Thursday 1 November 2012

တကျော့ပြန် ရခိုင်ပြည် ပဋိပက္ခ တွင် နောက်ကွယ်မှ ကြိုးကိုင်သော လူပုဂ္ဂိုလ် နှင့် အဖွဲ့ အစည်း များကို ဖော်ထုတ် တွေ့ရှိ

တကျော့ပြန် ဖြစ်ပွားလာသောရခိုင် ပြည်နယ် ပဋိပက္ခ တွင် လူစု
လူဝေးဖြင့် ခြိမ်းခြောက်ခြင်း၊အကြမ်း ဖက်ခြင်း၊ တိုက်ခိုက်ခြင်း၊
မီးရှို့ ဖျက်ဆီး ခြင်း ကိစ္စများတွင် တစ်ဖက် အဖွဲ့အစည်း မှာ ကြိုတင် ပြင်ဆင်ခြင်း၊ အသေးစိတ် စီစဉ်ခြင်း၊

ဒေသန္တရ လုပ် လက်နက် များဖြင့် အချိန်ကိုက် ပူးပေါင်း လှုပ်ရှားဆောင်ရွက်
ခြင်းများ တွေ့ရှိ ရသည့် အပြင်၊

နိုင်ငံရေး အဖွဲ့ အစည်း နှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်း များပါ ပါဝင်
ပတ်သက်မှု ရှိနေ သကဲ့သို့၊ အခြား တစ်ဖက် အဖွဲ့အစည်းမှလည်း အချို့သော
ပြည်တွင်း ပြည်ပ အဖွဲ့ အစည်းများ ပါဝင် ပတ်သက် နေသည့် အထောက် အထား
များကို တွေ့ရှိ ရကြောင်း နိုင်ငံတော် သမ္မတ ရုံးက ယနေ့ည ၈နာရီတွင် သတင်း
ထုတ်ပြန် လိုက်သည်။

လူ ၈၉ ဦး သေဆုံးပြီး ၁၃၀ ကျော် ဒဏ်ရာ ရရှိခဲ့သော အဆိုပါ တကျော့ပြန် ပဋိပက္ခ
ဖြစ်စဉ် များတွင် လက်နက် ငယ် ၁၈၀ ကို သိမ်းဆည်း ရမိ ခဲ့ပြီး လက်နက် ပြုလုပ်သူ
အချို့နှင့် သက်သေခံ ပစ္စည်း များကိုပါ ဖမ်းဆီး ရမိ ခဲ့ကြောင်း၊ လက်ရှိ အခြေ အနေတွင်
ပြည်သူ လူထု၏ အသက် အိုးအိမ် စည်းစိမ်များ ထိခိုက် နစ်နာမှု မဖြစ်ပေါ် စေရေး
အတွက် နောက်ကွယ်မှ ကြိုးကိုင် လှုပ်ရှား နေသော လူပုဂ္ဂိုလ် အဖွဲ့ အစည်း များ
အား ထိရောက်စွာ အရေး ယူမည် ဖြစ်ကြောင်း ယင်း ကြေညာ ချက်တွင်
ဆက်လက် ဖော်ပြသည်။

ရခိုင်ပြည်နယ် တွင် ဖြစ်ပွား နေသော ပဋိပက္ခ များအား ထိန်းသိမ်းရန် အတွက်
မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ အင်အား ၅၀၀၀ ကျော်၊ နစက တပ်ဖွဲ့ဝင် အင်အား
၁၀၀၀ ကျော် နှင့် တပ်မတော် တပ်ရင်း ၅၁ ရင်း တို့ လုံခြုံရေး တာဝန်
ထမ်းဆောင်လျက် ရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ၏
facebook စာမျက်နှာ တွင် ဖေါ်ပြသည်။

သတင်း ထုတ်ပြန်ချက် အပြည့် အစုံ ကို ဖတ်ရှုရန် -

http://www.president-office.gov.mm/briefing-room/news/2012/10/31/id-1674

ရွှေမြန်မာ

No comments:

Post a Comment