Thursday 1 November 2012

ငြိမ်းချမ်းရေးလိုချင်လွန်းလို့


နိဒါန်းဟိုတစ်လောတုန်းက “တကယ်ငြိမ်း ချမ်းရေးလိုချင်တာလား၊ တကယ်ပြည်တွင်း  စစ်ရပ်စဲချင်တာလား။ တကယ်ရိုးသားမှုရှိ စွာဖြင့် တောင်းဆိုနေကြတာလား။ ဤမေးခွန်းကိုတော့ မေးလိုက်ချင်သည်”ဟု
ကျွန်တော်ရေးသားခဲ့ပါသည်။ နိဂုံးပိုင်းမှာ “ငြိမ်းချမ်းရေးအပေါ်သစ္စာရှိပါ။ ငြိမ်းချမ်း ရေးအပေါ်ရိုးသားပါ။ ငြိမ်းချမ်းရေးအပေါ် တရားမျှတစွာစဉ်စားပါ။ ပြည်သူလူထု၏ မျက်နှာကိုထောက်ထားကြပါ”ဟု မေတ္တာ  ဖြင့်တင်ပြခဲ့သည်။
ငြိမ်းချမ်းရေးကို ချစ်မြတ်နီုးတာအပြစ် လား။
အထက်ပါအတိုင်းရေးလိုက်တော့ လုပ်ဖော်ကိုင်ဖက်တွေက ငြိမ်းချမ်းရေး ခရီးစဉ်မှာ ဖြူခိုးတိမ်တောင်ဖုံးတာဟု မလိုလားသယောင်ပြောလာကြသည်။ ငယ်ငယ်ရွယ်ရွယ်တက်ကြွစဉ်ဘ၀က တစ်လှုပ်လှုပ်တစ်ရွရွကျွန်တော်၏တက်ကြွ မှုများကိုကြည့်ပြီး ငြိမ်းချမ်းရေးကြိုးပမ်းမှု မှာ လိုအပ်သည်များအကြံပေးသင့်သည် ဟု လုပ်ဖော်ကိုင်ဖက်များကပြောလာကြ သည်။ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ပဲခူးရိုးမတစ်ခွင်ပြဲပြဲစင် အောင်သားမေ့ယားမေ့တာဝန်ထမ်းဆောင် ခဲ့သောကျွန်တော်သည် တိုက်ပွဲပေါင်းများ  စွာ၊ စစ်ဆင်ရေးပေါင်းများစွာတွင် ပါဝင် တိုက်ပွဲဝင်ခဲ့သူဖြစ်ပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးကို စားပွဲပေါ်၊ အအေးခန်း  အတွင်း၊ ဈေးတော်ရုံကြီးများတစ်ခွင်မှ ငြိမ်းချမ်းရေးလိုချင်လှချည်ရဲ့ဟု အော်ဟစ် ငိုညည်းနေသူများထက် ကျွန်တော်၏ ငြိမ်းချမ်းရေးဆန္ဒသည်နည်းနည်းတော့ပို မည်ထင်ပါသည်။ တင်ပြနေသည်မှာ ငြိမ်းချမ်းရေးမလိုချင်၍မဟုတ်၊ ငြိမ်းချမ်း ရေးရယူပုံနည်းနာကို တင်ပြနေခြင်းဖြစ်ပါ သည်။ နည်းဗျူဟာမှားလျှင် မဟာဗျူဟာ ကိုထိခိုက်သည်၊ မဟာဗျူဟာထိခိုက်ပျက် စီးသောအခါရည်မှန်းချက်တစ်ခုလုံးပျက် စီးရတော့သည်။ သမိုင်းသင်ခန်းစာများ ကို ပြန်ကြည့်ကြပါ။
အဖြေမသိ သမိုင်းနှင့် ညှိ
လူတိုင်းလူတိုင်းမှာ သူ့သမိုင်းသူရှိ သည်။ လူမျိုးတိုင်းမှာလည်းသမိုင်းရှိသည်။ ငြိမ်းချမ်းရေးခရီးစဉ်တိုင်းမှာလည်း သမိုင်း ရှိသည်။ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးသမိုင်း   လမ်းကြောင်းသည် ဘာကြောင့်ဖြောင့်ဖြူး မှုမရှိရသလဲ။ ဘာကြောင့်ရှင်းရှင်းလင်း လင်းမရှိရသလဲ။ ဘာကြောင့်အဖြေမှန် မထွက်ရသလဲ။ မေးလေ၊ မေးလေ၊ အဖြေမှန်နှင့်ဝေးလေ ဝေးလေဖြစ်ခဲ့ရသည်။ ဘာကြောင့်လဲ အင်အားကြီးသည့်လက် နက်ကိုင်အင်အားစုတစ်ခုချင်းကိုကြည့်ကြ ရအောင်။
ကေအိုင်အေ၏ မူလနှင့် ဥပဓိရုပ်
၁၉၅၀ ပြည့်နှစ်  မြန်မာ့တပ်မတော်   အမှတ် (၁) ကချင်သေနတ်ကိုင်တပ်ရင်း မှ တောခိုသွားသောဗိုလ်နော်ဆိုင်း၏ စည်းရုံးမှုကြောင့် လားရှိုးမြို့မှကျောင်းသား  ဇော်ဆိုင်းတောခိုခဲ့သည်။ ဇော်ဆိုင်း၏ ညီဇော်ထူး၊ တပ်ထွက်လဖုန်းတူးဂျိုင်၊ တက္ကသိုလ်ကျောင်းသားလမာလာရိန်းတို့ နှင့်ပူးပေါင်းကာ ကေအိုင်အိုခေါ်ကချင် လွတ်လပ်ရေးအဖွဲ့ကို ၁၉၅၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ၎င်းင်းတို့သည် အခြားက ချင်လူငယ်များကိုစည်းရုံးပြီး အင်အား (၂၇)   ဖြင့် ကေအိုင်အေကချင်လွတ်လပ်ရေးတပ်  မတော်ကိုဖွဲ့စည်းခဲ့သည်။ လျှို့ဝှက်လှုပ်ရှား ခဲ့သော ထိုအဖွဲ့များသည် ၁၉၆၀ ပြည့် နှစ်တွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ   အဖြစ်ပြဋ္ဌာန်းခြင်းကို မကျေနပ်သည်မှစ ၍ ဗြောင်လှုပ်ရှားခဲ့သည်။ ၁၉၆၀ ပြည့် နှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် လားရှိုးငွေတိုက်ဖောက်ပြီး ငွေများယူ ဆောင်ကာ နိုင်ငံတော်အစိုးရကိုအတိ အလင်းပုန်ကန်ခဲ့သည်။
ရှမ်းလက်နက်ကိုင်တို့ လာရာလမ်း
“ရှမ်းသောင်းကျန်းသူအစ ပဒေသရာဇ် စော်ဘွားများ အာဏာစွန့်ရချိန်က”ဟု ပြောလျှင် မှားမည်မထင်ပါ။ နွံစစ်ဟန် (ခေါ်)ရဲရင့်သောရှမ်းလူငယ်များအဖွဲ့၊ တိုင်းနွမ်း (ခေါ်) ရှမ်းလူငယ်အဖွဲ့၊ တိုင်း လုံ (ခေါ်) ရှမ်းလူငယ်တပ်ဦးစသည်ဖြင့် လျှို့ဝှက်စွာဖွဲ့စည်းခဲ့သည်။ ၎င်းအဖွဲ့သည် ပဒေသရာဇ်ဆန့်ကျင်ရေးလမ်းကြောင်းမှ ဗမာမုန်းတီးရေးနှင့် ပြည်ထောင်စုမှခွဲထွက်  ရေးအဖြစ် လမ်းပြောင်းလှုပ်ရှားခဲ့သည်ဟု  ပြည်တွင်းသောင်းကျန်းသူသမိုင်းစာပေ များတွင် ဖော်ပြကြသည်။ ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့တွင် စိုင်းနွဲ့ခေါင်းဆောင် ပြီး “နွံစစ်ဟန်” အဖွဲ့ကို ဖွဲ့စည်းသည်။ ၎င်းင်း  အဖွဲ့တွင် စိုင်းနွဲ့၊ စိုင်းထွန်းအား၊ ခွန်သော်   တာ၊ ခွန်ကြာနု၊ စိုင်းလှအောင်၊ စိုင်းကျော် ထွန်းတို့ခေါင်းဆောင်ပါဝင်သည်။ ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် စိုင်းနွဲ့ခေါင်းဆောင်သည့်နွံစစ်ဟန်းအဖွဲ့ သည်ပုံပါကျင်စခန်းကိုတိုက်သည်။ “ရှမ်း ပြည်တော်လှန်ရေးစပြီ”ဟု ကြွေးကြော်ကာ  ပြည်တွင်းသောင်းကျန်းမှုကို လက်နက်ကိုင်  တိုက်ပွဲအဖြစ်စတင်ခဲ့သည်။ ၁၉၅၉ ခုနှစ်  နိုဝင်ဘာလ (၂၂) ရက်နေ့တွင် စိုင်းကျော်  ထွန်းခေါင်းဆောင်သောရှမ်းသောင်းကျန်း သူအဖွဲ့သည် စစ်ရဲတောခိုဗိုလ်မောင်နှင့် ပေါင်းပြီး တန့်ယန်းမြို့ကို တိုက်ခိုက်သိမ်း ပိုက်သည်။ ဒီဇင်ဘာလ (၁) ရက်နေ့တွင် မိမိတပ်မတော်မှပြန်လည်သိမ်းပိုက်နိုင်ခဲ့ သည်။ နွံစစ်ဟန်အဖွဲ့သည်တစ်နှစ်ခန့် ကြာသော မြောက်ပိုင်းမှာ စိုင်းလှ အောင် ခေါင်းဆောင်သည့်  SSIA (ခေါ်) ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော်။ ကျိုင်းတုံဒေသမှာ ဦးကုဏ္ဍလခေါ် ငါး ခမ်းဦးစီးသည့် စစ်ဟန် စစ်တိုင်း(ခေါ်) ရှမ်းအမျိုးသားတပ်မတော်၊ ရှမ်းပြည် တောင်ပိုင်း စိုင်းနွဲ့ခေါင်းဆောင်သည့် နွံ့ စစ်ဟန်(ခေါ်) ရဲရင့်သော ရှမ်းလူငယ် အဖွဲ့ဟူ၍ (၃)ဖွဲ့ကွဲသွားသည်။ ၁၉၆၄ ခုနှစ်တွင် မဟာဒေ၀ီသည် ထိုင်းနိုင်ငံ မဲဆောက်သို့ ထွက်ခွာသွားခဲ့သည်။ ထို အချိန်တွင် မူလ မရှမ်းလက်နက်ကိုင်အင် အားစု (၃)ဖွဲ့အပြင် ဟိုမိန်းအဖွဲ့ ထပ်မံ တိုးလာသဖြင့် (၄)ဖွဲ့ဖြစ်သည်။ ဤ ကား အစပိုင်းတည်း။
ကရင်လက်နက်ကိုင်လှုပ်ရှားမှုအစ
၁၉၄၇ခုနှစ်တွင် စောဘဦးကြီးက ကေအင်ဒီအို(ခေါ်) ကရင်အမျိုးသား အစည်းအရုံးနှင့် ကေအင်ယူ ဖွဲ့စည်းကာ ကရင်သီးခြား ပြည်နယ်ရရှိရေး တောင်း ဆိုရာမှ ပြည်မဆန့်ကျင်ရေး စတင်သည်။ ၁၉၄၈ခုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင် သထုံကို တိုက်ခိုက်ရာမှ လက်နက်ကိုင် လှုပ်ရှားမှုစတင်သည်။ ထိုစဉ်က ကရင် သောင်းကျန်းမှုသည် သထုံ၊ မော်လမြိုင်၊ တောင်ငူ၊ အင်းစိန်၊ မြစ်ဝကျွန်းပေါ် နေ ရာအနှံ့ပေါ်ပေါက်ခဲ့သည်။ တပ်မတော် ၏ ထိုးစစ်ကြောင့် ကေအင်ဒီအို ခေါင်း ဆောင် စောဘဦးကြီး ကျဆုံးခဲ့သည်။ ၁၉၅၉ခုနှစ်တွင် မဒတ(ခေါ်) အမျိုးသား ဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစုကို ဗကပ၊ ကရင်၊ ကရင်နီ ပူးပေါင်းဖွဲ့စည်း သည်။ ၁၉၆၃ခုနှစ် ဇွန်လ (၁၁)ရက်တွင် မူဘိုးကော်ကဆာစောဟန်တာသာမွှေး ခေါင်းဆောင်သည့် (ကေအာရ်စီ) ကရင် တော်လှန်ရေးကောင်စီ အလင်းဝင်သည်။ ၁၉၆၈ ခုနှစ် ဇွန်လ (၂၁)ရက်တွင် မန်းဘဇံနှင့် ဗိုလ်မြပေါင်းပြီး ကေအင်ယူ တပ်ဦးကို ဖွဲ့စည်းသည်။ ၁၉၇၀ ပြည့်နှစ် စက်တင်ဘာလတွင် ကေအင်ယူတပ်ဦး သည် ဗကပနှင့် ဆက်သွယ်သည်။ မန်းဘဇံဦးဆောင်ကာ ပဲခူးရိုးမသို့ ရွှေ့ ပြောင်းခိုအောင်းခဲ့သည်။ ၁၉၇၅ခုနှစ် မတ်လ(၁၅)ရက်တွင် ဗကပ ပြိုကွဲသွား ချိန်မှာ ကေအင်ယူတပ်ဦးသည် ရွှေကျင်၊ ကျောက်ကြီးနယ်မြေသို့ ပြန်လည်ခိုဝင် ခဲ့သည်။ ၁၉၇၆ခုနှစ် သြဂုတ်လတွင် ကေအင်ယူကို ဗိုလ်မြလုံးဝချုပ်ကိုင်နိုင်ခဲ့ သည်။ မန်းဘဇံကို ဖယ်ထုတ်နိုင်ခဲ့သည်။  ၁၉၇၈ခုနှစ်မှစ၍ ပြည်ပြေး ရဲသီဟ စခန်း ဖလူးစခန်း၊ ကြယ်ဝါစခန်းတို့ကို တိုက် ခိုက်သိမ်းယူခဲ့သည်။ ထိုစခန်းများအပါ အ၀င် မာနယ်ပလော၊ မော်ဖိုးကေ၊ မဲလ၊ ဖလူး၊ သေဘောဘိုး၊ ဝေါလေ စသော ကရင်သောင်းကျန်းသူဌာနချုပ်နှင့် တပ် မဟာဌာနချုပ်များကို ၁၉၉၅ခုနှစ်တွင် မိမိတပ်မတော်မှ တိုက်ခိုက်သိမ်းပိုက်နိုင် ခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်အင်အားစု များအပေါ်ခြေရာကောက်သော်
လက်နက်ကိုင်လှုပ်ရှားမှုတိုင်းတွင် နိုင်ငံရေးတောင်းဆိုမှုပါဝင်သည်ကို တွေ့ ရသည်။ လက်နက်ကိုင် ဆန့်ကျင်ရေး လှုပ်ရှားမှု လုပ်တိုင်း နိုင်ငံတော်အပေါ် ကျူးလွန်ဖောက်ဖျက် တိုက်ခိုက်မှုတစ်ခု ပြုလုပ်လေ့ရှိကြောင်း တွေ့ရသည်။အခက်အခဲကြုံတိုင်း မည်သည့် အင်အားစု နှင့်မဆို ပူးပေါင်းသွားလေ့ရှိကြောင်း တွေ့ရသည်။ အခက်အခဲပြည်သူလူထု သည် ပြည်တွင်းစစ်ခရီးစဉ်တစ်လျှောက် လုံး သေကြသူများအပါအ၀င် အတိ ဒုက္ခ ပေါင်းစုံရောက်ခဲ့ကြသည်ကို တွေ့မြင်ရ သည်။ ဤအချက်များသည် စာရေးသူ၏ သုံးသပ်ချက်မဟုတ်၊ သမိုင်းဖြစ်စဉ်မှ ဖော် ထုတ်ချက်ဖြစ်သည်။
အထက်ပါတွေ့ရှိချက်အရ ငြိမ်းရေးချမ်း   ဘယ်လိုဆွေးနွေးမလဲ။
တကယ်ငြိမ်းချမ်းရေးကိုလိုခြင်ကြသ လား။ တကယ်ပြည်သူလူထုအပေါ်မေတ်္တာ  စေတနာထားကြသလား။ ပြည်သူ့ဆန်္ဒနှင့်  အညီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ချမှတ်ဆောင် ရွက်ကြပါသလား။ နှစ်ဖက်ခေါင်းဆောင်   အချို့၏လိုအင်ထက်တကယ့်ပကတိအဖြေ ပေးမှုအတိုင်း ငြိမ်းချမ်းရေးဆောင်ရွက်ချင်  ကြပါသလား။ ကျွန်တော်အပြန်ပြန်အလှန် လှန်စဉ်းစားနေမိသည်။ ပြည်တွင်းစစ်ကြောင့်  လူ့အသက်ပေါင်းများစွာဆုံးရှုံး၊ ပစ္စည်းဥစ္စာ များဆုံးရှုံး၊ အချိန်နာရီတွေဆုံးရှုံး၊ ချစ်ခင်   သူတွေဆုံးရှုံး၊ အေးချမ်းသာယာရေးတွေ ဆုံးရှုံး၊ လူငယ်များပညာရေး၊ ကျန်းမာရေး၊  ယဉ်ကျေးမှုများဆုံးရှုံး၊ ပြည်သူ့အနာဂတ် တွေဆုံးရှုံး၊ ပြည်သူ့မျှော်လင့်ချက်တွေ  ပျောက်ဆုံးနေသည်မှာ လွန်စွာဝမ်းနည်း စရာကောင်းလှသည်။ မိမိသားသမီးများ ရန်ဖြစ်လျှင် မိဘများဘာလုပ်ကြမလဲ။ လုပ်လေ့လုပ်ထရှိသေဓလေ့တစ်ခုကတော့  ရန်ပွဲမကြီးထွားမီ ရန်ဖြစ်သူသားသမီးများ ကို “ဟေ့ရန်မဖြစ်ကြနဲ့”ဟု ပထမဆုံးပြော ကြမည်ဖြစ်သည်။ ပြီးတော့မှ ဘာကြောင့်  ရန်ဖြစ်ကြတာလဲဟု ရန်ဖြစ်ရခြင်းအကြောင်း ရင်းကိုဖော်ထုတ်ပြီး ဖြေရှင်းပေးရင်းရန်ပွဲ ကိုပြီးငြိမ်းစေည်မဟုတ်ပါလား၊ ဤသို့ဆို လျှင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေးပထမဆုံးလုပ်ရန်မလို အပ်ဘူးလား။ အောက်ပါအတိုင်းဆောင် ရွက်နိုင်သော် အကျိုးတစ်စုံတစ်ရာရနိုင်၊ မရနိုင်စဉ်းစားသုံးသပ်အဖြေထုတ်ပေးကြ ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ပထမအဆင့် အပစ်ရပ်စဲရေး
၁။ နှစ်ဘက်အပစ်အခတ်ရပ်စဲရေး အမြန် ဆုံးဆောင်ရွက်ရန်။
၂။ နှစ်ဘက်လှုပ်ရှားတပ်များသည် လှုပ် ရှားမှုမပြုဘဲ ရပ်တန့်ထားရန်။
၃။ ၂၀၁၂ ခုနှစ်အတွင်း ရှိပြီးနှစ်ဘက် အခိုင်အမာစခန်းများအား နောက်ထပ်တိုး ချဲ့မှုမပြုလုပ်ရန်။
၎။ နှစ်ဘက်လက်နက်ကိုင်များ ညှိနှိုင်းနိုင် ရန် အရေးကြီးနေရာများတွင် ဆက်သွယ်  ရေးစခန်းများထူထောင်ရန်။
၅။ ဆက်သွယ်ရေးစခန်းတာဝန်ခံများသို့ လုံလောက်သောလုပ်ပိုင်ခွင့်များသတ်မှတ်  ပေးထားရန်။
၆။ ဆက်သွယ်ရေးစခန်းတာဝန်ခံများ၏ လုပ်ပိုင်ခွင့်ထက်ကျော်လွန်ဆောင်ရွက်လို သော လုပ်ငန်းများကိုနှစ်ဘက်မည့်သည့် အဆင့်မှ ဆောင်ရွက်ရမည်ကို ကြိုတင် သတ်မှတ်ထားရန်။
၇။ သဘောတူညီချက်အားလုံးကို အောက်ခြေရဲဘော်အဆင့်ထိ သိရှိလိုက် နာနိုင်အောင်၊ နှစ်ဘက်တာဝန်ရှိသူများမှ ဆောင်ရွက်ပေးရန်။
၈။ သတ်မှတ်နယ်မြေမှ ကျော်လွန်ခရီးသွား  လိုပါက လက်နက်မဲ့ခရီးသွားရမည့်ဒေသ နှင့် ခွင့်ပြုရမည့်နည်းလမ်းများသတ်မှတ် ပေးရန်။
ဒုတိယအဆင့် နိုင်ငံရေးဆွေးနွေးရေး
၁။ ပင်လုံသဘောတူညီချက်ဟူ၍ ခြုံငုံပြော  နေသောအဓိပ္ပာယ်နှင့် အယူအဆကို သဲသဲ ကွဲကွဲသိအောင် ကြိုတင်ဆွေးနွေးအဖြေ ရှာရန်။
၂။ ပြည်သူ ၉၂ ရာခိုင်နှုန်းကျော်၏ ထောက်ခံချက်ဖြင့်အတည်ပြုထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေသည် ငြိမ်းချမ်းရေးလမ်းမှာ အခက် အခဲဖြစ်နေကောင်းဖြစ်နေပါက အကောင်း  ဆုံးနည်းလမ်းဖြင့် ညင်သာစွာညှိနှိုင်းရှာ ဖွေကြရန်။
၃။ ယခင်အစိုးရများလက်ထက်ကထက် ပြည်နယ်အစိုးရများသို့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပေးထားသောအခွင့် အရေးများနှင့် လုပ်ပိုင်ခွင့်များကို မည်မျှ တိုးမြှင့်ချဲ့ထွင်သင့်သည်ကို နှစ်ဘက်ညှိ နှိုင်းအဖြေရှာရန်။ (ဖွဲ့စည်းအုပ်ချုပ်ပုံအခြေ  ခံဥပဒေနောက်ဆက်တွဲဇယားများကြည့်)
၎။ ပြည်ထောင်စုအစိုးရ၏တာဝန်သည် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏လုပ်ပိုင်  ခွင့်များနှင့် ခြားနားရမည်ကို နှစ်ဘက်ဆွေး  နွေးသူများ သဘောပေါက်စွာသိရှိအဖြေ  ရှာကြရန်။
တတိယအဆင့်ဒေသခံပြည်သူများအတွက်  ဖွံ့ဖြိုးတိုးတက်ရေးနှင့်ကယ်ဆယ်ရေး
၁။ တတိယအဆင့်ဟုဆိုသော်လည်း ဒုတိယအဆင့်ဆောင်ရွက်နေချိန်မှာပင် ဖွံ့ဖြိုးရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ကို တစ်ချိန်တည်းဆောင်ရွက်ရန်။
၂။ လတ်တလောအစာရေစာလုံလောက်  ရေး၊ ကျန်းမာရေး၊ နေရာချထားရေး ဦးစားပေးဆောင်ရွက်ရန်။
၃။ ဒေသ၏ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုး  ရေးကိစ္စများ ဆောင်ရွက်ရန်။ (အကြံပြု ချက်များသည်အကြံပြုချက်သာဖြစ်သဖြင့် လိုသလိုဖြည့်စွက်ဆောင်ရွက်ပါက ပိုမို ထိရောက်အောင်မြင်မည်ဟုယူဆပါသည်။)
နိဂိုး
အထက်ပါတင်ပြချက်များကြောင့် ကျေနပ်ဝမ်းမြောက်သူများ ရှိနိုင်သကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အနှောက် အယှက်ဖြစ်သည်ဟူ၍ မလိုလားသူများ ရှိကောင်းရှိနိုင်ပါသည်။ ပြည်တွင်းငြိမ်းချမ်း  ရေးနှင့် လက်နက်ကိုင်တိုက်ပွဲများ ချုပ်ငြိမ်း  ရေးအတွက် မေတ္တာဖြင့်တင်ပြခြင်းဖြစ်ပါ ကြောင်း နားလည်ခွင့်လွှတ်ကြစေကြောင်း တောင်းပန်ရင်းနိဂိုးချုပ်ပါသည်ခင်ဗျား။

(စိန်ဝင်းအောင်-မန္တလေး)

By Hot News Weekly

No comments:

Post a Comment