲစားနဲ့ မလုပ်ဖို့စာကပ်ထားလို့ နိုင်ငံတော် ရဲ့ မူဝါဒကို မထိခိုက်စေချင်တာနဲ့ ကိုယ် တိုင်ပဲအပင်ပန်းခံပြီးဆောင်ရွက်ခဲ့ပါတယ်။ နောက်ဆုံးငွေသွင်းပြီးလို့ စာရေးမလေး က (၄း၃၀) ချိန်းလိုက်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်နောက်ကအမျိုးသမီးကိုတော့ (၃း၃၀) ချိန်းလိုက်တော့စိတ်ထဲမှာ ဇဝေဇ ၀ါဖြစ်သွားတာအမှန်ပဲ။
ယာဉ်သက်တမ်းတိုးပြီးလို့ (၃း၃၀) လောက်ပြန်ရောက်လာတော့ လူတွေ ကြိတ်ကြိတ်တိုးနေတာတွေ့ရပါတယ်။ အဲဒီအချိန်မှာ စောစောကပွဲစားမလေးက တော့ အပေါ်ထပ်တက်လိုက်၊ အောက်ဆင်း လိုက်နဲ့ အလုပ်ရှုပ်နေပြီး လူအုပ်ကြီးက လည်း တဖြည်းဖြည်းလျော့လာပါတယ်။
တချို့ကကြာလို့တဖျစ်တောက် တောက်ပြောနေသံကြားရပြီး အများစု ကတော့ နာမည်ခေါ်သံကိုပဲ နားစွင့်နေ ကြတယ်။ သည်လိုနဲ့ (၅) နာရီလောက် မှာ ဘေးကလူနဲ့ စကားစပ်မိရင်းခုလိုကြာ တာသူ့ကြောင့်လို့ ပြောတာကြားလိုက်ရ တယ်။ ပထမတော့ ကျွန်တော်ဘာများ လုပ်မိလို့လဲလို့ စဉ်းစားလိုက်မိတယ်။ နောက်မှ မလုပ်မိလို့ဆိုတာသိလိုက်ရတယ်။ ညနေ (၆) နာရီ နီးပါးလောက်ရောက် တဲ့အခါမှာတော့ ကျွန်တော်နဲ့ကောင်လေး (၄) ယောက်ပဲကျန်တော့တယ်။ ပြီးတော့ သူတို့က ဖြေပြီးအောင်လာတဲ့အသစ် သမားတွေပါ။ သည်တော့မှ ရုံးခန်းထဲဝင် ပြီး အကျိုးအကြောင်းပြောပြတော့ ကျွန်တော့်ကို ချိန်းတဲ့စာရေးမလေးက နယ်မြေပြောင်းဖြစ်လို့ကြာတဲ့အကြောင်း ပြောပြီး ခဏစောင့်ဖို့ပြောပါတယ်။ ပြီးတော့အပေါ်ထပ်ကို ကမန်းကတန်း တက်သွားပြီး ကျွန်တော့်ယာဉ်မောင်းလိုင် စင်ကို ယူပေးပါတော့တယ်။ တကယ်လို့ သာ ကျွန်တော်ဝင်မပြောရင်ဘယ်အချိန် မှ ရမလဲမသိဘူး။ သူတို့ပြောသလို နယ် ပြောင်းဖြစ်လို့ကြာတယ်ဆိုရင် ကျွန်တော့် ရှေ့က နယ်ပြောင်းတွေဘာကြောင့်ရသွား သလဲ။ တကယ်တော့လူနဲ့ မူသီးခြားစီ ဖြစ်နေတုန်းပါပဲ။

မင်းမွန်အောင်

By Hot News Weekly

Photo - Aye Chan Mon

No comments:

Post a Comment