Monday 24 September 2012

လွှတ်တော်အမတ် အဖြစ်မှ ပြန်လယ် ရုတ်သိမ်းရေး ကြိုးပမ်းသူများ ခြိမ်းခြောက်ခံနေရ


VenusNews ဂျာနယ် (Vol-4,No-9,20, September,2012,Thursday)တွင်
ပါသော- ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမဲဆန္ဒနယ်မှ လွတ်တော် ကိုယ်စားလှယ်

ဦးမြင့်အောင်ကို ဖွဲ့ စည်းပုံ အခြေခံဥပဒေနှင့် အညီ လွှတ်တော်အမတ် အဖြစ်မှ
ပြန်လယ် ရုတ်သိမ်းရေး ဒေသခံများ ကျိုးပမ်း.... သတင်းအား တိုက်ကြီးမြို့ နယ်ရှိ
့ဒေသခံများမှ ဖတ်ရှု့ လိုသော်လည်း ဂျာနယ် ၀ယ်မရသောကြောင့်  မိတ္တျုကူးယူကာ
ဖတ်လိုသူများအား ပေးဝေ ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ သတင်းအား ကူးယူဖြန့် ဝေမှုကို စက်တင်ဘာလ (21.9.2012) ရက်နေ့ 
14:00 နာရီခန့် တွင် သပြေကုန်း ကျေးရွာအုပ် ချုပ်ရေးမှုး ဦးခင်ဝင်းနှင့် ပြည်ခိုင်ဖြိုး
နိုင်ငံရေးမှုးဦးမျိုးမြင့် တို့ မှ - မိတ္တျုကူးယူကာ ဖြန့် ဝေခဲ့သူ သပြေကုန်းအုပ်စု ရေနက်
လမ်းဝင် အနောက်စုရပ်နေ ဒေါ်လှသောင်း(ဘ) ဦးမောင်ကြည်၊ မခင်ညွှန့် (ဘ)ဦးကြည်ဝင်း
တို့ အားခေါ်ယူကာ ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

မြိုနယ် အုပ်ချုပ်ရေးမှုးဧ။် ညွန်ကြားချက်အရ စာရွက် စာတမ်းဖြန့် ဝေမှု့ ဖြင့် အရေး
ယူပါက ထောင်(3)နှစ် ကြနိုင်ကြောင်း မည်သူက ဖြန့် ဝေခိုင်းသည်ကို ဖြေ
ကြားခြင်းမရှိ့ ပါက ရုံးတင်တရားဆွဲ မည်ဖြစ်ကြောင်း စသဖြင့် ခြိမ်းခြောက်ပြော
ဆိုခဲ့ ကြောင်း ဒေါ်လှသောင်း နှင့် မခင်ညွန့် တို့ က Myanmar News Now ကိုပြောပါတယ်။

By ခေတ်သတင်း

No comments:

Post a Comment