Wednesday 24 October 2012

သာမန်ခဲတံ တစ်ချောင်း အထူသာ ရှိသည့် Apple မှ iPad mini ကို မိတ်ဆက်ပြသခဲ့


ယမန်နေ့ည မြန်မာစံတော်ချိန့် ည ၁၁း၃၀ တွင် မိတ်ဆက်ပြသခဲ့သော iPad mini သည် အလျှား-7.87 လက်မ ရှိပြီး အနံ 5.3 လက်မ ရှိမည်ဖြစ်သည်။

အထူမှာ 0.28 လက်မသာရှိပြီး သာမန် ခဲတံတစ်ချောင်းတစ်၏ အထူသာ ရှိကြောင်း ကြေညာထားသည်။ iPad mini ၏ အလေးချိန်မှာ 0.68 ပေါင်(308 ဂရမ်)သာ ရှိသောကြောင့် ပေါ့ပါးစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။

iPad mini ကို wifi သာ အသုံးပြုနိုင်သည့် အမျိုးအစား နှင့် wifi သာမက cellular network တွင် အသုံးပြုနိုင်သော အမျိုးအစား ဟူ၍ နှစ်မျိုးထုတ်လုပ်ထားကြောင်းသိရသည်။
cellular network အသုံးပြုနိုင်ရန် iPhone5 ကဲ့သို့ Nano-SIM card ဖြင့်အသုံးပြုရမည်ဖြစ်ကြောင်းသိရသည်။

iPad mini တွင် Dual-core A5 Chip ကို အသုံးပြုထားပြီး FaceTime HD Camera (front camera) မှာ 1.2MP ရှိပြီး iSight Camera(Back Camera မှာ 5MP ရှိကြောင်းသိရသည်။

ရောင်းချမည့် ဈေးနှုန်းကို အမေရိကန်ဒေါ်လာ ၃၂၉ ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်ပြီး အောက်တိုဘာလ ၂၆ရက်နေ့တွင် စတင်ရောင်းချမည်ဟု Apple က ကြေညာထားသည်ကိုတွေ့ရသည်။

မကြာခင်အချိန်တွင် NOM Fans များအတွက် iPad Mini ၏ Technical Specifications များကို စုစည်းတင်ဆက်ပေးသွားပါဦးမယ်ခင်ဗျာ။

By News of Myanmar

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment