ဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင်၊ အသက် (၉၄)နှစ်
သက်ကြီးကန်တော့ခံ စာပေပညာရှင်၊ လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယဆင့်၊ နိုင်ငံ့ ဂုဏ်ရည်ဘွဲ့ ဒုတိယဆင့်၊ ဂျပန်ခေတ် မင်္ဂလာဒုံ စစ်တက္ကသိုလ် တတိယပတ် ဗိုလ်သင်တန်းဆင်း ဆရာကြီး ၀မ်းအိုဝမ်း
ကျော်ဝင်းမောင်သည် ယမန်နေ့ စက်တင် ဘာလ ၂၃ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်တွင် အလ္လာ အရှင်မြတ် အမိန့်တော် ခံယူသွားပါတယ်။
ယနေ့ စက်တင်ဘာလ ၂၄ ရက်၊ ခန့်မှန်းအချိန် နေ့လယ် ၃ နာရီ ခန့်တွင် သံလျင် တရဂါ ကာဘန်စတန် တွင် တဖွနာ မည် ဖြစ်ကြောင်းသိရပါတယ်လို့ မြန်မာမွတ်စလင် သက်ကြီး စာပေပညာရှင်များ လူမှု ကူညီရေး ကွန်ရက် က ဆိုပါတယ်။
ဒဂုံတာရာ မွေးနေ့ပွဲ တက်ခဲ့စဉ်က
ဆရာကြီး ရေးသားခဲ့သော စာအုပ်များထဲမှ နာမည်ကြီး စာအုပ်များ မှာ ဆရာကြီး ဦးရာဇာတ် အထုပ်ပတ္တိ ၀မ်းအိုဝမ်းနဲ့ ဗမာ့မြေအောက်တော်လှန်ရေး ၁၃၀၀ ပြည်.မန်းလေး အရေးတော်ပုံ သခင်နက်ဖေ ဂျပန်ခေတ် လေထီးသမားများ နွေဦးရဲ့သမီးပျို (ရုပ်ရှင်ရိုက်) မေတ္တာလက်တလှမ်း (ရုပ်ရှင်ရီုက်) အပါအ၀င် ၁၅ အုပ်ခန့် ဖြစ်ပြီး နောက်ဆုံးရေးခဲ့သော စာအုပ်မှာ- အလံနီများ ရင်သွေးငယ်များကို ပေးအပ်ခြင်း စာအုပ်ဖြစ်ပါတယ်။
By Irrawaddy
No comments:
Post a Comment