Monday 1 October 2012

ပန်းဝါ က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း နဲ့  ရုပ်ပွား တော် တွေ ကို မွတ်ဆလင် တွေ မီးရှို့ 


နောက်ဆုံး ရ သတင်း တွေ အရ အောက်တိုဘာလ ၁ ရက် တနင်္လာ နေ့  မနက် အထိ ကော့ဘဇား
မှာ အခြေ အနေ တွေ ထပ် ဆိုးလာ ပြီး စစ်တကောင်း အရပ် က ပေါ်တီယာ ဒေသ က ဘုန်းကြီး

ကျောင်း တွေ အပါ အ၀င် ၊ ဒိုင်းနက် လူမျိုး တွေ နေတဲ့ ဒေသ က လူနေ အိမ် ခြေ တွေ ကို လည်း
မီးရှို့ ဖျက် ဆီးခဲ့ တယ် လို့  သိရ ပါတယ်။

မီးရှို့ ဖျက်ဆီး ဖို့  လာတဲ့ လူတွေ ကို ရဲတပ် ဖွဲ့  က အသံ ချဲ စက် နဲ့  နောက်ပြန် ဆုတ် ဖို့ သတိပေး
ခဲ့ ပေမယ့် ဂရုမစိုက် တာ ကြောင့် သေနတ် မိုး ပေါ် ထောင် ဖောက် ခဲ့ ရတယ် လို့  ဆို ပါတယ်။

ဆူပူ သောင်း ကျန်း သူ တွေ ကို ဖမ်းဆီးထား ပြီး တချို့  ဒေသတွေ မှာ လုံခြုံရေး အင်အား နည်းတာ
ကြောင့် အခြေ အနေ တွေ ဆက် လက် ဆိုး ရွား နိုင်တယ် လို့  ဒေသ ခံ ဗုဒ္ဓဘာသာ ၀င် တွေ က ယူ
ဆကြ ပါတယ်။

ဘင်္ဂလား ဒေရှ် နိုင်ငံ ၊ ကောဇ့် ဘဇား ခရိုင် ၊ ပန်းဝါ မြို့  မှာ ဒေါသ ထွက် နေတဲ့ မွတ်ဆလင် လူ
အုပ် ကြီးက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၊ သိမ် ၂ ခု နဲ့  လူနေ အိမ် ခြေ ၂၀ ကျော် ကို
တိုက် ခိုက် ဖျက် ဆီး တယ် လို့  CNN သတင်း မှာ ဖော် ပြ သွား ပါတယ်။

အဲဒီဒေသ က ဗုဒ္ဓဘာသာ လူငယ် လေး တစ်ဦးက သူ ရဲ့  Facebbok မှာ ကိုရ်ရန် ကျမ်းစာ ကို
မီးရှို့  နေတဲ့ ပုံ ကို တင်ထား လို့  တိုက်ခိုက်ရတယ် လို့  ဆူပူသူ တွေ ထဲ မှာ ပါ တဲ့ သူ တစ်ဦး က
ကော့ဘဇား မြို့  က သတင်း စာ တစ်စောင် ကို ပြော ပါတယ်။

လွန်ခဲ့ တဲ့ နှစ် ပေါင်း ၂၀၀ ကျော် ကတည်း က တည်ထား တဲ့ ဘုရား စေတီ ရုပ် ပွား တော် တွေ
ဖြစ်တဲ့ အပြင် မြန်မာ စစ်သူကြီး မဟာဗန္ဓုလ ပန်းဝါ မြို့  နယ် ရာမားဂူနား ကို စစ်ထွက် စဉ် မှာ
လာရောက် ဖူး မြော် ကြည်ညို ခဲ့ တဲ့ သမိုင်းဝင်း ဗုဒ္ဓ ရုပ်ပွား တော်တွေ ဖြစ်တယ် လို့  ကောဇ့် ဘဇား
မှာ နေ တဲ့ ရခိုင် လူမျိုး တစ်ဦး ဖြစ်တဲ့ ဦးဦးထွန်း က ပြော ပါတယ်။

ဒေါသ ထွက် နေတဲ့ မွတ်ဆလင် ဘာသာ ၀င်တွေ ဟာ စနေ နေ့  ညနေ က တည်း က ရာမူးမှာ
ဆူပူ ဖို့  စတင်လူစု ခဲ့ တာ ဖြစ်တယ် လို့  ကောဇ့်ဘဇား ရဲတပ် တပ်ဖွဲ့  က ဒုရဲ အုပ် Saleem Jahangir က
CNN သတင်းဌာန ကို ပြောပါတယ်။

အခုတော့ အခြေအနေ တွေ အားလုံး ထိမ်းသိမ်း ထား လိုက် နိုင် ပြီ လို့  ရဲတပ် ဖွဲ့  က ပြောပေမယ့်
အဲဒီ ဒေသ က ဗုဒ္ဓဘာသာ ၀င် တွေ က တော့ မွတ်ဆလင် ဘာသာ ၀င်တွေ ထပ် ပြီး ရန် ပြု နိုင် တယ်
လို့  ဆို ပါတယ်။

ညသန်းခေါင်ယံ မတိုင်ခင် မှာ ဒေါသ ထွက် နေတဲ့ လူ အုပ်ကြီး က ဘုန်းကြီးကျောင်း တွေ ၊ ဘုရား
ပုထိုး တွေ ကို မီးရှို့ ခဲ့ ပြီး ရုပ် ပွား တော် တွေ ကို လဲ ခေါင်းဖြတ် နေကြတာ ကမ္ဘာ ပျက် မတတ် ပါ
ပဲ လို့  ဒေသခံ တစ်ဦးက ပြောပါတယ်။

ဘင်္ဂလား ဒေရှ် ပြည်ထဲ ရေး ၀န်ကြီး Mohiuddin Khan Alamgir က ဆူပူသောင်းကျန်း မှု ကြောင့်
ပျက် စီ ခဲ့ တဲ့ နေရာ တွေ ကို လာရောက် ကြည့် ရှု ခဲ့ ပါတယ်။

ဘင်္ဂလားဒေရှ် အစိုးရ က ချက် ခြင်း ပဲ ဒီကိစ္စ နဲ့ ပတ်သက် လို့  စုံစမ်း စစ်ဆေး ရေး ကော်မရှင် ဖွဲ့  စည်း
ခဲ့ ပြီး ဆယ် ရက် အတွင်း အစီ ရင်ခံ ဖို့  ညွှန်ကြား ထား ပါတယ်။

ဗုဒ္ဓဘာသာ ၀င် လူငယ် လေး ကတော့ Facebook မှာ ဒီဓာတ်ပုံ ကို တင်တာ သူ မဟုတ် ပဲ တစ်ယောက်
ယောက် Tag လုပ်သွားတာ ဖြစ် ပြီး အခု တော့ သူ့  ရဲ့  Facebook လိပ်စာ ပါ မရှိ တော့ ဘူး လို့  ဆိုပါ
တယ်။

By Freedom News Group

No comments:

Post a Comment