Tuesday 16 October 2012

မမြင်နိုင်တဲ့မြုပ်ကွက်တွေနဲ့ NGO တွေ ကိုလည်း သတိထားရတော့မယ်


ပွင့်လင်းမြင်သားမှုဆိုတာ ဘာလဲလို့မေးရင် မျက်နှာဖုံးစွပ်ထားသူတွေ အတွက်မရှိတဲ့စကားပါ။
ရခိုင်ကို NGO တွေဝင်လာတာ နှစ်ကာလအားဖြင့် ၂၀ ကျော်နေပြီဖြစ်တယ်။ ဒီလိုကျော်လာတဲ့တိုင်
ဘာအောင်မြင်မှုတွေရသလဲလို့ သူတို့ကိုမေးရင် ဘာပြန်ဖြေမလဲ။ ကုလား-ရခိုင်ပြဿဖြစ်သွားတာဘဲအဖတ်
တင် တယ်လို့သာပြောရတော့မယ်။
ဒီအရေးအခင်းဖြစ်လာတာဟာ NGO တွေရဲ့ပယောဂ မကင်းဘူးဆိုရင် ပိုပြီးမှန်လိမ့်မယ်။ ဆိုတော့ဘာ ကြောင့် NGO တွေကို အရေးပေးဆက်ဆံနေရတာလဲလို့မေးချင်တယ်။ ဒေသတွင်းအကျိုးဖြစ်ထွန်းမှုတစ်စုံတစ် ရာရှိခဲ့သလားလို့ ပြန်ကြည့်ဖို့လိုမယ်။
အကျိုးမရှိရင် ဘာအတွက်ထားရတာလဲ။ တကယ့်တော့ NGO တစ်ခုဟာ အောင်မြင်မှုပန်းတိုင်ဆိုတာ ကိုလက်ကိုင်ထားပြီးလာကြတာဖြစ်တယ်။ မအောင်မြင်ရင် ထွက်သွားရတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရခိုင် ပြည်ကိုရောက်လာတဲ့ NGO တွေဟာ ထာဝရအခြေချလာကြတယ်။
အဓိကပြောချင်တာကတော့ ပွင့်လင်းမြင်သာမှုပါဘဲ။
ပွင့်လင်းမြင်သာမှုမရှိဘဲနဲ့ လုပ်ချင်တာလုပ်ကြတယ်။ သွင်းချင်တာသွင်းလာတယ်။ ယူချင်တာယူလာ တယ်။ အဲဒါကို ပြည်သူတွေက လက်ခံခဲ့သလား။ အခုအစိုးရသစ်လက်ထက်မှာလည်း ဒီလိုပုံစံမျိုးတွေသွားနေ ဆဲဖြစ်တာကိုတွေ့ရတယ်။ ပြည်သူလက်မခံတဲ့ NGO တွေ ကို မောင်းထုတ်ပစ်ရမယ်။ ထားခွင့်မရှိဘူး။ ဘင်္ဂလီ တွေကိုသာ ဦးစားပေးတာဟာ ရခိုင်တွေအတွက် ဒေါသထွက်စရာဖြစ်လာသလို ဘင်္ဂလီတွေဘက်ကလည်း သွေးနထင်ရောက်လာတယ်။ အားကိုးရလာတယ်လို့ ထင်လာတယ်။
ဒီမြေမှာနေပြီး ဒီဒေသကလူတွေကိုသတ်ဖြတ်တယ်။ တိုက်ခိုက်တယ်ဆိုတာ ဘယ်ကရလာတဲ့ အင်အား ကြောင့်လဲလို့ သိကြမှာပါ။ NGO တွေကပေးတာဖြစ်တယ်။ သူတို့အောက်ခြေမှာ ဘာလုပ်နေတယ်ဆိုတာကို ဘယ် ဌာနကမှမသိဘူး။ သိရင်လည်း ငွေပေးရင် မျက်စိမှိတ်လိုက်တာပါပဲ။ ကျွန်တော်တို့ နယ်မြို့တွေမှာ အပေါ် ခေါင်မိုးက ပေါက်နေတော့ ဖာဖို့ခက်သွားပြီ။ ဒေသခံပြည်သူတွေအနေနဲ့ ဘာမှလုပ်လို့မရတော့ဘူး။
အခုကြည့် ဘာကြောင့်ဝင်လာတယ်။ ဘာတွေလုပ်မယ်။ ဘယ်သူ့ဆီကငွေတွေပေးတယ်။ ဘယ်လိုသုံး မယ်ဆိုတာကို ဘယ်သူမှမသိဘူး။ NGO တွေဟာ (ဘ)တွေနဲ့ သွားနေကြတယ်။ ဒါဖြစ်သင့်သလား။ တကယ် တန်းကျူးကျော်မှုကို ခံနေရတာက တိုင်းရင်းသားတွေဖြစ်တယ်။ ဒေသခံတိုင်းရင်းသားတွေဖြစ်ပါတယ်။
ပြည်သူတွေကိုဘာမှ ချမပြဘဲ လုပ်ချင်တာလုပ်တယ်။ အိပ်ထဲထည့်လို့ရတာကိုထည့်ကြတယ်။ နှစ်ပြား တစ်ပဲပေးတာကို လက်ခံပြီး ကိုယ့်ဒေသတွင်းကလူတွေ ဘာဖြစ်သွားမယ်ဆိုတာမတွေးဘဲ ရေငုံနှိပ်ဆိတ်နေခဲ့ ကြတယ်ဆိုတာ အထင်းသားတွေ့နိုင်ပါတယ်။
ဒါကြောင့် NGO တွေနဲ့ပတ်သက်တဲ့ ဥပဒေ မြန်မာနိုင်ငံမှာမရှိဘူးလားလို့မေးချင်တယ်။ ရှိတယ်ဆိုရင် အဲဒီဥပဒေမှာဘယ်လိုရေးထားသလဲ သိသင့်တယ်။ ပြည်သူတွေသိချင်တာကို သိခွင့်ရှိရမယ်။ ပွင့်လင်းစွာပြော ရမယ်။ သူတို့ဘာလုပ်တယ်ဆိုတာကို ပြည်သူတွေလက်ခံလား၊မခံလားဆိုတာ ပြန်ကြည့်ရမယ်။ အခုက ပြည်သူ တွေလက်ခံတာ မခံတာအရေးမကြီးဘူးဖြစ်နေတယ်။ သူတို့တွေလုပ်ချင်တာလုပ်နေကြတယ်။
အဆိုးဆုံးက INGO တွေဖြစ်တယ်။ အခုရေးတာလည်း INGO တွေ အကြောင်းကိုပြောချင်လို့ရေး တာပါ။ ဆေးဝါးတိုက်ကျွေးမှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ရေကောင်းရေသန့််ရရှိရေးတွေလုပ်တယ်။ တကယ်တော့ ခေါင်းစဉ်ကြီးကြီးတပ်ပြီး ဘာမှအောင်မြင်အောင်မလုပ်သူတွေလို့သာမြင်တယ်။ စာရေးသူဟာ အကောင်းဘက်က တွေးပြီးပြောတာပါ။ အဆိုးဘက်ကတွေးပြီးပြောတာမဟုတ်ပါဘူး။ စာရေးသူလည်း INGO တစ်ခုမှာ လေးနှစ်လောက် ၀င်ရောက်လုပ်ကိုင်ခဲ့ဖူးပါတယ်။
မောင်တောဘက်မှာ လုပ်ဖူးတာပါ။ အဲဒီမှာဘာတွေ့သလဲဆိုရင် တီဗွီပိုးရှိသူတွေကို ဆန်တွေ၊ငွေတွေ၊ ဆေးတွေပေးတယ်။ ဆေးရုံတက်ရရင် တစ်နေ့ငါးထောင်ကျပ်ပေးတယ်။ ဆိုတော့ ဘယ်လောက်ထိကြောက် စရာကောင်းသလဲဆိုရင် တီဗွီပိုးရှိသူဟာ တစ်နေ့ကိုငွေတစ်သောင်းလောက်ရလာတယ်။ ဘယ်လို့ရလာသလဲ ဆိုရင် ချွဲသလိပ်ကိုရောင်းစားလို့ဘဲ။ ပိုးမရှိဘဲနဲ့ ပိုးရှိသူရဲ့ချွဲသလိပ်ကို ပါးစပ်ထဲငုံပြီးယူလာတယ်။ ပုလင်းလေး ပေးပြီး ချွဲသလိပ်ထည့်ထားခဲ့ဆိုရင် ပိုးရှိသူဆီက ၀ယ်ပြီး ပါးစပ်ထဲငုံယူလာတဲ့ ချွဲသလိပ်ကို ထည့်တယ်။ အဲ လောက်ထိ ယုတ်မာတာကိုတွေ့ခဲ့တယ်။
ဆိုတော့ ကျမ်းမာရေး လျော့ကျအောင်လုပ်တာလား၊ ပိုမိုများပြားလာအောင်လုပ်တာလားဆိုတာစဉ်းစား ကြည့်ကြပါ။ နောက်ပိုင်းမှာ ဘင်္ဂလီအတော်များများဟာ တီဗွီပိုးရှိသူတွေဖြစ်သွားတော့တယ်။ ဘာကြောင့်လဲ ဆိုရင် သူတို့က ဒီလိုလုပ်တာကိုတွေရင်လည်း အပြစ်မယူဘဲ ဆက်လုပ်ခိုင်းထားလို့ပါဘဲ။ ဒါဟာဘာကြောင့်လဲ လို့မေးဖို့လိုသေးလား။ ကျန်းမာရေးစောင့်ရှောက်မှုပေးတယ်ဆိုတာကော ဖြစ်နိုင်ပါသလား။ ဒါကြောင့် INGO တွေကို ကျွန်တော်တို့ အလေးထားစဉ်းစားရမယ်။ ဖြစ်သလို ၀င်လာတဲ့ INGO တွေ၊ NGO တွေကိုကျွန်တော် တို့ အဓိကထားစဉ်းစားရမယ်။
ရခိုင်ကိုဝင်လာတယ်ဆိုပြီး မောင်တောကိုဘဲသွားကြတယ်။ ဘာကြောင့်အခြားမြို့နယ်တွေကို မသွား တာလဲဆိုတာ စဉ်းစားစရာဖြစ်လာတယ်။ ဒါကြောင့် မဖြစ်မနေ INGO တွေကိုစောင့်ကြည့်ရမယ်။ပြီးတော့ မောင်းထုတ်သင့်ရင် ထုတ်ပစ်ရမယ်။ ပြည်သူတွေလက်မခံတာကို လုပ်ရင် ဘာဖြစ်သွားမယ်ဆိုတာကို ပြရမယ်။
ရေးသားသူ (ချိန်သီး)

အပိုင်း (၂) ကို နောက်အပတ်ဆက်လက်တင်ပြပေးပါမည်။

RSV သို့ အီးမေးလ်ဖြင့်ရောက်ရှိလာသော ဆောင်းပါးတစ်ပုဒ်အား တင်ပြပေးလိုက်ပါသည်။
Credit : RSV

REF: Rakhine Straight Views, Myanmar Journal

By News of Myanmar

No comments:

Post a Comment