Monday 24 September 2012

မြေကြီးက ရွှေမသီးသေးသော်လည်း မြေကြီးက ကြေးနီထွက်၍ ပြဿနာတွေတက်


မုံရွာမြို့သို့ အလည်အပတ် တစ်ခေါက်ထွက်ခဲ့ရာမှ ယနေ့ နာမည်ကြီး သတင်းထွက်နေ သော လက်ပံတောင်းတောင်တစ် ၀ိုက်သို့ ရောက်ရှိခဲ့သည်။(လက်ပံ တောင်းတောင်ကြေးနီသတ္တုတူး
ဖော်ရေးစီမံကိန်းကို) မြန်မာ့စီးပွား ရေး ဦးပိုင်လီမိတက်နှင့် တရုတ် ပိုင် Myanmar Wan Bao ကုမ္ပဏီ တို့က အကျိုးတူပူးပေါင်းဆောင် ရွက်ရာမှာ ရင်းနှီးမြှုပ်နှံမှု ရှယ် ယာများကို တရုတ်ကုမ္ပဏီက ၅၁ ရာခိုင်နှုန်း၊မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်မှ ၄၉ ရာခိုင်နှုန်းသတ် မှတ်ထားကြောင်း ကြားသိရသည်။ ထိုကြေးနီ စီမံကိန်းများအတွက် ကျေးရွာပေါင်း (၂၆)ရွာမှ လယ် မြေဧက (၇၈၀၀)ကျော် သိမ်း ဆည်းရန် သတ်မှတ်ခံခဲ့ရပြီး စီမံ ကိန်း၏ အဓိက နေရာတွင်ရှိ သော ဆည်တည်း၊ ၀က်မှေး၊ ဇီး တော၊ ကံတောရွာလေးကို ဖယ် ရှားခိုင်းစေခဲ့သည်။ အိမ်ခြေ(၉၀) ကျော်ရှိသော ကံတောရွာမှာ တစ်ရွာလုံးရွှေ့ပြောင်းသွားခဲ့သော် လည်း ကျန် (၃)ရွာမှာ အိမ်အ နည်းငယ်သာရွှေ့ပြောင်းခဲ့ကြပြီး အများစုမှာ မူလရွာမှာပင် ဆက် လက်နေထိုင်လျက် ရှိပါသည်။ ဖြစ်နေသည့် ပြသနာမှာ ဒေသခံ လယ်မြေ၊ယာမြေ၊ ရွာမြေ ပိုင်ရှင် ကျေးရွာသားများ နားလည်လက် ခံထားကြသည်က၊ ဒေသခံများ၏ သီးနှံပျက်စီးစေမှုအတွက် (၃)နှစ် စာ လျှော်ကြေးငွေတစ်ဧကလျှင် ၅ သိန်း ၂သောင်းကျပ်ကို သီးနှံ လျှော်ကြေးအဖြစ်သာ ကုမ္ပဏီမှ ပေးလျော်ခဲ့ခြင်းဖြစ်၍ ယခု(၄) နှစ်မြောက် နှစ်တွင် မူလပိုင်ရှင် များက အလိုအလျောက်ယာမြေ လယ်မြေများကို ပြန်လည်လုပ်ပိုင် နိုင်ခွင့်ကိုမူလကတိအတိုင်းရရှိနေ ပြီဟု ကျေးရွာသားအားလုံးက ခံ ယူနားလည်ထားကြသည်ကိုလေ့ လာတွေ့ရှိရသလို ကုမ္ပဏီဘက် ကလည်း မြေလျော်ကြေးကျပ် သန်းပေါင်း (၉၀၀၀)ပေးလျော်ပြီး ဖြစ်ကြောင်းပြောဆိုနေပြီးရွာသား များဘက်မှလည်း မည်သည့်မြေ လျော်ကြေးကိုမျှ ၎င်းတို့မရရှိပါ ကြောင်း စသည်ဖြင့် အပြန် အလှန်ပြောဆို နေကြသည်များ ကိုပြည်တွင်း၊ ပြည်ပ သတင်း မီဒီယာများ၏ သတင်းစာများ တွင်ဆက်တိုက် ဖော်ပြနေကြ သည်ကိုလည်းတွေ့ မြင်ကြားသိ နေကြပြီဖြစ်၍ လောလောဆယ် ကျေးရွာ(၂၆)ရွာနှင့် ကုမ္ပဏီ၏ မြေပိုင်ဆိုင်မှု အငြင်းအခုံ ပြသနာ ကို ခဏဖယ်ထားပြီး အဆိုပါ ကျေးရွာ (၂၆)ရွာထက် မြန်မာ နိုင်ငံဧရာဝတီမြစ်ရိုးတစ် လျှောက် အကျိုးသက်ရောက်မည့် အဆိုပါ ကြေးနီစီမံကိန်း၏ ဘေးထွက် (Side Effect) ဖြစ်စဉ် တစ်ခုကို ဒေသခံတစ်ဦး၏စိတ်ဝင် တစ်စား လေ့လာထားသောအချက်အလက် များမှာများစွာ စိတ်ဝင်စားဖွယ် ကောင်းသလို ငါတို့နှင့်မဆိုင် သဘောထားရှိကြသူ များဖြစ် ပေါ်နေသော ဥပက္ခာ စိတ်ကို လွင့်စင်သွားစေနိုင်လောက် သော တင်ပြချက်တစ်ခုဖြစ်သည်။
လွန်ခဲ့သော ၁၈ နှစ်(၁၉၉၃) ခုနှစ်ကတည်းက လုပ်ကိုင်ခဲ့သော စပယ်တောင်၊ ကြေးစင်တောင် အမှတ်(၁)ကြေးနီ သတ္ထုတူးဖော် ထုတ်လုပ်ရေးစီမံကိန်းကြောင့် ကံကုန်းရွာ၊ ဒနုန်းတောရွာများ အနီးသို့ စွန့်ပစ်ရေဆိုးများ ထုံးနှစ် ရေများ စီးဆင်းနေသောကြောင့် မြေယာများ လုံးဝစိတ်ပျိုးမရ အောင် ပျက်စီးခြင်းများရှိခဲ့သည်။ ဧက ၄၀ ကျော်သော စပါယ် တောင်ကို တူးဖော်လိုက်ရာ ဧက (၇၀)ကျယ်သော ကျင်းကြီးဖြစ် သွားပြီး အောက်အနက်မှာ ပင် လယ်ရေမျက်နှာပြင်အောက်ထိ ပေ (၁၀၀၀)နီးပါးရောက်သည်ဟု ဆိုသည်။ ထိုမျှအနက်ထိ တူး ဖော်မှုကြောင့် စပါယ်တောင် ကျဉ်းထဲအထိ ရေများစီးဝင်သွား ပြီး ၂၀၀၃ ခုနှစ်မှစတင်သောက် သုံးရေအတွက် ထူးထားသော (၁၅)တောင် (၂၀)တောင်နက် သည့် အုတ်စီရေတွင်းအားလုံး ရေခမ်းသွားကြသဖြင့် သောက် သုံးရေ(ရေချို)ရရှိရေး ပြဿနာ ကိုလည်း ရင်ဆိုင်နေရသည်။ ထပ်တူးသော ရေတွင်းများသည် လည်း ရေချိုမထွက်တော့ဘဲ ရေ ငန်ထွက်နေတော့သည်။
ကြေးနီတောင်သည်အတွင်း မှာ ဓာတ်သတ္ထုရှိပြီး ဓာတ်သတ္ထု မပါသေးသော အပေါ်ယံမြေသား ကို ခေါင်းပေါင်းဟုခေါ်သည်။ ၎င်းခေါင်းပေါင်းမြေသားကိုတောင် သူများ၏ လယ်ယာမြေများပေါ် သို့ စွန့်ပုံခြင်းဖြင့် တောင်သူများ မှာ လယ်ယာလုပ်စားခွင့်ဆုံးရှုံးရ သည်။ ထို့နောက် ထွက်ရှိလာ သော ဓာတ်သတ္ထုမြေသားကို ပျော့အောင် လုပ်ရာတွင် ၎င်း အက်စစ်ကို အဖွင့်စနစ်ဖြင့် ပြု လုပ်ပြီး (၈)နာရီအဆိုင်း ၃ဆိုင်း၊ ၂၄ နာရီအချိန်ပြည့် နားရက်မရှိ လုပ်နေခြင်းကြောင့် MICCL မြန်မာအိုင်ဗင်ဟိုး ကြေးနီထုတ် လုပ်ရေးကုမ္ပဏီသည် တစ်နေ့လျှင် သန့်စင်ပြီး ကြေးနီတန်ချိန် ၈၀ တန်ရသည်ဟု သိရှိရပါသည်။ အိုင်ဗင်ဟိုးကုမ္ပဏီရပ်နားသွားပြီး ယခုအခါတွင် စပယ်တောင် ကြေးနီစီမံကိန်း၌ တရုတ်ပိုင် မြန်မာယန်စီကြေးနီ ထုတ်လုပ် ရေးကုမ္ပဏီက ၀င်ရောက်လာရာ တောင်သူများ၏ လုပ်ကိုင်နေဆဲ ယာမြေများပေါ်သို့ စွန့်ပစ်မြေ များပုံနေခြင်းကို ကံကုန်ရွာ၊ဒုန်း တောရွာသားများက နေ့စဉ်စောင့် ကြည့်နေရသည်ဟု ဒေသခံများ က ပြောပါသည်။
အဖွင့်စနစ်ဖြင့် ကြေးနီမြေ သားများကို အက်စစ်ဖြန်းပြီး ကြေးနီထုတ်ုလုပ်မှုမှ ထွက်ရှိလာ သော အက်စစ်ဓာတ်ပါဝင်သည့် ရေဆိုးများသည် ယမားချောင်းမှ တစ်ဆင့် ချင်းတွင်းမြစ်အတွင်းသို့ စီးဝင်ပါသည်။ သို့အတွက်ကြောင့် ချင်းတွင်းမြစ်တွင် ငါးအရှင်မရှိ ပါ။ တောင်ကျချောင်းရေနှင့်ပါ လာသော ငါးအရှင်များသည် ချင်းတွင်းမြစ်ထဲတွင် အသက်မ ရှင်ဘဲ ကမ်းစပ်များတွင် အတုံး အရုံးသေကြေနေကြသည်ဟု သိ ရသည်။
အဆိုပါလွန်ခဲ့သော ၁၈ နှစ် ကတည်းက ကြေးနီထုတ်လုပ်နေ သော စပယ်တောင်အမှတ်(၁) ကြေးနီစီမံကိန်းကြီး၏ အနီးမှ ရွာ တစ်ရွာဖြစ်သော ကံကုန်းရွာသား များ၏ ပြောပြချက်အရ ဒေသခံ ပြည်သူလူထုမှာ ရေ၊ မြေ၊ လေ အားလုံးပျက်စီးဆုံးရှုံးနေကြရသည် ဟု ဆိုပါသည်
ရေ- သန့်ရှင်းသောသောက် သုံးရေမရသည်မှာ (၉)နှစ်ခန့်ရှိ သွားပါပြီ။ ကြေးနီ၊ ဒုတ္ထာ ထုတ် လုပ်သော လုပ်ငန်းများဖြစ်၍ ဒုတ္ထများပျော်ဝင်နေပါသည်။ ဒုက္ထာရည်များသည် ကော့ပါး ဆာလ်ဖိတ်များ အများဆုံး ပါဝင် ပြီး အိုင်းယွန်းနှင့် ဇင့်သတ္ထုများ လည်း ပါဝင်နေကြောင်း ၎င်းရေ ကို သောက်မိလျှင် ကျောက်ကပ် မှာ ကျောက်တည်ကာ ကိုယ်အင်္ဂါ မညီမျှသည့်ရောဂါများ ခံစားရနိုင် ကြောင်း နားလည်တတ်ကျွမ်း သည့် ဆရာဝန်တစ်ဦးက ပြောပါ သည်။ ထို့ကြောင့် ကလေးအချို့ မှာ ကိုယ်အင်္ဂါမညီမျှသော လက္ခ ဏာများ ဗိုက်ရွှဲ၊ ခေါင်းကြီး၊ ကိုယ် သေးနေတာတွေ ခံစားနေရ ကြောင်း တွေ့မြင်ရပါသည်။
မြေ- မြေနှင့် ပတ်သက်လျှင် လည်း လုံးဝစိုက်ပျိုး မရတော့ သော လယ်မြေများဧကထောင် နှင့်ချီ၍ ဖြစ်နေပါသည်။
လေ- အဖွင့်စနစ်ဖြင့်အက် စစ်မျာဖြန်း၍ ကြေးနီထုတ်လုပ်မှု လုပ်ငန်းများတွင် သုံးနေသော ကြောင့် သန့်ရှင်းသောလေကို ရှု ရှိုက်ရန်ခဲယဉ်းပြီးအက်စစ်နံ့ပါနေ သော လေကို ရှုရှိုက်နေကြရပါ သည်။
စပယ်တောင် ကြေးစင် တောင်၊ ကြေးနီစီမံကိန်းသည် ဧက(၄၀)ရှိတောင်ကိုတူးလိုက်ရာ ဧက(၇၀)ရှိ ကျင်းကြီးဖြစ်သွားပြီး ဖြန့်ချလိုက်သော မြေဧကနှင့် စွန့် ပစ်လိုက်သော မြေဧကသည် ဧကထောင်နှင့်ချီ၍ ကျယ်ဝန်းပါ သည်။ ၂၀၁၀ ခုနှစ်မှာ စတင်ပြု လုပ်လာခဲ့သော လက်ပန်းတောင်း တောင်ကြေးနီစီမံကိန်းသည်တောင် (၃၃)လုံးဧက ၁၅၀၀ မှ ကြေးနီ သတ္တုများကို တူးဖော်ထုတ်ယူ မည် ဆိုပါလျှင် ချင်းတွင်းမြစ်တစ် ဖက်ကမ်းရှိ မြေများအားလုံးကို အသုံးချပစ်မည်ဖြစ်ပါသည်။ ၎င်း ဧရိယာမြေထုကြီးကို ဖျော်မည့် အက်စစ်ပမာဏသည် ကြီးမားပြီး မြေဆီလွှာများအားလုံးပျက်စီးမည်။ မြေအောက်ရှိ ရေထဲသို့ ၎င်းအက် စစ်များ ကျရောက်ပြီး ရေများအ ဆိပ်သင့်မည်။ အဖွင့်စနစ်ဖြင့် သတ္ထုမြေများကို ဖြန့်ထားသာ အက်စစ်ရေများသည် ချင်းတွင်း မြစ်မှတစ်ဆင့် ဧရာဝတီမြစ်ရေ အထိ စီးဝင်မည်ဖြစ်ပြီး မြစ်ဝ ကျွန်းပေါ်ဒေသအထိ ဒုက္ခရောက် မည့် ပြသနာဖြစ်သည်။ ဧက ၁၅၀၀ရှိ တောင်(၃၃)လုံးမှထွက် ရှိလာမည့် စွန့်ပစ်မြေထုကြောင့် ချင်းတွင်းမြစ်ရေသည် ပုံမှန်စီး ဆင်းဝင်ရောက်ခွင့်မရဘဲ နောင် သောအခါတွင် မုံရွာမြို့သည် ချင်းတွင်းမြေရေအောက်သို့ရောက် ရှိသွားမည်။
ယခုပင်လျှင် လက်ပန်း တောင်းတောင် ကြေးနီထုတ်လုပ် မှု လုပ်ကွက်တွင် စွန့်ပစ်မြေထုမှာ ဒေသခံတောင်သူများ၏ လယ် ယာမြေများအပေါ်တွင် ဧရာမ အပုံကြီးဖြင့်မည်သို့မျှ လုပ်ကိုင် စားသောက်ခွင့်မရတော့ပါ။ ဤစီ မံကိန်းကြီးကို မြန်မာပြည်သူလူ ထုက အသိရှိရှိ၊ သတ်္တိရှိရှိ မတား ဆီးနိုင်ဘူးဆိုပါလျှင် မြန်မာပြည် သူလူထုတစ်ရပ်လုံး ကြီးမားလှစွာ သော ဒုက်္ခနှင့် ရင်ဆိုင်ကြရပါ တော့မည်။ မိမိတို့၏ ဘာသာရေး၊ ယဉ်ကျေးမှု၊ လူ့အခွင့်အရေးများ ဆုံးရှုံးနစ်နာနေရသည့်ကိစ္စဖြစ်နေ ပါ၍ အမျိုးသားရေး တာဝန်တစ် ရပ်အနေဖြင့် ဤစီမံကိန်းကြီးကို ရပ်တန်းကရပ်ဖို့ စုပေါင်းလုပ် ဆောင်ကြရပါမည်။

ဥယျာဉ်မှူး

News from : The Hot News Photo from : RFA
Post by : အေးချမ်းမွန်

By Aye Chan Mon

No comments:

Post a Comment