Wednesday 24 October 2012

ရခိုင်ပြည်နယ်မနေ့ ညနေပိုင်းနှင့် ယနေ့ မနက်ပိုင်းသတင်းများ


ဘင်္ဂလီ-ရခိုင်အဓိကရုဏ်း မြေပုံမြို့သို့ဆက်လက်ကူးစက်

အောက်တိုဘာ(၂၃)ရက်နေ့က ညနေ(၈)နာရီခွဲအချိန်တွင် မြေပုံမြို့ မြို့မဈေး အနောက်ဘက်ရှိရွာတွင် ဘင်္ဂလီများမှစတင်ကာ မီးရှို့တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

မြေပုံမြို့ခံ အမျိုးသားတစ်ဦးက " ဘင်္ဂလီတွေဟာ ရခိုင်အိမ်တွေနဲ့နီးစပ်တဲ့ သူတို့အိမ်ကို မီးရှို့ပြီးတော့ ထွက်ပြေးတယ်။ အခုတော့ ဘင်္ဂလီအိမ်ကို မီးလောင်တာနဲ့ ရခိုင်အိမ်တွေကို ကူးပါတယ်။ မီးကူးတဲ့အတွက် ရခိုင်တွေက မီးလောင်နေတဲ့ အိမ်ကို မီးငြိမ်းသတ်ဖို့လုပ်တဲ့အချိန်မှာ ဘင်္ဂလီတွေက ဂျင်ကလိနဲ့ပစ်ပါတယ်။ ဒါကြောင့် မီးငြိမ်းသတ်ဖို့မရအတွက် အိမ်တွေကို မီးဆက်လက်လောင်ကျွမ်းနေပါတယ်။" ဟု ပြောသည်။

မြေပုံမြို့ခံ အမျိုးသမီးတစ်ဦးက " အခု မီးလောင်နေပါတယ်။ ဈေးအနောက်ဘက်က ရွာမှာပါ။ အဲဒီရွာနားက ဘုန်းကြီးက သံချောင်းခေါက်သံတော့ ကြားတယ်။ အကူညီတောင်းနေတာပါ။ ကျမတို့လည်း အပြင်မထွက်ရဲဘူး။ ယောက်ျားတွေ ကတော့ မီးလောင်နေတဲ့နေရာကို လိုက်သွားကြပါတယ်။" ဟု ယခုကဲ့သို့ ပြောကြားသွားသည်။

မြေပုံမြို့ မီးလောင်ကျွမ်းမှုမှာ ယမန်နေ့ည(၁၀)နာရီ ခွဲအချိန်ထိ ဆက်လက် လောင်ကျွမ်းနေကြောင်းသိရသည်။ ထို့အပြင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ သပြုချိန်၊ လင်သီ၊ ရွှေလှေရွာတို့တွင် ဘင်္ဂလီများအင်အားစုစည်းပြီး ရွှေလှေရွာဘုန်းကြီးကျောင်းသို့ မီးရှို့ရန် ကြိုးစားစဉ် စစ်တပ်နဲ့ ရဲတွေက အချိန်မှီထိန်းချုပ်နိုင်ခဲ့သည့်အတွက် မအောင်မြင်ခဲ့ကြောင့်လည်း တယ်လီဖုန်းသတင်းအရ သိရှိရသည်။

တယ်လီဖုန်းလိုင်းအခက်အခဲရှိသည့်အတွက် သတင်းအပြည့်အစုံကို ဆက်လက်ဖော်ပြပါမည်။

By Arakan Times

Rakhine Straight Views (Facebook) မှသတင်းများကိုလဲစုစည်းတင်ပြပေးလိုက်ပါတယ်။


ည(၁၀း၀၀)နာရီသတင်း
---------------------------
မြေပုံမြို့နယ်၊ တောင်ပေါ်ရပ်ကွက်တွင် လွန်ခဲ့သည့် (၁)နာရီခန့်မှ စတင်ပြီး မီးလောင်ကျွမ်းနေကြောင်း မြေပုံမြို့မှ ဆရာတော်ဦးဣန္ဒာစာရမှ RSV၏ မေးလျှောက်မှုကို မိန့်ကြားတော်မှုခဲ့ပါသည်။ အဆိုပါမီးလောင်ကျွမ်းမှုမှာ ဘင်္ဂလီကုလားများ မီးရှို့ခြင်းဖြစ်ကြောင်းနှင့် မြေပုံမြို့နယ်တွင် မီးသတ်ကားတစ်စီးတည်းရှိသောကြောင့် မြို့တွင်းသို့ မီးမကူးစက်စေရန် မြို့ခံသားများက ၀ိုင်းဝန်း ကြိုးပမ်းနေရကြောင်းလည်း သိရသည်။ မီးမှာ ဆက်လက်လောင်ကျွမ်းလျှက်ရှိကြောင်းသိရသည်။


ည(၉း၃၀)သတင်း
------------------
ကျောက်ဖြူမြို့တွင် ပြဿနာတစ်စုံတစ်ရာဖြစ်နေပြီဖြစ်ကြောင်း ကျောက်ဖြူမြို့ခံသားများ၏ FB စာမျက်နှာအရ သိရှိရပါသည်။ အဆိုပါဖြစ်ရပ်များကို RSV မှလည်း အချိန်နှင့်တပြေးညီဖော်ပြပေးနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်လျှက်ရှိနေပါသည်။ သတင်းမှန်ရရှိပါက အချိန်နှင့်တပြေးညီဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။


၁၀း၀၀ နာရီ ၊ မင်းပြားမြို့ကို အမှောင်ချသလော (သတင်း)
------------------------
မင်းပြားမြို့တွင် ယခုအခါ မင်းပြားမြို့ တမြို့လုံးရှိ မီးပေးနေသော မီးစက်များကို ပိတ်ခိုင်းလိုက်သည်ဟု မင်းပြားမြို့ ခံတဦးမှ RSV သို့ သတင်းပေးပို့လာပါသည်။ “မီးက ညနေလောက် ခဏလာတယ်၊ ပြီးတော့ မီးက ပြတ်သွားတယ်၊ အစတုန်းကတော့ သဘောရိုးရိုး မီးပျက်တာ ထင်တာ၊ ခဏနေလို့ ပြန်မလာဘူး။ အသိ EPC မှာ လုပ်နေတဲ့ သူငယ်ချင်း တယောက်ကို ဖုန်းဆက်မေးကြည့်တော့မှ အစိုးရက မင်းပြားမြို့ တမြို့လုံးမှာ မီးပေးနေတဲ့ မီးစက်တွေ အကုန်လုံးကို ပိတ်ခိုင်းလိုက်တယ်လို့ ပြောမှ သိရတယ်။” ပြောပြသွားတယ်။ ယခုအခါ RSV မှ မင်းပြားမြို့သို့ ဖုန်းဆက် မေးကြည့်ရာ တမြို့လုံး မီးမလာကြောင်းကို “အဂုကဗျာ အရေးအခင်ကလည်း ဖြစ်နေတယ်ဆိုတော့ အမှောင်ထဲမှာ ဆိုရင် ပိုလို့ စိုးရိမ်းရပါတယ်။ ဒါကြောင်း မီးကို မိုးလင်းပေါက်တောင်ပေးသင့်ပါတယ်။ အခုက ညနေ ၆း၃၀ နာရီကလာတယ် ၁၀း၃၀ နာရီဆိုရင် မီးပိတ်တယ်။ ဒါလေးတောင် အမှန်မပေးချင်ကြဘူး။”လို့ ဖုန်းပြောသူက ပြောပြသွားပါတယ်။


ည (၁၀း၁၀)နာရီသတင်း
----------------------
မြေပုံမြို့မီးသည် မြို့တွင်းသို့ကူးစက်လာပြီဖြစ်သိရပြီး၊ မီးရှို့ပြီးထွက်ပြေးသည့် ကုလားကို ဖမ်းဆီးရမိခဲ့ပြီဟု မြို့ခံတစ်ဦးမှ ပြောကြားခဲ့ပါသည်။ မီးမှာ တစ်စတစ်စ ပြင်းထန်လာသည်ဟုလည်း သိရသည်။ မြေပုံမြို့ခံသားများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့နေကြောင်းလည်း အဆိုပါမြို့ခံသားမှ ဆက်လက်ပြောကြားခဲ့ပါသည်။

၁၀း၁၇ နာရီ မြေပုံမြို့သတင်း
-------------
မြေပုံမြို့၊ တောင်ပေါ်ရပ်ကွက်မှ ဘင်္ဂလီကုလားများစတင်ရှို့ခဲ့သည့် မီးလောင်မှုမှာ ယခုအခါ ရခိုင်ရပ်ကွက်ဖြစ်သည့် အလယ်ပိုင်းရပ်ကွက် လ၀က ဦးစီ အိမ်နားသို့ထိ ကူးစက်လောင်ကျွမ်းလာပြီဖြစ်ကြောင်း သဲတန်းရပ်ကွက်နေ ပြည်သူတစ်ဦးက ခိုင်မာသောသတင်းပေးပို့လာပါသည်။

ည(10း20)နာရီသတင်း
--------------------------
ကျောက်ဖြူ၊ ပိုက်ဆိပ်တွင် မီးငြိမ်းသွားပြီဖြစ်ကြောင်းသိရသည်။ မီးလောင်ကျွမ်းမှုကြောင့် အိမ်(၃)အိမ်ခန့်လောင်ကျွမ်းသွားကြောင်းသိရသည်။

ည(၁၀း၃၀) သတင်း
----------------------
မြေပုံမြို့တွင် မီးဆက်လက်လောင်ကျွမ်းလျှက်ရှိကြောင်းသိရသည်။ မြို့သူမြို့သားများမှာ မီးကို အမြန်ဆုံးငြိမ်းသတ်နိုင်ရန်ကြိုးပမ်းနေကြောင်း သိရသည်။

၁၁း၀၀ နာရီ မြေပုံမြို့သတင်း
------------
ညဥ့် ၉း၀၀ နာရီမှ စတင်ပြီး ရခိုင်ပြည်နယ် မြေပုံမြိုတွင် ဘင်္ဂလီရပ်ကွက် တခုဖြစ်သော တောင်ပေါ်ရပ်ကွက်နှင့် ရခိုင်များ နေထိုင်သော အလယ်ပိုင်းရပ်ကွက်အစပ် ဘင်္ဂလီအိမ်တဆောင်ကို ဘင်္ဂလီကုလားများ မီးရှိုးထွက်ပြေးခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။ မီးမှာ အားကောင်းစွာဖြင့် လောင်းကျွမ်းလျှက်ရှိပြီး မီးထဲတွင် ပါဝင်သွားတော့ အခြေအနေကို ခန့်မှန်းရန် ခက်ခဲသည်ဟု ဦးအိန္ဒာစာရ ပြောကြားခဲ့ပါသည်။ 
ယခုအခါ မြေပုံမြို့နယ်ရှိ လူထုမှ တခြားရပ်ကွက်များကို မီးမကူးစပ်နိုင်ရန်အတွက် မီးငြိမ်းလျှက်ရှိပါသည်။ ဦးအိန္ဒာစာရမှာလည်း မီးလောင်းနေရာနှင့် ကပ်လျှက် တိုက်ကြီးဘုန်းတော်ကြီးကျောင်းထဲတွင် မီးငြိမ်းသတ်ရန် အဆင့်သင့်ပြုလုပ်ထားသည်ဟု သိရှိရပါသည်။ ယခုအချိန်ထိ လူများ ထိခိုက် ဒဏ်ရာရရှိမှု၊ ဘင်္ဂလီများနှင့် တဖက်နှင့် တဖက် တိုက်ခိုက်မှုများ မရှိသေးဘူးဟု မိန့်ကြားသွားပါသည်။ 
လုံခြုံရေးနှင့် ပတ်သတ်၍ ယနေ့ စစ်တပ် အရှိန်အပြောင်းဖြစ်သဖြင့် မြေပုံမြို့ပေါ်တွင် စစ်တပ် အင်အား မရှိသလောက်ဟု သိရှိရပြီး ရဲလုံထိန်းများမှာလည်း လုံလောက်သော အင်အား မရှိဟု မိန့်ကြားသွားပါသည်။ 

ဤသတင်းများသည် ဖုန်းဖြင့် ဆက်သွယ်မေးမြန်သမျှကို အချိန်နှင့် တပြေးညီ တင်ပြနိုင်ရန်အတွက် ကြိုးစားအားထုတ်ထားခြင်းဖြစ်ပါသည်။ တချို့သော သတင်းများသည် လွဲချော်မှုများ ရှိကောင်းရှိနိုင်ပါသည်။ ရှိခဲ့လျှင်လည်း RSV ၏ အမှားသာ ဖြစ်လိမ်မယ်ဟု ကြိုတင် တောင်းပန်အပ်ပါသည်။

၁၁း၃၅ နာရီ မြေပုံသတင်း
---------------
မြေပုံမြို့တွင် မီးလောင်းမှုများ ဆက်တိုက် အချိန်အဟုန်းပြင်စွာဖြင့် လောင်းကျွန်းလျှက်ရှိပါသည်။ လုံခြုံရေးမှ အခြေအနေကို ထိန်းသိမ်းနေသော်လည်း လုံခြုံရေး မလုံလောက်မှုကြောင်း အခြေအနေမှာ 
တဖက်နှင့် တဖက် အပြန်အလှန်တိုက်ခိုက်မှုများရှိပြီး ဒဏ်ရာရမှုများလည်း ရှိသည်ဟု သိရှိရပါသည်။ ယခုအချိန် လုံခြုံရေးမှ သေနပ်ပစ်ဖောက်ပြီး လူစုခွဲမှုများလည်း မရှိသေးဟု သိရှိရပါသည်။

၁၁း၂၄ နာရီ ကျောက်ဖြူသတင်း
--------------
ယခုအခါ ကျောက်ဖြူမြို့သို့ ဖုန်းခေါ်ရ အလွန်ခက်ခဲပါသည်။ ထို့ကြောင်း ကျောက်ဖြူမြို့နှင့် အနီစပ်ဆုံး ဂုံချွိန်းကျေးရွာသို့ ဖုန်းဆက်ကြည့်ရာ မီးမှာ အချိန်အဟုန်ပြင်စွာဖြင့် လောင်းကျွမ်းနေပါသည်။ လူအသေအပျောက်ရှိသည်ဟုလည်း ကြားသိရပါသည်။ သေနပ်ပစ်သံ ဆက်တိုက် ထွက်ပေါ်နေပါသည်ဟု ပြောကြားသွားပါသည်။ မီးမှာ အရှိန်အဟုန် ပြင်းစွာဖြင့် လောင်းကျွမ်းနေသည်ဟု ပြောပြသွားပါသည်။

ကျောက်ဖြူမြို့မှ ပေးစာ
----------------------
ကျောက်ဖြူ မြို့ အခြေအနေ တော်တော်ဆိုးနေပါပြီး။ ရခိုင်ပိုက်ဆိပ် မှ ရပ်ကွက်ဥက္ကဌ(ရခိုင်လူမျိုး) အိမ်ကို ကုလားများမှ မီးစရှို့လိုက်သောကြောင့် ပိုက်ဆိပ်မှ ရခိုင်အိမ်များနှင့် ကုလားအိမ် (ဗလီအပါဝင်) များယခုမီးလောာင်နေလျှက်ရှိနေပါသည်။ မီးသွားငြိမ်းသော မီးသတ်ကား အား ကုလားများမှ ဂျင်ကလီ ဖြင့်ပစ်ခတ်ရာ မီးသတ်ရဲဘော် ပစ်ခံ ရသည်ဟုလည်းသိရှိရပါသည်။ ယခု ပိုက်ဆိပ်မီးလောင် နေတာမီးအင်အား များနေလို့ နီးစပ်ရာရပ်ကွက်မှလူများ မနေရဲလို့ ဝေးရာသို့ ထွက်ပြေးနေရသည်ဟုသိရှိရပါသည်။ စစ်တပ်မှ ဝိုင်းရံ ကာကွယ်ထားသည်များကို ဂျင်ကလီ ၊စူးများနှင့် ပြန်လည်ခုခံ နေသည်ဟုလည်းသိရပါသည်။ အထူးသဖြင့် သန်ပန်ချောင်း ရပ်ကွက်အတွင်း နေထိုင်သောရခိုင်ပြည်သူများက ကုလားများနှင့် ရော်နှော နေထိုင်နေရသောကြောင့် လုံခြုံ ရေးအတွက် စိုးရိမ်နေရကြောင်း၊ ထိုအပြင် မည်သည့်က ရောက်လာမှန်းမသိတဲ့ ကုလားတွေ ဟာသန်ပန်ချောင်းတွင်ရှိသောကုလားအိမ်များတွင် နေထိုင်လျှက်ရှိနေပါသည်။ သက်ဆိုင်ရာသို့ သွားရောက်တိုင်ကြားသော်လည်း အရေးယူမှု လုံးဝမရှိပါသေး။ ထိုကြောင့် ရခိုင်ပြည်သူများ လုံခြုံ ရေးတွက် မြို့တွင်းရှိ နေထိုင်သောမူဆလင် များအားစစ်ဆေးဖယ်ရှားပေးပါရန် သက်ဆိုင်ရာသို့ ကူညီ တောင်းပေးကြပါလို့...

Sent by: Htun Kyaw Shein

၁၁း ၄၅ နာရီ မင်းပြားမြို့သတင်း
............................
မင်းပြားမြို့နယ်၊ စာတိုင်ကျေးရွာမှ ဘင်္ဂလီကုလားများ မီးရှို့အကြမ်းဖက်မှုကို ကာကွယ်ရင်းဒဏ်ရာရရှိခဲ့သည့် ရခိုင်အမျိုးသားနှစ်ဦး မင်းပြားပြည်သူ့ဆေးရုံသို့ရောက်ရှိနေသည်ဟု သိရှိရပါသည်။ 
မင်းပြားမြို့နယ်၊အိုးသည်ရွာမှ အောင်မင်းခိုင် အသက်(၂၇)နှစ်တွင် တံတောင်ဆစ်တစ်ချက်၊ ကျောကုန်းတွင်နှစ်ချက်၊ စုစုပေါင်း ရာဘာကျည်ဆန်သုံးချက် ပြင်းထန်စွာရရှိထားရာ ၂၄.၁၀.၂၀၁၂ ရက်နေ့ (နက်ဖြန်) စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ရမည်ဖြစ်ကြောင်းသိရှိရပြီး ခြိတ်တောင်ရခိုင်ရွာမှ ကျော်ဝင်းချေ(၂၃)နှစ်မှာလည်း မီးလောင်ဒဏ်ရာပြင်းထန်စွာရရှိထားကြောင်း ဆေးရုံဝန်ထမ်းတစ်ဦးက ပြောပြပါသည်။

Source by: ဆြာကျီ

၂၄-၁၀-၂၀၁၂ မနက် ၀၀း၁၀ မိနစ် မြေပုံသတင်း
----------------------------
မြေပုံမြို့တွင် ယခုအချိန်ထိ မီးဆက်လောင်ကျွမ်းလျှက်ရှိကြောင်းသိရသည်။ မီးမှာ မြေပုံမြို့အနောက်ဘက်သို့ဆက်လက်လောင်ကျွန်းလျှက်ရှိသောကြောင့် ငြိမ်းသတ်ရန် ခက်ခဲသော အခြေအနေတွင်ရောက်ရှိနေကြောင်း မီးငြိမ်းသတ်နေသော မြေပုံမြို့ခံသားတစ်ဦးကပြောပြသည်။ မီးလောင်ကျွမ်းနေသော အချို့နေရာများတွင် တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်မှုများရှိနေကြောင်းလည်းသိရသည်။ ယခုကဲ့သို့ မီးပြင်းထန်စွာ လောင်ကျွမ်းနေချိန်တွင် ကုလားအများစုမှာမှာ ပျောက်ခြင်းမလှပျောက်နေကြသည်ကို အံ့သြစွာတွေ့ရသည်ဟုတ်ဟုလည်း အဆိုပါ မြေပုံမြို့ခံသားက ဆက်ပြောပြသည်။ မီးလောင်ကျွမ်းမှုစတင်ခဲ့သည့်နေရာမှာ ကုလားရွာနှင့်ရခိုင်အိမ်အစပ်မှ စတင်ကာလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ကျောက်ဖြူမြို့ အရေးအခင်းမြင်ကွင်း ဓာတ်ပုံ 


၂၄-၁၀-၂၀၁၂ မနက် ၀၀း၁၅ မိနစ် မြောက်ဦးဆက်စပ်သတင်း
-----------------------------------------------------
ယမန်နေ့ (၂၃-၁၀-၂၀၁၂)နေ့ ညနေပိုင်းတွင် မြောက်ဦးဆေးရုံမှ ဒါဏ်ရာပြင်းထန်လွန်း၍ စစ်တွေဆေးရုံသို့ပို့ဆောင်ခဲ့သည့် လူနာများမှာ ယခုအချိန်တွင် စစ်တွေဆေးရုံသို့ရောက်ရှိသွားပြီဖြစ်ပါသည်။ အရေးကြီးလူနာ (၄) ယောက်ပါရှိသည်ဟု သိရှိရပါသည်။ လူနာများမှာ အခြေအနေ အလွန်စိုးရိမ်ရသည်ဟု သိရှိရပါသည်။ နောက်ထပ် စက်လှေ (၂) စီဖြင့် မြောက်ဦးမြို့မှ ထွက်ခွါလာသည်ဟု စုံစမ်းသိရှိရပါသည်။

၂၄.၁၀.၂၀၁၂ ရက် ညဥ့် ၀၀း၃၄ နာရီ စစ်တွေမြို့ ပြည့်သူ့ဆေးရုံးကြီး သတင်း
---------------------------------------
ယခု စစ်တွေမြို့ ပြည်သူဆေးရုံးသို့ မြောက်ဦးမြို့မှ ရောက်ရှိလာသော အရေးပေါ်လူနာ မောင်ရွှေလှ၊ အသက် (၄၆)နှစ် ၊ လက်ဖျံနှစ်ဖက်လုံး ဓားဒဏ်ရာနှင့် ခြေထောက်၊ ၀မ်းဗိုက်တို့လည်း ဒဏ်ရာအပြင်အထန်ရရှိခဲ့ပါသည်။ ထို့ကြောင်း သွေးထွက်များပြီး ယခုအခါ စစ်တွေမြို့ ပြည်သူ့ဆေးရုံးတွင် သွေး(၂)လုံး အရေးပေါ်လိုအပ်လျှက်ရှိပါသည်ဟု သိရှိရပါသည်။ နောက်လူနာ (၃)ယောက်မှာ အရေးပေါ်ကားဖြင့် စက်လှေမှ သွားရောက် သယ်ယူလျှက်ရှိသည်ဟု သိရှိရပါသည်။

၀၀း၄၁ နာရီ ကျောက်ဖြူ သတင်း
--------------
ကျောက်ဖြူမြို့ရှိ ယခုအခါ မီးဘေးသင့်သူများ မီဘေးဒုက္ခသယ်များကို 
သာသနဘိမာန်ကျောင်းတိုက်တွင် လာရောက် ခိုလုံလျှက်ရှိသည်ဟု သိရှိရပါသည်။ မီးမှာ ဆက်လက်လောင်းကျွမ်းလျှက်ရှိပြီး တဖက်နှင့် တဖက် အပြန်အလှန်တိုက်ခိုက်လျှက်ရှိသည်ဟု သိရှိရပါသည်။ 

၁း၀၀ နာရီအချန် မြေပုံမြို့သတင်း
-------------------------------------
မြေပုံမြို့တွင် မီးလောင်မှုသည်အရှိအဟုတ်ကောင်းစွာဖြင့်လောင်ကျွမ်းလျက်ရှိဆဲ ဖြစ်ကြောင်း၊
တောင်ပေါ်ရပ်ကွက်တွင် အိမ်ခြေ ၅၀၀ ခန့်လောင်ကျွမ်းသွားပြီဖြစ်ကြောင်းနှင့် ဘင်္ဂလီများဘက်မှ လေးဂွများ၊ ဂျင်ကလီများ ဖြင့်ပစ်ခတ်သဖြင့် ထွက်ပြေးနေကြရကြောင်းလည်းသိရှိရပါသည်။ 

ထိုခိုက်ဒဏ်ရာရှိမှုများလည်းများပြားနေပြီဖြစ်ကြောင်းနှင့် အသေအပျောက်အစာရင်းမှာ မဖော်ပြနိုင်သေးကြောင်းလည်းသိရှိရပါသည်။

ကလားအပစ်ခံလိုက်ရသောရခိုင်လူငယ်.


မြေပုံမြို့တွင် ဘင်္ဂလီခေါတောကုလားများနှင့် ရခိုင်တို့ မိုးလင်းပေါက်တိုက်ခိုက်မှုဖြစ်ပွါးနေဆဲ ယခု (24-10-20112)ရက်နေ့ နံနက် (6:36AM') အထိ အိမ်ခြေပေါင်း (500)ကျော် မီးရှို့ခံရကြောင်း အထိအခိုက် အကျအဆုံး နှစ်ဦးရှိကြောင်း ကြားသိရပါသည်။ စာရင်းအတိအကျကို RSVမှ စုံစမ်းရယူနေဆဲဖြစ်ပါသည်။

ကျောက်ဖြူမြို့ ပိုက်ဆိပ်ရပ်ကွက်မီးလောင်မှု ရခိုင်အိမ်(60)ကျော် နှင့် ကုလား အိမ် (40)ကျော် မီးရှို့ဖျက်ဆီးခံရကြောင်း ကြားသိရပါသည်။ ရခိုင်ဖက်မှ ဒဏ်ရာရသူများသည်ဟုသာ သိရှိရသေးပြီး ကုလားဖက်မှ ၂ ဦးသေဆုံး ၈ ဦးဒဏ်ရာရှိကြောင်း ကြားသိရပါသည်။ စာရင်းအတိအကျကို RSV မှမကြာမှီအချိန်အတွင်း ကျောက်ဖြူ မြေပုံ မင်းပြား မြောက်ဦး အစဉ်အတိုင်း ဖော်ပြနိုင်အောင် ကြိုးစားနေကြပါသည်။

မြေပုံမြို့ခံသားတစ်ဦး၏ ယမန်နေ့အရေးအခင်းကိုယ်တွေ့ဖြစ်ရပ်
----------------------------------------------------------------------
တကယ်ကြောက်စရာကောင်းတယ်ဗျာ ရင်ဘက်ကိုလည်းလေးခွခဲသီး ထိတာ ဘယ်နှလုံးမှန်းတောင်မသိတော့ဘူး။ မျက်နှာကို အုတ်ခဲထိတာလည်း ပွင့်ထွက်သွားတယ်။ ရခိုင်ပြည်နယ် မြေပုံမှာ မြို့ပြိုနေကြပြီ။ စဖြစ်တာတော့ ကံသာထွက်ဝက ဇော်ဇော် အိမ်ကို ည ၈ နာရီလောက်က ကုလားတွေ မီခွေနင့် ပစ်တယ် ပထမ တစ်ခေါက် သတိမထားမိဘူး။ ဒုတိယ တစ်ခေါက်ပစ်တော့မှ သိပြီး အနီးမှာရှိတဲ့ စစ်တပ်ကို သွားအကြောင်းကြားလိုက်တယ်။ စစ်သားတွေ စစ်ဆေးနေတုန်း နောက်တစ်ခွေ ထပ်ကျလာတယ်။ သူတို့ ဘာလို့ ဒီလောက် ရန်လိုရတာလည်း။ ဒါနဲ့ ၇ခိုင်တွေက ဈေးပိုင်းက စံသိန်း အိမ်ဟာ ရခိုင်အိမ်တွေထဲမှာ ရှိနေတာ သူတို့ ကိုယ့်အိမ်ကို မီးရို့ရင် ရခိုင်တွေအိမ်ကို ကူးလိမ့်မယ်ဆိုပြီး အိမ်ကို စဖြိုလိုကြတယ် ဖြိုနေတုန်းဘဲ ကုလားတစ်ကောင် မီးနဲ့ ဖြို့နေတဲ့ အိမ်ကို ၀င်ရှော့တယ်။ အဲဒီကုလား တစ်ယောက်တစ်ချက် ၀ိုင်းရိုက်လိုက်ကြတာ သေသလား ရှင်သလား မသိလိုက်ရဘူး။ အဲဒါပြီးတော့ ဦးဘထိန် အိမ်နောက်က ကုလားနှစ်အိမ် ကိုယ့်အိမ်ကို မီးရှော့ပြီးတော့ နောက်ဆုပ်သွးကြတယ်။ ခုတော့ ကျွန်နော်တို့ ရခိုင်တွေနဲ့ အဲဒီကောင်တွေ ချနေကြတာ ရိုးမကား သာ ကြည့်ပါတော့။ စစ်တပ်နဲ့ ရဲ ကတော့ ဘာမှမလုပ်ဘဲ ဒီတိုင်း ကြည့်နေကြလေရဲ့။ မီးသတ်ကတော့ ၀င်သတ်နေတယ်။ ဖြစ်နေတာက တစ်မြို့လုံးဆိုတော့ မီးသတ်ကား တစ်စီး နှစ်စီးနဲ့ ဘယ်နိုင်ပါ့မလည်း။ ခုတောင် ကျွန်နော် အတော့်ကို ဒဏ်ရာရလာလို့ ဆုပ်လာတာ။ အိမ်ကနေ မီးပွင့်သံ။ အော်ဟစ်သံ ကြားနေရတယ်။ မနက်လင်းရင်တော့ ဘာဆက်ဖြစ်မယ် မသိသေးဘူး။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုံခြုံရေး တင်းကျပ်
--------------------------------------
ရခိုင်ပြည် ၊ စစ်တွေမြို့တွင် နေရာ တိုင်း ခွဆုံတိုင်းတွင် လုံခြုံရေး တင်းကျပ်ထားကြောင်း သိရှိရပါသည်။ စစ်တွေမြို့ တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ဦးဆောင်ပြီး ကျောင်းသား/သူများမှ ဆန္ဒထုတ်ဖော်သွားမည်ဟု သိရှိရသောကြောင်းနှင့် ယခုအခါ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့ အကြမ်းဖက်မှု ဆက်တိုက်ဖြစ်ပေါ်မှုကြောင်း စစ်တွေမြို့တွင်လည်း လုံခြုံရေးတင်းကျပ်မှုများကို ပြုလုပ်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောပြပါသည်။ 
(24.10.2012 ရက် နံနက် ၇း၀၀နာရီ သတင်း)


By Rakhine Straight Views










Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment