Thursday 1 November 2012

တော်ဝင်သစ် အချောထည်စက် ရုံမှ အလုပ် သမားများ အစာငတ်ခံဆန္ဒပြမှုဖြစ်ပွား


တော်ဝင်သစ် အချောထည်စက် ရုံမှ အလုပ်သမားများ ယနေ့နံနက်၉နာရီ မှစတင်ကာ အစာငတ်ခံဆန္ဒပြခဲ့ကြောင်း အလုပ်သမားများ ထံမှသိရသည်။
အဆိုပါအလုပ်သမားများသည် အောက်တိုဘာ၂၅ရက်နေ့မှအောက်တိုဘာ
၃၁ရက်အထိ(၇)ရက်ကြာစက်ရုံရှေ့တွင်ဆန္ဒထုတ်ဖော်ခဲ့ သော်လည်း ပြေလည်မှုမရ သဖြင့်အစာငတ်ခံ ဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်၊ဝါးတစ်ရာစက်မှုဇုန်ရှိတော်ဝင်သစ်အချောထည်စက် ရုံရှေ့တွင်အစာငတ်ခံဆန္ဒပြသူ၁ဝဦးအပါ အဝင် အလုပ်သမား၂၅ဝကျော် ဆန္ဒပြတောင်း ဆိုနေသည်ဟုသိရသည်။

''တော်ဝင်စက်ရုံကအလုပ်သ မားတွေဆန္ဒပြနေတာဒီနေ့နဲ့ဆို၈ရက်ရှိပြီ။ ညှိနှိုင်းလို့မရသေးတဲ့အတွက်အစာငတ်ခံ ဆန္ဒပြတဲ့ အထိဖြစ်လာ တာ။ အလုပ်သမား တွေကတောင်းဆိုတာတွေမရမခြင်းဆန္ဒ ဆက်ပြသွားမယ် လို့ပြောတယ်''ဟုအလုပ် သမား အခွင့်အရေး လှုပ်ရှားသူများမှ ဦးကျော်ကျော် ကပြောသည်။

ဆန္ဒပြအလုပ်သမားများကို ရပ်မိရပ်ဖဆိုသူများကလူစုလူဝေးဖြင့် လာရောက်ကာ စက်ရုံရှေ့မှဖယ်ပေးရန်နှစ် ကြိမ်တိုင် လာ ရောက် ပြောဆိုမှုများ ရှိနေ ကြောင်းသိရသည်။

''အောက်တိုဘာ ၃၁ရက်မှာ တစ်ကြိမ်၊နိုဝင်ဘာ ၁ရက်နေ့မနက်မှာတစ် ကြိမ်လူစုလူဝေးနဲ့ လာပြီးစက်ရုံပေါက်မှာဆန္ဒ မပြဖို့ ဖယ်ခိုင်း ပါတယ်။ လာရောက်ဖယ်ခိုင်း သူတွေက ရပ်မိရပ်ဖတွေ လို့ပြောပါတယ်။ အလုပ်သမားတွေက အခုထိဖယ်မပေး ပါဘူး'' ဟုဦးကျော်ကျော်က ဆက်လက်ပြောကြား သည်။

တော်ဝင်သစ်အချောထည် စက်ရုံလုပ်သားများ ကိုအပြင်ဆောက် လုပ် ရေးလုပ်ငန်းများ တွင်ခိုင်းစေခြင်းမပြုရန်သ ဘောတူ စာချုပ်ချုပ် ဆိုထားသော်လည်းအ ပြင်ဆိုဒ်သို့ပို့ခဲ့ကြောင်း၊ဆောက်လုပ်ရေး လုပ်ငန်းခွင် သို့အပို့ခံရသူများ ကမလုပ်နိုင် ၍ စက်ရုံသို့ပြန်လာ သည့်အခါစက်ရုံထဲသို့ဝင် ခွင့်မပေးသည့်အတွက်ဆန္ဒပြခြင်းဖြစ် ကြောင်းသိရသည်။

ယင်းကြောင့်အလုပ်သမား များကစက်ရုံအလုပ်ခွင်သို့ပြန်ဝင်ရေး၊စက် ရုံအလုပ် သမားများအားလုံးကိုအပြင်ဆိုဒ် သို့မပို့ရေး၊ အလုပ်ရှင် အလုပ် သမား သဘော တူစာချုပ်ချုပ်ဆိုရန်၊စည်းကမ်းသစ်များကို အလုပ် သမားများနှင့်ညှိနှိုင်းပြီးမှ သာထုတ် ပြန်ရန်နှင့် လူမှုဖူလုံရေးကတ်များ ထုတ်ပေး ရန် တောင်းဆိုကြောင်းသိရသည်။

By Yangon Media Group

No comments:

Post a Comment