Wednesday 24 October 2012

NLD ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်း က ဂျာနယ်နှစ်စောင်ကို တရားစွဲဆို


ရန်ကုန်၊ အောက်တိုဘာ ၂၃

ပြည်ထောင်စု ရွေးကော်ပွဲ ကော်မရှင် နှင့် တရား ရင်ဆိုင်လျက် ရှိသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အတွင်းရေးမှုး ဦး

ဉာဏ်ဝင်း က ပြည်မြန်မာ ဂျာနယ် နှင့် The Messenger ဂျာနယ် တို့ကို တရား စွဲဆို ရန် အောက်တိုဘာ ၂၉ရက် နေ့တွင် မန္တလေး တိုင်း ဒေသကြီး တရားလွတ်တော် သို့ ပထမ အဆင့် လျောက်လဲ သွား မည် ဖြစ်ကြောင်း ဦးဉာဏ်ဝင်း က The Voice Weekly သို့ ပြောကြားသည်။

"၂၉ရက် နေ့မှာ ဒီဂျာနယ် နှစ်စောင် ကို ဘာကြောင့် တရား စွဲရတယ် ဆိုတာ ပထမ အဆင့် အနေ နဲ့ လျောက်လဲ ချက် ပေးရမယ် " ဟု ဦးညဏ်ဝင်း က ဆိုသည်။

အောက်တိုဘာ လ၂၉ရက် နေ့တွင် တရား စွဲဆိုသူ ဦးညဏ်ဝင်း က လျောက်လဲချက် ပေးရ မည် ဖြစ်သော် လည်း ပြည်မြန်မာ ဂျာနယ် နှင့် The Messenger ဂျာနယ် တို့ကို မန္တလေးတိုင်း ဒေသကြီး တရား လွှတ်တော် က ဆက်သွယ် အကြောင်းကြား မှု မရှိ သေးကြောင်း အဆိုပါ ဂျာနယ် နှစ်စောင် ၏ အယ်ဒီတာ အဖွဲ့ထံ မှ သိရှိရသည်။

NLD ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်း သည် အဆိုပါ အပတ်စဉ် ထုတ် သတင်းဂျာနယ် နှစ်စောင်ကို တရားရုံး ဆုံး ဖြတ်ချက် မချမီ အပြစ် ရှိသည်ဟု ရေးသား ထားခြင်းကြောင့် တရာရုံးများ မထီမဲ့မြင် ပြုမှု ဥပဒေ ပုဒ်မ (၃) အရ တရား စွဲဆို ထားခြင်း ဖြစ်ကြောင်း ဦးဉာဏ်ဝင်း က ဆိုသည်။

အဆိုပါ တရား စွဲဆိုမှု နှင့် ပတ်သတ်၍ မိမိတို့ အနေနှင့် ဆက်လက် ရင်ဆိုင် သွားမည်ဖြစ်ကြောင်း The Messenger ဂျာနယ် မှ တာဝန်ခံ အယ်ဒီတာ ဦးသူရအောင် က ဆိုသည်။

အဆိုပါ NLD အတွင်းရေးမှူး ဦးညဏ်ဝင်း တရား စွဲဆို ထားသည်ဟု ယူဆရသော သတင်းတွင် တရားရုံး ဆုံးဖြတ် ချက် ကျော်ရေးထားခြင်း မရှိကြောင်း၊ မိမိတို့ အနေဖြင့် မည်သည့်ဘက်မှ လိုက်ပါ ရေးသားခြင်း လည်း မရှိကြောင်း၊ ပြည်မြန်မာ ဂျာနယ် အယ်ဒီတာချုပ် ဒေါက်တာ တင်ထွန်းဦး က ပြောကြားသည်။

"အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အထွေထွေ အတွင်းရေးမှူး ဦးညဏ်ဝင်း သည်၂ဝ၁၂ ဧပြီလ တစ်ရက်နေ့ ၌ ကျင်းပသော ကြားဖြတ် ရွေး ကောက်ပွဲ တွင် မဲစာရွက် များအား ဖယောင်း သုတ်ထားပြီး မသမာ မှု ရှိခဲ့သည် ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ သတင်း ပေးပို့ခဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင် က စုံစမ်းရေး ကော်မရှင် ဖွဲ့စစ်ဆေးရာ မဲစာရွက် များတွင် ဖ ယောင်း သုတ်ထားခြင်း မရှိဟု ဆိုကာ ဦးညဏ်ဝင်း အား တရား စွဲဆို ခဲ့ခြင်း ဖြစ်သည်။

By The Voice Weekly

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment