Monday 24 September 2012

ပုဂ္ဂလိက အာမခံလုပ်ငန်းများ ရှယ်ယာများ ထုခွဲရောင်းချခွင့်မရှိ


ရန်ကုန် စက်တင်ဘာ ၂၃
လာမည့် ၂ဝ၁၃ ခုနှစ်တွင် စတင် အကောင်အထည်ဖော်မည့် ပုဂ္ဂလိက အာမခံလုပ်ငန်းများ အနေဖြင့် ရှယ်ယာများကို ထုခွဲရောင်းချပိုင်ခွင့်

မရှိကြောင်း မြန်မာ့အာမခံဌာနမှ သိရသည်။

မြန်မာ့ အာမခံလုပ်ငန်းမှ ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၂ ခုကို ယခုနှစ် စက်တင်ဘာ ၅ ရက်တွင် စတင်ခွင့်ပြု ပေးခဲ့ပြီး လုပ်ကိုင်ခွင့် ရရှိသူအများစုမှာ နာမည်ကြီးစီပွား ရေးလုပ်ငန်းကြီးများ ဖြစ်သည်။

ပုဂ္ဂလိက အာမခံကုမ္ပဏီများ အနေဖြင့် အသက်အာမခံအတွက် ငွေကျပ် သန်းခြောက်ထောင်၊ အထွေထွေ အာမခံ အတွက် ငွေကျပ်သန်း လေးသောင်း၊ နှစ်ခုပေါင်းအတွက် ငွေကျပ်သန်းပေါင်း လေးသောင်း ခြောက်ထောင် တင်ပြရမည်ဖြစ်ပြီး အခွန်ဆောင်ထားသော တရားဝင် ငွေကြေးများ ဖြစ်ရမည် ဖြစ်ကြောင်း၊ အဆိုပါ ငွေကြေးများကို အာမခံ လုပ်ငန်းအတွက်သာ သုံးစွဲရမည်ဖြစ်ပြီး၊ ကုမ္ပဏီ လိုင်စင်အတွက် ငွေကျပ် သိန်း ၃ဝ ကို လိုင်စင်ကြေး ပေးသွင်း၍ နှစ်စဉ်ကြေးအဖြစ် ငွေကျပ် ၁ဝ သိန်း ပေးဆောင်ရမည် ဖြစ်ကြောင်း၊ ကုမ္ပဏီများ အနေဖြင့် လိုင်စင်ရရှိပြီး တစ်နှစ်အတွင်း လုပ်ငန်းလုပ်ကိုင် ရမည်ဖြစ်ပြီး မသမာမှုများ စိစစ်တွေ့ရှိ ပါက လိုင်စင် ရုပ်သိမ်းခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။

By Royal Hero Media

No comments:

Post a Comment