Thursday 1 November 2012

အရွယ်မရောက်သေးသော မြေးကို အဘွားဖြစ်သူက ပြည့်တန်ဆာ အဖြစ် စေခိုင်းမှု တာမွေတွင်ဖြစ်ပွား


အသက် ၁၂ နှစ်အရွယ် မိန်းမငယ်တစ်ဦးအား ၄င်း၏ အဘွား ဖြစ်သူက မိဘများမသိစေဘဲ ပြည့်တန်ဆာအဖြစ်စေခိုင်းခဲ့မှုဖြင့် တာမွေရဲစခန်းမှ အောက်တိုဘာလ ၂၈ ရက်နေ့တွင်
အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၁၁နာရီ အချိန် က ဒဂုံမြို့သ စ်မြောက်ပိုင်း ၃၅ ရပ် ကွက်တွင် နေထိုင်သူ ဒေါ်…က တာမွေရဲစခန်းသို့ ဖုန်းဆက်၍ ၄င်း၏သမီးဖြစ်သူအသက် ၁၂ နှစ် အရွယ်ရှိ မ….သည် တာမွေ မြို့နယ်၊ ဖိုးစိန်လမ်း ရှိ Green Hill ဟိုတယ်တွင် ရောက်ရှိနေကြောင်း၊ ၄င်းအား ပို့ဆောင်ခဲ့သူများက လာရောက်ခေါ်ဆောင်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည့်အတွက် တာဝန်ရှိသူများက အဆိုပါ ဟိုတယ်သို့ သွားရောက်စစ်ဆေး ခဲ့ကြောင်း ထိုသို့သွားရောက် စစ်ဆေးရာ၌ မ…အား အဆိုပါဟိုတယ်ရှိ အခန်းအမှတ် ၄ဝ၈ တွင်၎င်း၏အဘွားဖြစ်သူဒေါ်…၊ တာမွေမြို့နယ်တွင် နေထိုင်သူ ဒေါ်…၊ဒဂုံမြောက်တွင်နေထိုင်သူ ဒေါ်…တို့နှင့်အတူတွေ့ရပြီး ၄င်း တို့အားစစ်ဆေးမေးမြန်းခဲ့ကြောင်၊ အဘွားဖြစ်သူ၏ ပြောကြားချက် အရ ၄င်းသည်ဒဂုံမြောက်မ
ှ ဒေါ် ….၏ဆက်သွယ်ပေးမှုဖြင့် တာမွေတွင်နေထိုင်သူ ဒေါ်…ထံ မှ ငွေကျပ် ၂၇၅ဝဝဝ ယူကာ အောက်တိုဘာ ၂၇ရက်နေ့ ညပိုင်း တွင် မြေးဖြစ်သူအား Green Hill ဟိုတယ်၊ အခန်းအမှတ်(၄ဝ၈)တွင် တည်းခိုနေသောကို…ထံ ပြည့်တန်ဆာအလို့ငှာ ပေးအပ်ခဲ့သည်ဟုပြောကြောင်း ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ပြည့်တန်ဆာအဖြစ် စေခိုင်းခံ ရသူက ဆက်ဆံမည့်သူ ကို… အား အသက် ၁၂ နှစ်သာရှိသေး ကြောင်း၊ မိဘမသိကြောင်း ပြော ပြခဲ့ရာ ကို….ဆိုသူက အဆိုပါ မိန်းကလေးငယ်အား သနားသဖြင့် ငွေနှစ်သောင်းမုန့်ဖိုးပေး၍ ဘာမှ မလုပ်ဘဲ ဟိုတယ်မှထွက်ခွာသွား ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။အဆိုပါ အမှုနှ င့်ပတ်သက်၍ တာမွေရဲစခန်းမှ အရွယ်မရောက် သေးသူ အား ပြည့်တန်ဆာအလို့ငှာ အခကြေးငွေရယူ၍ စေခိုင်းခဲ့သော အမျိုးသမီးသုံးဦးအား (ပ)၁၂၆၉/ ၁၂၊ ပုဒ်မ (၃၇၂)ဖြင့်ဖမ်းဆီး အရေး ယူထားကြောင်းသိရသည်။

PN-020


အသက် ၁၂ နှစ်အရွယ် မြေးဖြစ်သူကို ပြည့်တန်ဆာ အဖြစ်ပြုလုပ်ရန်ခိုင်းစေ သည့် အဖွားနှင့် အပေါင်းအပါ နှစ်ဦးကို မိခင်ဖြစ်သူက ရဲစခန်းသို့တိုင်ကြား 

Wednesday, 31 October 2012 15:38

အသက် ၁၂ နှစ်အရွယ် မြေးဖြစ်သူကို အဖွားနှင့် အပေါင်းအပါနှစ်ဦးတို့မှ ငွေကြေးရယူကာ ပြည့်တန်ဆာအဖြစ် ပြုလုပ်စေခိုင်းမှုကြောင့် မိခင်ဖြစ်သူမှ ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရှိရသည်။

အဖွားဖြစ်သူက သုနန္ဒာလမ်း သွယ် ဇ/ ရပ်ကွက်မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦး၏ ဆက်သွယ်ပေးမှုဖြင့် တာမွေမြို့နယ်တွင် ဖွင့်လှစ်ထားသော အလှပြင်ဆိုင်မှ အမျိုးသမီးတစ်ဦးထံမှ ငွေကျပ် ၂၇၅,၀၀၀ ကို ရယူခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ ညနေပိုင်းတွင် အဖွားဖြစ်သူက အလှပြင်ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်နန်းဦးနှင့် မြေးဖြစ်သူကိုအတူထည့်ပေးလိုက်ရာ တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ဖိုးစိန်လမ်းရှိ ..... ဟိုတယ် အခန်းအမှတ် ၄၀၈ တွင် တည်းခိုနေသူ အမျိုးသားတစ်ဦးထံမှ ငွေကျပ် ၅၀၀,၀၀၀ ဖြင့် ပြည့်တန်ဆာလုပ်ကိုင်ရန် အပ်နှံခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ငွေကြေးရယူပြီး အရွယ်မရောက်သေးသူအား ပြည့်တန်ဆာအဖြစ်ခိုင်းစေခဲ့သည့်အတွက် အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီတွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေး၏မိခင်ဖြစ်သူက တာမွေမြို့နယ် ရဲစခန်းသို့ ဖုန်းဆက်တိုင်ကြားသဖြင့် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ အရွယ်မရောက်သေးသူကလေးသူငယ်အား ပြည့်တန်ဆာကိစ္စအလို့ငှာ ငွေကြေးရယူပြီး စေခိုင်းသူများအား တာမွေမြို့နယ်ရဲစခန်း (ပ)၁၂၆၉/ ၂၀၁၂ ပုဒ်မ ၃၇၂ ဖြင့် အမှုဖွင့်ပြီးကျူးလွန်သူများကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးလျက် ရှိရာတွင် ယခင်က ပြစ်မှုကျူးလွန်ဖူးခြင်းရှိ၊ မရှိကိုလည်း စစ်ဆေးလျက်ရှိကြောင်း တာမွေမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

By Popular Myanmar News Journal & Eleven Media Group

No comments:

Post a Comment