Monday 24 September 2012

အင်္ဂလန် လက်ရွေးစင် အဖြစ်မှ တယ်ရီ နုတ်ထွက်


အင်္ဂလန် လက်ရွေးစင် ကစားသမား ဘဝကို ဂျွန်တယ်ရီက ရုတ်တရက် ကျောခိုင်းသွားကြောင်း သိရှိရသည်။
ချယ်လ်ဆီး အသင်းခေါင်းဆောင် ဗဟိုနောက်ခံ ကစားသမားသည်
အန်တန် ဖာဒီနန်ကို လူမျိုးရေး ခွဲခြားမှုအတွက် FAက သီးခြား ကြားနာမှု မပြုလုပ်မီ ယခုလို လက်ရွေးစင် ဘဝမှ အနားယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အင်္ဂလန် အသင်း ခေါင်းဆောင်ဟောင်း တယ်ရီသည် မိမိအပေါ် ပစ်မှတ်ထား ဖိအားပေးနေသည်ဟု ခံစားနေရပြီးနောက် အသင်းအတွက် ကစား ပေးခြင်းမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အင်္ဂလန် အသင်း မန်နေဂျာ ရွိုင်ဟော့ဂ်ဆန်နှင့် တွေ့ဆုံဆွေးနွေးပြီး ဖြစ်သည်ဟု ယူဆရသည်။

အင်္ဂလန် အတွက် (၇၈)ပွဲ ကစားပေးထားသည့် တယ်ရီက "ဒီနေ့ပဲ လက်ရွေးစင် အသင်းက အနားယူပြီလို့ ကျွန်တော် ကြေညာလိုပါတယ်။ ကျွန်တော့်ကို အသင်းအတွက် (၇၈)ကြိမ် ရွေးချယ်ခဲ့တဲ့ အင်္ဂလန် မန်နေဂျာ အဆက်ဆက်ကို ကျေးဇူးတင်ပါတယ်။ နောက်ပြီး ကျွန်တော်နဲ့အတူ တွဲကစားဖြစ်တဲ့ ကစားသမား အားလုံးကိုလည်း ဂုဏ်ယူကြောင်း ဝေမျှပြောဆိုလိုပါတယ်။ သူတို့ကိုရော၊ ပရိသတ်ကိုရော၊ ကျွန်တော့်ကို ထောက်ခံကူညီခဲ့တဲ့ မိသားစုကိုပါ ကျေးဇူးတင်ပါတယ်"ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဒီနေ့ပဲ လက်ရွေးစင် အသင်းက အနားယူပြီလို့ ကျွန်တော် ကြေညာလိုပါတယ်။ ကျွန်တော့်ကို အသင်းအတွက် (၇၈)ကြိမ် ရွေးချယ်ခဲ့တဲ့ အင်္ဂလန် မန်နေဂျာ အဆက်ဆက်ကို ကျေးဇူးတင်ပါတယ်...

၎င်းက "ကျွန်တော် ခုကြေညာချက်ကို FAရဲ့ စည်းကမ်းပိုင်းဆိုင်ရာ ကြားနာမှု မတိုင်ခင် ထုတ်ပြန်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ FAဟာ ကျွန်တော့်ကို စွဲချက်တင်ဖို့ အပူတပြင်း လုပ်ဆောင်နေတယ် ထင်လို့ပါ။ တရားရုံးမှာ ကျွန်တော်ဟာ ခုအမှုအတွက် အပြစ်မရှိကြောင်း ဆုံးဖြတ် ခံရပြီးပါပြီ။ ခုအနေအထားမှာ ကျွန်တော် ချယ်လ်ဆီးအတွက်ပဲ အာရုံစိုက်ပြီး ပြည်တွင်းနဲ့ ဥရောပ အောင်မြင်မှုတွေ ရယူနိုင်ဖို့ ကြိုးစားပါမယ်။ ကျွန်တော့်ကို အမြဲတစေ ထောက်ခံပေးနေတဲ့ ပရိသတ်နဲ့ ကလပ် အသင်းကို ကျေးဇူး တင်နေမှာပါ" ဟုလည်း ပြောဆိုသွားခဲ့သည်။
Ref: The Sun

By Soccer Myanmar

No comments:

Post a Comment