Thursday 1 November 2012

၃၁.၁၀၂၀၁၂ ရခိုင်ပြည်နယ်သတင်းများစုစည်းမှု


ဒဏ်ရာရရှိခဲ့သူ တစ်ဦးအား ရန်ကုန်ပို့မည်
-----------------------------------------
ရခိုင်ပြည် ၊ရမ်ဗြဲမြို့နယ်၊ကျောက်နီမော်တွင် အောက်တိုဘာ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့်လူထုအုံကြွမှုများကြောင့် ကျောက်နီမော်တိုက်နယ် ၊ကျောက်ထရံ ကျေးရွာအနီး
တွင်နေရာယူထားသော လုံခြုံရေးတပ်ဖွဲဝင် တစ်ဦးမှ ပစ်ခတ်ခြင်းကြောင့် သပြေချောင်ကျေးရွာမှ ဦးသန်းတင် ၄၆ နှစ်မှာ ညာပေါင်ရင်း သေနတ် ဒဏ်ရာထိမှန်ခဲ့သဖြင့် ဆေးကုသရန်
ရန်ကုန်သို့ပို့ဆောင်မည်ဖြစ်ရာ ပြည်တွင်းလေကြောင်းခရီးစဉ်ဖြင့် အောက်တိုဘာ ၃၁ ရက် မွန်းလွဲ
၂ နာရီတွင် ကျောက်ဖြူမြို့ပြည်သူဆေးရုံးမှရန်ကုန်သို့ ပို့ဆောင် သွားမည်ဖြစ်ကြောင်းသိရသည်။


ကျောက်နီမော်ဖြစ်ရပ်
----------------------
အောက်တိုဘာ ၃၀ ရက် ယနေ့ နံနက် ၈ နာရီ ကျော်ခန့်အချိန်မှစတင်ကာ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်တိုက်နယ်ရှိ ရခိုင်များသည် ရွာပြင်သို့ထွက်ပြီး စုရုံးမှုများဖြစ်ပေါ်ခဲ့ရာ ယင်းအချိန်တွင် ဘင်္ဂလီများနေထိုင်သည့်ကျောက်ထရံကျေးရွာတွင် တပ်စဲထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ် ခြင်းကြောင့် ရခိုင်လူမျိုးတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိပါခဲ့ပါသည်။
သီတင်းကျွတ်ပွဲတော် ရက်ကြီးရက်မြတ်တွင် ရခိုင်များ နေထိုင်သည့်ရပ်ကွက်အတွင်းသို့
ဘင်္ဂလီများ ၀င်ရောက်မီးရှို့မည်ဟု သတင်းထွက်ပေါ်နေသည့် အတွက်ရခိုင်များက ကာကွယ်ရန် စုရုံးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့စုရုံးပြီး ရွာနီးချင်းရခိုင်များက ကျောက်နီမော်ရခိုင်ရွာသို့ ၀င်လာစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သဖြင့်ရေမျက်ဝကျေးရွာမှ မောင်ဟန်ရွှေ၊ အသက် (၅၂) နှစ် ရင်ဝတွင်ကျည်ဆံထိမှန်ကာပွဲချင်းပြီး သေဆုံးကာ သပြေချောင်းကျေးရွာမှ သန်းတင် အသက် (၄၁)နှစ် ပေါင်တွင် သေနတ်ထိမှန်ပြီး ကျောက်နီမော်ဆေးရုံးသို့ ပို့ထားခဲ့ရ ကြောင်းနှင့်နောက်ပိုင်း တွင် တစ်ဦးထပ်မံ၍သေနပ်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။
''ရွာနီစပ်ချုပ်တွေဆိုတော့ သတင်းကြားလို့ အခြေအနေကိုလာကြည့်တာပါ။ ကျောက်နီမော်မှာက ဘင်္ဂလီရပ်ကွက် ၅ ခုရှိတယ်။ ဘင်္ဂလီ ၈၀၀၀ လောက်ရှိတယ်။ရခိုင်တွေက ၃၀၀၀ လောက်ပဲ ရှိ ရှိတာကြောင့် ကိုယ့်လူမျိုးတွေကိုကာကွယ်ဖို့လာတာပါ။အဲဒီမှာ ရွာထဲကိုဝင်ခွင့်မပေးတဲ့အပြင် ဂွမြို့ ခလရ၊ ၅၆၂ တပ်ရင်းနဲ့ တောင်ကုတ်မြို့ ခလရ၊ ၃၄၆ တပ်ရင်း လုံးခြုံရေးတွေက တားထားတော့ကျွန်တော်တို့ ရွာအပြင်လယ်ကွင်းထဲမှာနေခဲ့ရတယ်”ဟု ယင်းနေရာသို့ ရောက်နေခဲ့သော သပြေချောင် ကျေးရွာသား ဦးလှမောင်ရွှေ ကပြောသည်။
ယင်းနောက်ပိုင်းတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်းနှင့် ပစ်ခတ်မှုများနောက် လူအုပ်စုများမှာ မကြေနပ်ဖြစ်ကာ ဘင်္ဂလီများနှင့် အတူချိန်တွဲမနေလိုကြောင်းဘင်္ဂလီများအား ပြောင်းရွေ့ပေးရန် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ် မှုပြုလုပ် သွားမည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။


လာဒ်စားမှုသတင်း
-----------------
ယခုအခါတွင် ကညန မှ လိုင်စင်များလုပ်ပေးလျက်ရှိရာ ခဲခြစ်ရန်အတွက် ဆိုင်ကယ်ရှေ့ဖုံး အဖွင့်အပိတ်အ တွက် တစ်စီးလျင် ၅၀၀ ကျပ်နုန်းဖြင့် တောင်းယူနေကြောင်းသိရသည်။
ယင်းသို့ တောင်းယူခြင်းများသည် တရားဝင်ပါသလားဟု မေးသော် တရားမ၀င်ကြောင်း ယနေ့ ဆိုင်ကယ်လိုင်စင်လုပ်ခဲ့သူတစ်ဦးက ပြောပါသည်။
ဘာဘဲလုပ်လုပ် ထိုသို့တောင်းယူနေသော ၀န်ထမ်းများအား ဘာကြောင့်အရေးမယူသလဲဆိုသည်မှာ မမြင်ဟန် မိသဟန်ဆောင်နေကြသူများကြောင့်ဖြစ်ပါသည်။
တရားမ၀င်တောင်းယူသော ငွေကြေးများအတွက် အထက်အရာရှိတွင်လည်း တာဝန်ရှိကြောင်းပြောဆိုကြပါ သည်။ ဆိုင်ကယ်ရှေ့ဖုံးအားဖွင့်လှစ်လုပ်ကိုင်ရသောအလုပ်သည် သူတို့၏အလုပ်သာဖြစ်ကြောင်းနှင့် တရားဝင် ကြေငြာထားခြင်းလည်းမရှိကြောင်းသိရှိရပါသည်။ (လာဒ်စားမှုပပျောက်နိုင်ပါစေ)


၃၁-၁၀-၂၀၁၂ နံနက်ပိုင်းသတင်း

ကျောက်တော်မြို့
------------------
အောက်တိုဘာ ၃၀ ရက်နေ့က ကျောက်တော်မြို့၊ကစ္ဆပရပ်ကွက်တွင် မာဆပ်(အနှိပ်ခန်း)မှ အထွက် အရပ်သားတစ်ဦး သေနပ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်းသိရှိရပါသည်။

သတင်းအပြည့်အစုံကိုမကြာခင်တင်ပြပေးပါမည်။


ဆင်အိုင်းကျေးရွာတွင် ဘင်္ဂလီကုလားများ သေနပ်ဖြင့် ပစ်ခတ် သတ်ဖြတ်မှုကြောင်း ဆေးရုံးတင်ရ
-------------------------------------------
၃၀.၁၀.၂၀၁၂ ရက် ညဥ့် ၈း၃၀ နာရီလောက်တွင် ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့နယ် ဆင်အိုးကျေးရွာမှ ဦးစိန်လှအောင်သည် မိမိပိုင် ကွမ်းခြံကို စောင့်ကြပ်နေရာ ဘင်္ဂလီများမှ လာရောက်ပြီး တူမီးလက်နက်များဖြင့် ပစ်ခတ်ရာ ၀မ်းဗိုက်တွင် တူမီးကျည်ဆံ (၁၃)ချက်တိပြီး စစ်တွေမြို့ ပြည့်သူဆေးရုံးသို့ အရေးပေါ်လူနာအဖြစ် တက်ရောက်လျှက်ရှိပါသည်။ လူနာမည် ဒဏ်ရာပြင်ထန်သဖြင့် စစ်တွေမြို့ ပြည်သူ့ဆေးရုံး၌ ယခုအခါ အောက်ဆီဂျင်ပေးထားရပြီး အခြေအနေမှာ အလွန်စိုးရိမ်းရပါသည်။ ထို့နည်းတူစွာ ၂၇.၁၀.၂၀၁၂ ရက် ညဥ့် (၈း၀၀) နာရီလောက်တွင် မြောက်ဦးမြို့နယ်တွင်လည်း ဘင်္ဂလီများ ပစ်ခတ်မှုကြောင်း လူတစ်ယောက် ဒဏ်ရာရပြီး မြောက်ဦးမြို့ ပြည်သူဆေးရုံးတွင် တက်ရောက်ကုသလျှက်ရှိပါသည်။ ယခုအခါ စစ်တွေမြို့ ပြည်သူ့ဆေးရုံးတွင် ဘင်္ဂလီအကြမ်းဖက်မှုကြောင့် ခုခံကာကွယ်ရင် ဒဏ်ရာ အပြင်အထန်ရရှိသူ လူနာပေါင်း (၃၈) ယောက်တိတိတက်ရောက်ခဲ့ပြီး တချို့တ၀က်မှာ သက်သာပျောက်ကင်းစွာဖြင့် ဆေးရုံးမှ ဆင်းသွားသူများလည်း ရှိသည်ဟုသိရှိရပါသည်။


၈း၃၅ သတင်း(ကျောက်နီမော်)
-------------------------------
ကျောက်နီးမော်ပြဿနာတွင် ဦးဆောင်သူဟု စွပ်စွဲကာ ရွာသား ၅ ဦးအားဖမ်းဆီးရန်ကြိုးစားနေကြောင်းသိရ သည်။ အဆိုပါရွာသား ၅ ဦးသည် ဦးဆောင်သူများ၊ ကြိုးကိုင်သူများမဟုတ်သဖြင့်အဖမ်းမခံဘဲ ထွက်ပြေးနေရ ခြင်းဖြစ်ကြောင်းလည်း ဒေသခံများ ပြောပါသည်။

ကျောက်နီးမော်တွင်သေဆုံးသူအား သဂြို င်္လ်ရန် အခက်ကြုံနေ ရကြောင်းသိရသည်။ ရခိုင်တိုင်း ရင်း သားများ သဂြို င်္လ်သော သုဿာန်မှာ ဘင်္ဂလီရွာနှင့်လွန်စွာနီးကပ်နေသဖြင့် ဆိုပါသုသာန်တွင်သဂြိုလ်ရန် တာဝန်ရှိသူများက ခွင့်ပြု ချက်မပေးကြောင်း သိရသည်။ သေဆုံးသူ မောင်ဟန်ရွှေ (ရေမျက်ဝကျေးရွာ)၏ အလောင်းအား ဒေသခံများ က ကျောက်နီမော်ရွာ ၌ပင် သဂြို င်္လ်ရန်ဆန္ဒရှိသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များကလက်မခံသဖြင့် အခက်တွေ့ နေရကြောင်း၊ အလောင်းအား အောက်တိုဘာလ ၃၁ ရက်နေ့ထိ ကျောက်နီမော်ဆေးရုံ၏ ရင်ခွဲရုံတွင်ထားရှိဆဲဖြစ်ကြောင်းလည်းသိရသည်။

ယခုအခါကျောက်နီမော်တွင်လုံခြုံရေးအပြည့်အ၀ချထားပြီး ဘင်္ဂလီများနှင့်ပြဿနာထပ်မဖြစ်အောင် တင်းကြပ် စွာစီစဉ်ထားကြောင်းလည်းသိရသည်။ ထိုကိစ္စအပေါ်ဒေသခံများက ကျေနပ်မှုမရှိသော်လည်း ဘင်္ဂလီကျေးရွာ အနီးသွားရောက်မြေချရန်ကိစ္စကို လုံခြုံရေးမှ စိုးရိမ်နေခြင်းဖြစ်ကြောင်းနှင့် အခြေအနေအရ ဒေသခံများက လည်း တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အလောင်းမြေချနိုင်ရေးကိစ္စကိုသာအဓိကထား ဆွေးနွေးနေကြောင်း ယနေ့ တွင် မြေချခွင့်မရရှိခဲ့ကြောင်းလည်းသိရသည်။

မနေ့က လူထုအမြောက်အများက ဘင်္ဂလီရွာအား ပြောင်းရွှေ့ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသော်လည်း ညနေ ၆ နာရီခန့်တွင် လူစုခွဲလိုက်ကြကြောင်းသိရသည်။ ယင်းဆန္ဒပြတောင်းဆိုမှုတွင် တစ်ပတ်အတွင်းပြောင်းရွှေ့ ပေးရေးတို့ပါဝင်သဖြင့် အစိုးရအနေဖြင့် ထွက်ဖို့ဆုံးဖြတ်ပေးမည်ဆိုလျင် ပြောင်းရွှေ့သွားနိုင်ခြေရှိကြောင်းလည်း ကျောက်နီမော်သို့ ခေတ္တရောက်ရှိနေသော RSV သတင်းထောက်မှ သတင်းပေးပို့ပါသည်။


**** အရေးကြီးသတင်း ********
မြန်မာအစိုးရ၏ ကြေငြာချက်။
ယနေ့မှ စ၍ နောက်သုံးရက်အတွင်း ရခိုင်ပြည်နယ်အတွင်းရှိ အရပ်သား များ ကိုင်ဆောင် ထားသော တုတ်၊ဓါး၊ နှင့်အခြားလက်နက်များကို နီးစပ်ရာ လုံခြုံ ရေးနှင့်တာဝန်ရှိသူများထံတွင် လာရောက်အပ်နှံရမည်ဖြစ်ကြောင်း ၈း၃၀ သတင်း တွင် စာတမ်းထိုးခဲ့သည်ကို တွေ့ရှိရပါသည်။


၉း၄၅ အချိန်သတင်း
-------------------
ယနေ့ ည တွင် စစ်တွေမြို့ အင်ပါလာရပ်ကွက်တွင်သံချောင်းများခေါက်ကာ ခြေက်လှန့်မည် ဟု ကောလာဟာလ သတင်းများထွက်ပေါ်နေသဖြင့် လုံခြုံရေး တပ်ဖွဲ့များမှ အပြည့်အ၀နေရာယူထားကြောင်းသိရသည်။

ကောလလဟာလ သာဖြစ်သဖြင့် ရခိုင်သားများအနေဖြင့် မိမိတို့၏ ရပ်ကွက်မှ လွဲပြီး အပြင်မထွက်ကြရန်နှင့် သတင်းများကို ယုံကြည်သင့်မှာသာ ယုံကြည် ပေးကြပါရန် လေးစားစွာတင်ပြအပ်ပါသည်။

၁၀ နာရီနောက်ပိုင်းသည် ၁၄၄ ထုတ်ပြန်ထားသော အချိန်ဖြစ်သည်ကို အလေး အနက်ထားစဉ်းစားပေးကြပါရန် ရခိုင်အမျိုးသားရေး အကျိုး မျှော်ကိုး ၍ ထပ်ဆင့် အသိပေးတင်ပြအပ်ပါသည်။


စစ်တွေမြို့တွင် လမ်းမီးများကိုထွန်းထားခြင်းမရှိသဖြင့် ညအချိန်အန္တရာယ်များနေကြောင်း ဒေသခံများကပြော ပါသည်။
မြို့လုံးကျွတ်လျှပ်စစ်မီးရရှိရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော ဖိုးသီးချို ကုမ္ပဏီအနေဖြင့် လမ်းမီးများ ကို ထွန်းပေးရန် အတွက် မီတာဘောက်စ် တိုင်းမှ ငွေကြေးများ လစဉ်ရယူထားသော်လည်း ပြည်နယ်အစိုးရ အဖွဲ့နှင့်ပူးပေါင်းကာ လမ်းမီးထွန်းခြင်းကို ဆောင်ရွက်ခြင်းမရှိသေးဘဲ မြို့ခံများထံမှ နှစ်လုံးပေါက် လမ်းမီးထွန်းခကို ပေးဆောင်နေရကြောင်းလည်းသိရသည်။
လက်ရှိအချိန်တွင် အရေးပေါ်အခြေအနေဖြစ်နေပြီး ကျောင်းသား/ကျောင်းသူ များဖြင့် စည်ကား နေရာ ဆိုင်ကယ် များလည်း များပြားလာသည့်နည်းတူ ယဉ်တိုက်မှုများ နေ့စဉ်ဖြစ်ပွားနေကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ စစ်တွေမြို့ပေါ်တွင် ညအချိန် လမ်းမီးများ မလင်းသဖြင့် ယဉ်စီးနင်းသူများ အန္တရာယ်ရှိနေပြီး လမ်းသွားလမ်းလာများလည်း ခက်ခဲနေကြောင်းလည်းသိရသည်။
အထူးသဖြင့် တကသိုလ်ဟောင်းရှေ့လမ်း၊ သတဌာန လမ်း၊ကွန်ပျူတာကောလိပ်လမ်း၊ အပါအ၀င် လမ်းသွယ် ၂၀ ခန့် တွင် လမ်းမီးမရရှိပဲ ဖြစ်နေကြောင်းသိရသည်။ယင်းအပြင် စစ်တွေမြို့၏အဓိကလမ်းမကြီး အစိုးရရုံးရှေ့တွင်လည်း လမ်းမီးမလင်းဖြစ်နေသဖြင့် ညအချိန် စစ်တွေမြို့မှာ လျှပ်စစ်မီး မရှိသကဲ့သို့ဖြစ်နေကြောင်းလည်းသိရသည်။


၁၀း၃၀ အချိန် သတင်း
----------------------
ကျောက်နီမော်ကျေးရွာအနီးတွင် သေနပ်ဒဏ်ရာဖြင့်သေဆုံးသွားသူ ဦးမောင်ဟန်ရွှေ ၏ အလောင်းအား ယနေ့ ညနေပိုင်းတွင် ရေမျက်ဝကျေးရွာ သို့ သယ်ယူသွားပြီဖြစ်ကြောင်းနှင့် မနက်ဖြန်တွင် မြေချ မည်ဖြစ်ကြောင်း သိရသည်။
ူ ဦးမောင်ဟန်ရွှေ ကောင်းရာသုဂတိလားပါစေ၊ မြင့်မြတ်သော ဘုံဘ၀တွင် ပျော်ရွှင်နိုင်ပါစေ ဟု RSV မှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

Rakhine Straight Views (Facebook) မှသတင်းများကိုစုစည်းတင်ပြပေးလိုက်ပါတယ်

By Rakhine Straight Views









No comments:

Post a Comment