Monday 24 September 2012

စိုက်ပျိုးမြေမရှိ ၊ တောင်သူအစစ်မဟုတ်ဘူးများက စိုက်ပျိုးစရိတ်ထုတ်ယူနေ


ပဲခူးတိုင်းဒေသကြီး၊သာယာ ၀တီခရိုင်၊လက်ပံတန်းမြို့နယ်ဆင် ကူးရွာသစ်အုပ်စုအတွင်း စိုက်ပျိုး စရိတ်ထုတ်ပေးရာတွင် မသမာမှု များ ပြုလုပ်နေကြောင်း သိရသည်။

ဆင်ကူးရွာသစ်အုပ်စုတွင် လယ်စိုက်ဧက ၁၉ဧက ရှိသော် လည်း ၁၀ဧက ကိုသာစိုက်ပျိုးစ ရိတ်ထုတ်ပေးကြောင်း၊ကျန် ၉ဧက အား စိုက်ပျိုးစရိတ်ရရှိရန်အတွက် အုပ်ချုပ်ရေးမှူးနှင့်မြေစာရင်းဝန် ထမ်းအား တစ်ဧကလျှင် ၅၀၀၀ ပေး၍ တောင်သူစာအုပ်ထပ်လုပ် ရကြောင်း၊ချောင်းကမ်းပါးဘေး သောင်ခုံ(သို့)မြေနုကျွန်းများအား ငွေများကောက်ခံကြောင်း မိုးစပါး စိုက်ပျိုးခြင်းမရှိသော မြေ၊စိုက်ပျိုး ၍မရသောမြေများအား ဘဏ် စာရင်းသွင်းပြီး တစ်ဧက၅၀၀၀၀ ကျပ်၊ငါးမွေးကန်များအား ဘဏ် စာရင်းသွင်းပြီး တစ်ဧက(၅၀၀၀၀) ကျပ် ပေးဆောင်ခိုင်းကြောင်းအမှန် တကယ် စိုက်ပျိုးမြေမရှိ၊တောင် သူအစစ်မဟုတ်သူများကို အုပ် ချုပ်ရေးမှူးနှင့်မြေစာရင်းဝန်ထမ်း တို့မှ ဘဏ်စာရင်းသွင်းပြီး စိုက် ဘဏ်မှ တစ်ဧကလျှင် စိုက်ပျိုး စရိတ် (၅၀၀၀၀)ကျပ် ထုတ်ယူ နေကြောင်း၊(၂၇.၈.၂၀၁၂)နေ့က လက်ပံတန်းမြို့နယ် အုပ်ချုပ်ရေး မှူးအား တင်ပြခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း ကျီးပင်အင်းကျေးရွာသား တစ်ဦး ထံမှ သတင်းရရှိသည်။

စိုးမိုးသူ

By The Hot News Weekly

No comments:

Post a Comment