Monday 24 September 2012

မလိမ့်တပတ်လုပ်တဲ့ MRTV-4


BARCLAYS PREMIER LEAGUE ဘောလုံးပွဲ မစတင်ခင်ကတည်းက MRTV-4 ရုပ်သံမှ တစ်ဦးတည်းပိုင် မူပိုင်ခွင့် ရရှိထားပြီဖြစ်၍ စနေ၊ တနင်္ဂနွေနေ့များတွင် တစ်ပတ်လျှင် နှစ်ပွဲ (FREE TO AIR) အခမဲ့ ထုတ်လွှင့်ပေးမည် ဖြစ်သောကြောင့် ရုပ်သံမှာ ကြော်ငြာထည့်လိုသူများ
ဆက်သွယ်နိုင်ကြောင်း နေ့စဉ် ကြော်ငြာနေကြောင်း၊ သို့သော် ၂၅.၈.၂၀၁၂ စနေနေ့ ချယ်ဆီးနှင့် နယူးကာဆယ် ကန်မည့်ပွဲကို 10:55 PM တွင် တိုက်ရိုက် ထုတ်လွှင့်ပေးမည်ဟု ထိုနေ့ကြေးမုံ သတင်းစာ၏ MRTV-4 ရုပ်မြင်သံကြား အစီအစဉ်တွင် ထည့်သွင်း ကြေညာခဲ့၍ ဘောလုံပွဲ ဝါသနာရှင်များက စောင့်မျှော်ကြည့်ရှုခဲ့ကြကြောင်း၊ ဘောလုံးပွဲ မစခင်တွင် အခြားရုပ်သံ ကြော်ငြာများ၊ ချယ်ဆီးနှင့် နယူကာဆယ်အသင်းများ၏ LOGO တံဆိပ်များ ပြသနေ၍ အမှန်တကယ် ဘောလုံးပွဲ ပြသမည်ဟု ထင်ထားကြကြောင်း၊ ဘောလုံးပွဲ စတင်ချိန်တွင် အသံနှင့် ရုပ်မှာ ပျောက်သွားကြောင်း၊ အစီအစဉ် အပြောင်းအလဲ လုံးဝမရှိဘဲ ဘောလုံးပွဲပြီးချိန်မှ စ၍ MRTV-4 ၏ ပုံမှန်အစီအစဉ်များ ပြန်လည်ပြသခဲ့ကြောင်း ဘောလုံးဝါသနာရှင်တစ်ဦးထံမှ သိရသည်။

"အခုလို တစ်နိုင်ငံလုံက ဘောလုံးဝါသနာရှင်တွေအပေါ် မလိမ့်တပတ်လုပ်ပြီး ပြောင်လိမ်တာမျိုးကတော့ ပြည်သူကို တိုက်ရိုက် စော်ကားတာပဲ။ မကြာသေးမီက Hot News ဂျာနယ်ဟယ်လိုကဏ္ဍမှာ ဒီအကြောင်းတစ်စွန်းတစ်စ ရေးထားတာ တွေ့ရတယ်။ တကယ်ပြသမလို ကြေညာပြီး ကြော်ငြာသတင်းတွေ ပြသတာကတော့ တမင်စော်ကားသလိုပဲ။ MRTV-4 က ကြော်ငြာရှင်တွေနဲ့ ပေါင်းပြီး ပြည်သူတွေကို လှည့်စားတာပဲလို့ မြင်တယ်" ဟု ဘောလုံးဝါသနာအိုး ဦးမောင်မောင် ပြောသည်။

By Hot News Weekly

No comments:

Post a Comment