Wednesday 24 October 2012

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တရားခံပြေး အဖြစ် ဖမ်းဝရမ်းထုတ်


ရန်ကုန်၊ အောက်တိုဘာ ၂၄

ကမ္ဘာ့ ငြိမ်းချမ်းရေး နေ့ အထိမ်းအမှတ် အဖြစ် စက်တင်ဘာ၂၁ ရက် နေ့က ဆန္ဒပြသူ များနှင့် အတူ လှည့်လည် သီချင်းဆိုမှု အတွက် ဗိုလ်ကြီး ဟောင်း နေမျိုးဇင် ကို မင်္ဂလာတောင်ညွှန့် တရားရုံး က
ဆင့်ခေါ် ရာ မလာရောက် သဖြင့် အောက်တိုဘာ ၂၄ ရက်နေ့ တွင် တရားခံပြေး အဖြစ် ကြေညာ ပြီး ဖမ်းဝရမ်း ထုတ်ပြန် ခဲ့ကြောင်း ကိုနေမျိုးဇင် က The Voice Weekly သို့ ပြောကြား သည်။

ငြိမ်းချမ်းရေး နေ့ စီတန်း လှည့်လည်ရာ တလျှောက် ကားဖြင့် လှည့်လည် သီချင်းဆို ခဲ့သည့် ကို နေမျိုးဇင် အပါအဝင် ကိုးဦး ကို မင်္ဂလာတောင်ညွန့် ရဲစခန်း အပါဝင် ရဲစခန်း (၁ဝ) ခုက တရား စွဲဆို ခဲ့ခြင်း ဖြစ်ပြီး ယနေ့ တွင် မင်္ဂလာတောင်ညွှန့် ရဲစခန်း က တရား ရင်ဆိုင်ရန် ဆင့်ခေါ် ခဲ့ခြင်း ဖြစ်သည်။ ကျန် ကိုးဦး မှာ မင်္ဂလာတောင်ညွန့် တရားရုံး တွင် တရား ရင် ဆိုင် နေပြီ ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့် ရဲစခန်း မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

၎င်းက ကျန်းမာရေး အခြေနေ အရ မသွားနိုင် သဖြင့် ၄င်း အိမ်တွင် နားနေခဲ့ပြီး စခန်းမှူး က အကြောင်းကြား ရာတွင် ခါးနာ ရောဂါ ပြန်ဖြစ် နေသောကြောင့် မလာ နိုင် ဘဲ ယခု ကဲ့သို့ တစ်နေ့ ကို ရဲစခန်း တစ်ခု ဆင့် ခေါ် နေသော တရားစွဲမှု ကို လက်မခံ ကြောင်း တရားရုံး ဆယ်ခု စလုံး အတွက် ဒီပုဒ်မ တစ်ခု ကို တချိန်ထဲမှာ စွဲဆိုမည် ဆိုလျှင် မိမိ လာမည် ဟု ပြန်ဖြေ ခဲ့ကြောင်း ကိုနေမျိုးဇင် က The Voice Weekly သို့ ပြောကြားသည်။

ဗိုလ်ကြီး ဟောင်းနေမျိုးဇင် သည် တပ်မတော် တွင် ဆယ်နှစ် ကျော် တာဝန် ထမ်းဆောင် ခဲ့ကာ တပ် မှ နုတ်ထွက်ပြီး နောက် အီလက်ထရေနစ် ဥပဒေ ဖြင့် ထောင်ဒဏ် (၁ဝ) နှစ် ချမှတ် ခံခဲ့ရပြီး ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ (၁၃) ရက် နေ့တွင် လွတ်ငြိမ်း ချမ်းသာ ခွင့်ဖြင့် ပြန်လည် လွတ်မြောက် လာသူ ဖြစ်သည်။

By The Voice Weekly

သစ်ထူးလွင်

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment