Thursday, 1 November 2012

အဆင့်မီ ဆေးတက္ကသိုလ်နှင့်အရည်ချင်းပြည့်ဆရာဝန်များမွေးထုတ်ရေး


ပြီးခဲ့သော (၁၀) ရက်ခန့်က Hot News ဂျာနယ်တွင် စာ (၁)ပုဒ်ဖန်လိုက်ရ သည်။ “ကူညီပါဦးသမ္မတကြီးခင်ဗျာ” ဟု ခေါင်းစဉ်တပ်ထားသည်။စာ၏ ပထမကော်လံတွင် ၂၀၁၀- ၂၀၁၂
ပညာသင်နှစ်၌ ပညာသင်ခြင်းရပ် စဲခံရသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၀) ခန့်ရှိသည်ဟု ရေးသား  ထားပြီး တတိယကော်လံတွင် ယခုပါမောက္ခချုပ်အုပ်ချုပ်သည့်ကာလအတွင်း ဆေး ကျောင်းမှ ပညာသင်ရပ်စဲခံရသာ ကျောင်းသား/သူအရေအတွက်မှာ စုစု ပေါင်း (၃၀) ကျော်မျှရှိသည်ဟု ထပ်မံတွေ့ ရပြန်သည်။ စာ (၁) ပုဒ်အတွင်းမှာပင် ယခုကဲ့သို့ကိန်းဂဏန်းများသိသိသာသာ  လွဲမှားနေခြင်းသည်ရေးသားသူ၏မမှန်ကန်  မှုကိုဖော်ပြနေပါသည်။
ကျွန်တော်လည်း မန္တလးဆေး တက္ကသိုလ်ကျောင်းဆင်းဆရာဝန်(၁)ဦး ဖြစ်ပါသည်။ လွန်ခဲ့သည့် (၂၅) နှစ်ခန့်က  ကျွန်တော်တို့ ဆေးတက္ကသိုလ်စရောက် တော့ သူငယ်ချင်းတွေ (၁၅၀) ကျော်ရှိ သည်။ ရန်ကုန်ဆေးတက္ကသိုလ် (၁) နှင့် (၂)ပါပေါင်းမှ စုစုပေါင်းဆေးတက္ကသိုလ် တက်ခွင့်ရသူ (၅၅၀) နီးပါးသာရှိပါသည်။ မန္တလးဆေးတက္ကသိုလ်တွင် အတူ ကျောင်းတက်ခဲ့သည့် သူငယ်ချင်းများထဲ မှ ဆရာဝန်ဖြစ်သွားသူဦးရေမှာ (၁၃၀) ခန့်သာရှိပါသည်။ ကျန်းမာရေးကြောင့်၊ ကျောင်းခေါ်ချိန်မပြည့်ဝမှု၊ စာမေးပွဲကျ ရှုံးခြင်းနှင့် နိုင်ငံရေးစွဲချက်များကြောင့် သူငယ်ချင်း (၂၀) ကျော် ကျန်နေခဲ့ပါ သည်။
ယနေ့ခေတ်တွင် မကွေးဆေးတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် ထပ်တိုးလာပြီး၊ ဆေးတက္ကသိုလ်များမှ လက်ခံသည့်စုစုပေါင်းကျောင်းသားဦးရေ မှာလည်း နှစ်စဉ် (၃၀၀၀) ကျော်ရှိနေပါ သည်။ ကျောင်းသားဦးရေနှင့် နှိုင်းယှဉ် လျှင် ယခုကဲ့သို့ပညာသင်ခြင်းရပ်စဲခံရ သည့်ဦးရေမှာအလွန်နည်းပါးလွန်းပါ သည်။
ရပ်စဲခံရသည့် ကျောင်းသားနှင့် မိဘများ၊ မိသားစုများဖက်မှ ကြည့်လျှင် နစ်နာ  သည်ဟု ယူဆနေပါလိမ့်မည်။ သို့သော် ပြဿနာ (၁) ခုကို စဉ်းစားလျှင် ရှုထောင့် (၂) ဖက်မှ စဉ်းစားရပါသည်။ကျန်သည့် ဖက်သည် မြန်မာပြည်သူများအတွက် စဉ်းစားရပါလိမ့်မည်။ ဆေးပညာသည် လူ့အသက်နှင့်ဆိုင်သည့် ပညာရပ်ဖြစ်ပါ သည်။ ဤပညာရပ်ကို ကျွမ်းကျွမ်းကျင် ကျင်သင်ယူတတ်မြောက်ခြင်းမရှိဘဲ ဆေး  ပညာဘွဲ့၊ ဆေးကုသခွင့်လက်မှတ်ထုတ် ပေး၍ မဖြစ်နိုင်ပါ။အရည်အချင်းမပြည့်ပဲ လူမှုရေးအရ  စဉ်းစား၍ သနားထောက်ညှာ၍ ဂရုဏာ ရှေ့ထား၍ ဘွဲ့ပေးခဲ့လျှင်၊ ဆေးကုသခွင့်  ပေးခဲ့လျှင် ထိုသူများကြောင့် လူအများ ဒုက်္ခရောက်ပါလိမ့်မည်။ ဆရာဝန်ဟူသည် စနစ်တကျမေးမြန်းစမ်းသပ်တတ်ရပါမည်။  လိုအပ်သည့် ဓာတ်ခွဲစမ်းသပ်မှုများကို လိုအပ်သလို လုပ်ဆောင်တတ်ရပါမည်။  ပြီးမှ ရောဂါအမည်ကိုဖော်ထုတ်ရပါမည်။  ရောဂါသိမှသာ သင့်တော်သောကုသမှု ကို ဆက်လက်လုပ်ဆောင်နိုင်ပါလိမ့်မည်။ဆေးပညာသည် ဆေးတက္ကသိုလ် ရောက်စပထမနှစ်မှနောက်ဆုံးနှစ်အပိုင်း (ခ) ထိ စဉ်ဆက်မပြတ်သင်ယူရသော ပညာဖြစ်ပါသည်။ အခြားတက္ကသိုလ်များ ကဲ့သို့ စာမေးပွဲနီးမှ ကျက်မှတ်ဖြေဆို၍ မတတ်မြောက်နိုင်ပါ။ ထို့ကြောင့် ကျွန်တော်တို့ခေတ်က ကျောင်းခေါ်ချိန် (၇၅) ရာခိုင်နှုန်းမပြည့်လျှင် စာမေးပွဲဖြေ ဆိုခွင့်လုံးဝမပြုခဲ့ပါ။ ယခင် အစိုးရလက် ထက်က အာဏာပိုင်အဖွဲ့အစည်းမှ ပုဂ်္ဂိုလ်  များ၏ ၀င်ရောက်စွက်ဖက်မှုကြောင့် ဆေးတက္ကသိုလ်မှ ဆရာကြီးများမှ စည်းကမ်းအတိုင်းလုပ်ဆောင်ခွင့်မရခဲ့ ကြောင်း ကြားသိခဲ့ဖူးပါသည်။ကျွန်တော်တို့ကျောင်းသားဘ၀က အမေရိကန်နိုင်ငံမှပြန်ရောက်စပါမောက္ခ ဒေါက်တာဦးခွန်အောက်ကြည်ပြောခဲ့သော စကား (၁) ခွန်းကို အမှတ်ရမိပါသည်။ “မန္တလေးဆေးတက္ကသိုလ်တွင် (၁) နှစ်လျှင်  ကျောင်းသား (၁၅၀) လက်ခံသည်” ဟု  ပြောပြသောအခါ “အလွန်ကြီးသော  ဆေးတက္ကသိုလ်ကြီးဟုပြောကြောင်း၊ ဤ မျှလက်ခံနိုင်သောဆေးတက္ကသိုလ်ကမ္ဘာ ပေါ်တွင် (၁၀) ခုမရှိကြောင်း” ပြောကြ သည်ဟုဆိုပါသည်။ ဆရာကြီးက ဆက် ပြောခဲ့ရာ “မင်းတို့ဂုဏ်ယူမနေကြနဲ့။ မင်း တို့က သင်ထောက်ကူပစ္စည်းအပြည့်အစုံ  မရှိပဲနဲ့ သင်နေရတာ၊ အရမ်းရှက်ဖို့ကောင်း  တယ်”ဟုဖြစ်ပါသည်။ ယနေ့ခေတ်ကဲ့သို့ ကျောင်းသား (၅၀၀) နဲ့ အချို့နှစ်များတွင်   (၇၀၀)ခန့်လက်ခံနေသည်ဆိုလျှင်ဆရာ ကြီး မည်သို့ပြောမည်နည်း။ ကျောင်းသား   အများဆုံးလက်ခံသောမြန်မာနိုင်ငံမှ ဆေးတက္ကသိုလ်များဟု “ဂင်းနစ်စာအုပ်” တွင် စံချိန်ထည့်သွင်းကြမည်လား။ စဉ်း စားသင့်ပါသည်။
ဆေးတက္ကသိုလ်တွင် ပြောလေ့ရှိ  သော စကား(၁) ခွန်းရှိပါသည်။ အတန်း စဉ်ကို နောက်ဆုံးအကြိမ်မှ စာမေးပွဲအောင်  ပြီး နောက်ဆုံးနှစ်အပိုင်း (ခ)၏ နောက် ဆုံးအကြိမ်စာမေးပွဲတွင် ချလိုက်လျှင် ကျောင်းသားမှာ နစ်နာတော့မည်မို့လူ တွေ့မေးမြန်းသည့်ဆရာကြီးကပြောသည့် စကားဟုဆိုပါသည်။ “ငါနှင့်တကွငါ၏ ဆွေမျိုးသားချင်းများကို ဆေးမကုပါဆို တဲ့ ကတိပေးရင်မင်းကိုအအောင်ပေးမယ်” ဟုဖြစ်ပါသည်။ ထိုကဲ့သို့သော ဆရာဝန်   တွေများလာလျှင် မြန်မာပြည်သူတွေ မည်သို့နေမည်နည်း။ စဉ်းစားစေလိုပါ သည်။ကျွန်တော်တို့ကျောင်းနေစဉ်က ကျောင်းခေါ်ချိန် (၇၅) ရာခိုင်နှုန်းမပြည့် လျှင် စာမေးပွဲဖြေဆိုခွင့်မပြုပါ။ ကျောင်း ခေါ်ချိန်ကို ဆရာများကိုယ်တိုင်ကောက် ပါသည်အထက်ပါစာတွင်အုပ်စုကျောင်းသားချင်းကောက်ယူသည်ဆိုသည့်စနစ်ကို  ပြုပြင်သင့်ပါသည်။ ကျောင်းသားချင်း ကောက်ယူသည့်စာရင်းတွင်လာသည့်  ကျောင်းသားကိုချန်ထားခဲ့မည်မဟုတ်ပါ။   ထို့ကြောင့် ကျောင်းခေါ်ချိန်မပြည့်သည့်  ကျောင်းသားများသည် အမှန်တကယ် ကျောင်းပျက်ခဲ့ကြောင်း သိသာပါသည်။D-barဆွဲရာတွင်လည်း ကျောင်းခေါ်   ချိန် (၅၀) ရာခိုင်နှုန်းမပြည့်မှ ဖြေဆိုခွင့်  မပြုကြောင်း ကြားသိရပါသည်။ လိုအပ် သည့်ထက်လျော့ပေါ့ပေးထားပြီးဖြစ်ပါ သည်။စာမေးပွဲအမှတ်ပေးသည့်စနစ်မှာ လည်း အလွန်ပင်မျှတပါသည်။  အခန်း (၁) ခန်းသင်ပြီးတိုင်း စာမေးပွဲများရှိသကဲ့ သို့၊ လက်တွေ့အတွက်လည်း အမှတ်ပေး ပါသည်။ စာသင်နှစ်၏နောက်ဆုံးစာမေး ပွဲတွင်လည်း ရေဖြေ၊ လက်တွေ့နှင့် လူတွေ့   နှုတ်ဖြေဟုဖြေဆိုရပါသည်။ အမှတ်ကို  ရာခိုင်နှုန်းဖြင့် မျှပေးသဖြင့် စာသင်နှစ် အတွင် ပုံမှန်ဖြေဆိုနေရသည့် စာမေးပွဲ  တိုင်းကို ဖြေဆိုရန်နှင့် အောင်မှတ်ရရန်  အရေးကြီးပါသည်။ နောက်ဆုံးစာမေးပွဲ  တွင်ပေးသည့်အမှတ်မှာ (၆၀) မှ (၇၀) ရာနှုန်းခန့်သာရှိသဖြင့် ယခင်စာမေးပွဲများ တွင် အမှတ်ကောင်းခဲ့လျှင် အလွယ်တကူ မကျရှုံးနိုင်ပါ။စာမေးပွဲကျလျှင်လည်း ကျသည့် ဘာသာရပ်ကိုသာ ပြန်ဖြေရပါသည်။ ကျောင်းသား (၁) ဦးလျှင် (၃) ကြိမ်ဖြေ ဆိုခွင့်ရှိပါသည်။ (ပုံမှန် (၁) ကြိမ်နှင့် ပြန်ဖြေဆိုခြင်း (၂) ကြိမ်)ကျောင်းကို (၇၅ ရာခိုင်နှုန်း)ပြည့်အောင်တက်ခဲ့သည့်ပုံမှန် စာကျက်သူကျောင်းသား(၁)ဦးအတွက် မည်သို့မျှ (၃)ကြိမ်မကျနိုင်ပါ။ကျောင်းသားဦးရေများလာသဖြင့် ဆရာများသည် ကျောင်းသားများကို (၁) ဦးချင်းစောင့်မကြည့်နိုင်ပါ။ တတိယနှစ် မှစ၍ လူနာများကို စမ်းသပ်ရပါသည်။ ကျောင်းသားဦးရေများလာသော်လည်း လူနာဦးရေမှာ များမလာပါ။ ပုဂ္ဂလိက  ဆေးရုံများပေါ်လာသဖြင့် နည်း၍ပင်သွား နိုင်ပါသည်။ စာကြိုးစားသူကျောင်းသား  များရှိသော်လည်း အချို့မှာ လုပ်ငန်းခွင် ထဲရောက်မှ ပြန်လည်သင်ကြားနေရပါ သည်။ ကျန်းမာရေးအဆင့်မြှင့်တင်ချင် လျှင် ဆရာဝန်၊ ဆရာမများ၏ အရည် အချင်းလည်း မြှင့်တင်ရပါမည်။ လူနာဦး ရေနှင့်ကိုက်ညီသောဆေးတက္ကသိုလ် ကျောင်းသားဦးရေသာလက်ခံသင်ကြား  သင့်ပါသည်။ ကျောင်းခေါ်ချိန်နှင့် စာမေး ပွဲစည်းကမ်းများကိုလည်း စာသင်နှစ်အစ ထဲက ရှင်းလင်းပြောကြားထားပြီး တိတိ ကျကျလုပ်ဆောင်သင့်ပါသည်။ကျွန်တော်သည် ဆေးသိပ္ပံဦးစီးဌာန တွင် မည်သည့်အခါကမျှ တာဝန်မထမ်း ဆောင်ဖူးပါ။ လက်ရှိ မန္တလေးဆေးတက္ကသိုလ်ပါမောက္ခချုပ်၏ စိတ်ဓာတ်၊ စည်း ကမ်း၊ စေတနာနှင့် ဆေးတက္ကသိုလ်တိုး တက်ရေး၊ ဆရာဝန်များအရည်အချင်းမြင့်  မားရေးဆောင်ရွက်ချက်များသည် (၂၅)  နှစ်အတွင်း ကြုံတွေ့ခဲ့ရသော ပါမောက္ခ ချုပ်များထဲတွင်အကောင်းဆုံး၊ အတော် ဆုံးဟုမပြောနိုင်လျှင်ပင်အကောင်းဆုံး၊ အတော်ဆုံးထဲက (၁) ဦးဟု ယုံကြည်ပါ သည်။ မန္တလေးဆေးတက္ကသိုလ်ဆင်း ဆရာဝန်အများစုကလည်း ဤအတိုင်း လက်ခံကြပါသည်။စာသင်ခြင်းရပ်စဲခံရသော ညီ၊ ညီမ ငယ်များကိုလည်း၊ မေတ္တာရပ်ခံလိုပါသည်။ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပါ။ အရှိကို အရှိအတိုင်း၊ အမှန်ကိုအမှန်အတိုင်းလက် ခံပါ။ ခုခေတ်မှာ ဆရာဝန်တွေ အလွန်ပေါ များနေပါသည်။ မြို့ပေါ်မှာ ကွမ်းယာဆိုင်၊  ဆေးဆိုင်၊ လက်ဖက်ရည်ဆိုင်များထက်  ဆရာဝန်ဆိုင်းဘုတ်က ပိုများပါသည်။ အစိုးရအလုပ်ကလည်းရဖို့မလွယ်၊ ရပြန် တော့လည်း နယ်စွန်းနယ်ဖျား၊ မကြာခဏ ပြောင်းရရွှေ့ရနှင့် အလွန်ပင်ပင်ပန်းဆင်း ရဲပါသည်။ စီးပွားရေးအနေနဲ့လည်း အဆင်မပြေကြပါ။ ဆေးကုသမှုလုပ်ငန်း (၁) ခုထဲဖြင့် ချမ်းသာသူ (၁၀၀) လျှင် (၁) ဦးပင်မရှိပါ။ အခြားစီးပွားရေးလုပ် ငန်းများလုပ်ငန်းများလုပ်မှသာ ကြီးပွားချမ်းသာနိုင်ပါသည်။
နိုင်ငံသစ်၊ စနစ်သစ်ဖြင့် ကြိုးစား တည်ဆောက်ချိန်တွင် ပညာရေး၊ ကျန်းမာရေးအဆင့်အတန်းမြင့်မားရန် အလွန်အရေးကြီးပါသည်။ ယခု မန္တလး  ဆေးတက်္ကသိုလ်တွင် လုပ်ဆောင်နေမှုများ  သည် ယခင်နှစ် (၂၀) ကျော်က အဆင့် အတန်းသို့ပြန်လည်ဆွဲတင်ရန် ကြိုးစားမှု  မျှသာရှိပါသေးသည်။ ဤမျှမက နိုင်ငံ တကာအဆင့်မီအောင်မြှင်တင်ရပါဦးမည်။ ပြည်သူအများစနစ်ကျသော၊ အဆင့်အတန်းမီကျန်းမာရေးစောင့်ရှောက်မှုရရှိလိုပါလျှင် နိုင်ငံအတွက် စေတနာဖြင့် ကြိုးပမ်းအား ထုတ်မှုများကို နှောင့်ယှက်ဟန့်တားမှု မပြုသင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

ဒေါက်တာထူးထူး

By Hot News Weekly

No comments:

Post a Comment