Wednesday 24 October 2012
"အမေရိကန်နှင့် စစ်ရေးမပူးပေါင်း၊ နည်းပညာအကူအညီနှင့် သင်တန်းများကိုသာ ရယူသွားရန်
အမေရိကန်ပြည်ထောင်စုနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ရန် ကိစ္စအပေါ် တရားဝင်အကြောင်းကြားခြင်းမရှိသေးသလို မြန်မာနိုင်ငံအနေဖြင့်လည်း လုပ်ဆောင်နိုင်ရန် အခြေအနေ
မရှိသေးကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အောက်တိုဘာလ ၂၁ ရက်က ပြည်တွင်းအခြေစိုက် မီဒီယာများ နှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့သည်။
အရှေ့ပစိဖိတ်ဒေသအတွင်း အာရှနိုင်ငံအများအပြားမှစစ်တပ်များနှင့် ပူးတွဲလုပ်ဆောင်သည့် အ ကြီးဆုံးပူးတွဲစစ်ဆင်ရေး လေ့ကျင့်မှုဖြစ်သည့် အမေရိကန် စစ်တပ်၏ Cobra Gold 2013 တွင် မြန်မာနိုင်ငံအား လေ့လာ သူအဖြစ် ဖိတ်ခေါ်ရန် အမေရိကန်ပြည်ထောင်စုမှ စီစဉ်ထားခဲ့ပြီး တိကျ သည့် ဆုံးဖြတ်ချက်မျိုး ချမှတ်ထားခြင်း မရှိသေးကြောင်း ဘန်ကောက်ပို့စ် သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
''မြန်မာက လေ့လာသူစာရင်းထဲမှာပါ။ ဒါပေမဲ့ ဒါဟာအပြီးသတ် ဆုံးဖြတ် ချက် မဟုတ်ပါဘူး''ဟု ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Thanathip Sawangsang က ထုတ်ဖော်ပြောခဲ့သည်။
စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည့် နိုင်ငံများက မြန်မာနိုင်ငံအား ဖိတ်ခေါ်ခြင်းပြုရေး၊ မပြုရေးနှင့် ပတ်သက်၍ အောက်တိုဘာ နှောင်း ပိုင်းတွင် တွေ့ဆုံဆွေးနွေးပွဲ ၌ ဆွေးနွေးကြမည်ဟု သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ မိမိ အနေဖြင့် မည်သည့်သတင်း အချက်အလက် မှ သိရှိခြင်းမရှိသောကြောင့် မည်သို့မျှ မှတ်ချက်ပေးလိုခြင်း မရှိကြောင်း မြန် မာနိုင်ငံဆိုင်ရာ အမေ ရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က အောက်တိုဘာ လ ၁၉ ရက်က ပြောသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိမိတို့အနေဖြင့် လက်ရှိအချိန်တွင် အမေရိကန်နှင့်စစ်ရေးပူးပေါင်း ရန်မရှိကြောင်း နည်းပညာများကို ရယူသွားရန်ရှိပြီး စစ်ရေးအကူ အညီ ရယူသွားရန်မရှိကြောင်းဆိုသည်။
''စစ်ရေးအကူအညီကလည်း လောလောဆယ် ကျွန်တော်တို့က မလိုပါဘူး၊ ဘာလို့လဲဆိုတော့ ဘယ်နိုင်ငံကိုမှ ကျွန်တော်တို့က ရန်ပြုနေတာမှမရှိတာ။ သူ့ဆီကစစ်ရေး အကူအညီမလိုပါဘူး။ သို့သော်လည်းပဲ နည်းပညာ အကူ အညီပိုင်းနဲ့ ပတ်သက်ပြီးတော့ သင်တန်းတွေ လွှတ်ဖို့ ပြုဖို့ကိုတော့ ကျွန်တော်တို့ စဉ်းစားထားပါတယ်'' ဟု မီဒီယာတွေ့ ဆုံပွဲတွင် ၄င်းကပြော ကြားခဲ့သည်။
လာမည့်နှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ပြီး လေ့လာသူ ၁၃ နိုင်ငံအား ဖိတ်ခေါ်ထားကာ အာရှမှ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့လည်း ပူးတွဲစစ်ရေး လေ့ကျင့်မှုတွင်ပါဝင်မည်ဟု ခန့်မှန်းထားသည်။ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် မြန်မာအား ဖိတ်ခေါ်မည့် အစီအစဉ်မှာ အမေရိကန်တို့၏ အစီအစဉ်ဖြစ်သည်ဟု အမည်မဖော်လိုသူ ထိုင်းအကြီး တန်း စစ်ဘက်အရာရှိတစ်ဦးက ဆိုသည်။
''အားလုံးအဖွဲ့ဝင်တွေ သဘောတူရင် ဒါဟာ တရားဝင်ဖြစ်မှာပါ (တရားဝင် ဖိတ်ခေါ်မှာပါ)''ဟု ၄င်းက ဆိုသည်။
ယင်းကိစ္စမတိုင်မီ အမေရိကန် စစ်ဘက်အရာရှိတစ်ဦး မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး မြန်မာစစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သော် လည်း ယင်းသည် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေး ပညာပေးမှု လုပ်ငန်း များအတွက်သာ ဖြစ်ကြောင်း သိရသည်။
ဥာဏ်လင်းအောင်၊ ကျော်ရဲလင်း
By Popular Myanmar News Journal
Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment