Thursday 1 November 2012

မှောင်ခို ကုန်ပစ္စည်းတွေကို ဖမ်းတော့မယ်


မြန်မာနိုင်ငံမှာ အဓိက ကုန်သွယ်ရေး လမ်းကြောင်းကြီးတွေ ဖြစ်တဲ့ ရန်ကုန်- မြ၀တီ၊ မူဆယ်- မန္တလေး ကုန်သွယ်လမ်းကြောင်းမှာ တရားမ၀င် ကုန်စည်တွေကို ဖမ်းဆီးထိမ်းသိမ်းတော့မှာဖြစ်ပါတယ်။


တရားမ၀င် ကုန်သွယ်မှု လျော့နည်း ကျဆင်းရေးနဲ့ စားသုံးသူတွေကို အကာအကွယ်ပေးဖို့အတွက် အခုလို စီမံချက်တွေနဲ့ ဖမ်းဆီး အရေးယူမှုတွေလုပ်ဆောင်သွားဖို့ စီးပွား ကူးသန်း ၀န်ကြီးဌာနက လုပ်ဆောင်မယ့် အစီအစဉ်ကို ထုတ်ပြန်လိုက်တာပါ။





သတင်းစာများမှာ ဖော်ပြထားတဲ့ အဆိုပါ သတင်းထုတ်ပြန်ချက်များ

ဝန်ကြီးဌာနက သက်ဆိုင်ရာ ဆက်စပ်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ Mobile Team တွေနဲ့ တရား မ၀င် ကုန်စည်တွေကို ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သတင်းစာတွေ မှာ ဖော်ပြထားပါတယ်။

ဒီလို လုပ်ဆောင်မယ့် ကိစ္စတွေကို ရှင်းလင်းပွဲတွေ လုပ်ပြီး ဆွေးနွေးပြောကြားမှုတွေလည်း လုပ်ဆောင် ထားပြီးဖြစ်ပါတယ်တဲ့။

နိုင်ငံတော်ကို အခွန်မဆောင်တဲ့ ကုန်ပစ္စည်း၊ တရားဝင် သွင်းကုန်၊ ပို့ကုန် လိုင်စင်မရှိပဲ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတိုင်းကို တရားမ၀င် ကုန်ပစ္စည်းတွေအဖြစ်သတ်မှတ် ဖမ်းဆီး အရေးယူသွားကြတော့မှာမို့ နယ်စပ် ကုန်သွယ်မှု လမ်းကြောင်းတွေ အခြေအနေ ဘယ်လို ဆက်ရှိလာမလဲ ဆိုတာ စောင့်ကြည့်ရ မှာဖြစ်ပါတယ်။

By Irrawaddy

Photo - မူဆယ်-မန္တလေး လမ်းပေါ်တွင် တွေ့ရသည့် ကုန်များတင်၍ သယ်ဆောင်သွားနေသော လူစီးယာဉ် တစီး (ဓာတ်ပုံ – ဧရာဝတီ)

No comments:

Post a Comment