Tuesday 16 October 2012

ဦးသိန်းညွန့်၊ ဒေါက်တာအေးမောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးနှင့် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်တို့ နိုင်ငံတကာ ဥပဒေတရားရုံးတွင် သေဒဏ်ကျခံ ရမည်ဟု ခြိမ်းခြောက်ခံရ


ရန်ကုန်၊ အောက်တိုဘာ ၁၁၊ ၂ဝ၁၂
ရခိုင်အရေးကိစ္စကို လွှတ်တော် တွင် ဆွေးနွေးခဲ့သော လွှတ်တော် ကိုယ်စားလှယ်တချို့နှင့် နိုင်ငံရေး နယ်ပယ်မှ ပုဂ္ဂိုလ်အချို့ကို နိုင်ငံတ ကာ ဥပဒေတရားရုံးတွင် သေဒဏ် ကျခံရမည်ဟု ရေးသားခြိမ်းခြောက်
ထားသော စာတစ်စောင် အမျိုးသား ဒီမိုကရေစီပါတီသစ်ရုံးသို့ စာတိုက်မှ တစ်ဆင့် ရောက်ရှိလာကြောင်း သိရ သည်။
''ရခိုင်တိုင်းရင်းသား တွေဆီ က ငွေသိန်းခြောက်ရာယူပြီး လွှတ် တော်မှာ ဘက်လိုက် ဆွေးနွေးခဲ့တာ တဲ့၊ အခြားသူတွေကိုလည်း ပုတ်ခတ် ခြိမ်းခြောက်ထားတယ်။ လွှတ်တော် ကိုတော့ မတင်ပြတော့ပါဘူး။ သက် ဆိုင်ရာမြို့နယ်အဖွဲ့အစည်းတွေကို အသိပေးပြီးပြီ။သူတို့ဖော်ထုတ်ပေါ့'' ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောသည်။
အဆိုပါ ခြိမ်းခြောက်ရေးသား ထားသော စာတွင် ဦးသိန်းညွန့်ကို လိပ်မူထားသော်လည်း ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ဦးကိုကိုကြီးနှင့် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်တို့ အ မည်များလည်း ပါဝင်ကြောင်း သိရ သည်။
''ကျွန်တော်တို့ ပြည်ထောင်စု က ဘယ်လိုသွားသင့်တယ်ဆိုတာ ပြည်သူတွေက သိပါတယ်။ ခြိမ်း ခြောက်တာတွေကိုတော့ လက်မခံ ဘူး။ မည်သည့်ခြိမ်းခြောက်မှုကိုမှ လည်း ကြောက်ရွံ့သွားမှာမဟုတ် ဘူး။ အခုလို ခြိမ်းခြောက်မှုတွေ လုပ် နေတာဟာ အကြမ်းဖက်လိုတဲ့သူတွေ ပျံ့နှံ့စိမ့်ဝင်နေပြီလားလို့ ပြည်သူတွေ သတိထားသင့်ပါတယ်။ အကြောက် တရားနဲ့ ခြိမ်းခြောက်ပြီး ဖိအားပေး တယ်ဆိုတာ ကမ္ဘာမှာ လက်မခံပါ ဘူး'' ဟုအမျိုးသားလွှတ်တော်ကိုယ် လှယ်စား ဒေါက်တာအေးမောင်က ပြောသည်။
ယခုကဲ့သို့ ခြိမ်းခြောက်စာမရ ရှိခင် လွန်ခဲ့သည့် သြဂုတ်လအတွင်း ကလည်း တယ်လီဖုန်းဖြင့် ဆက် သွယ်၍ ခြိမ်းခြောက်ပြောဆိုမှုများ ရှိကြောင်း အမျိုးသားဒီမိုကရေစီပါ တီသစ်မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
''တကယ်ဆိုရင်တော့ ဒီစာရဲ့ ဇာစ်မြစ်ကို ဖော်ထုတ်ဖို့အတွက် အစိုး ရနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေမှာ တာဝန် ရှိပါတယ်''ဟု ဒေါက်တာအေးမောင် က မှတ်ချက်ပြုပြောကြားသည်။
အမျိုးသား ဒီမိုကရေစီပါတီ သစ်၏တစ်နှစ်ပြည့်အခမ်းအနားတွင် ပါတီဥက္ကဋ္ဌဖြစ်သူ ဦးသိန်းညွန့်က ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ဖျက်သိမ်းရန် မလိုကြောင်းနှင့် သင်္ဃန်းကျွန်းမြို့နယ်တွင် အစ္စလာမ် ဘာသာဝင် သုံးပုံတစ်ပုံခန့်ရှိပြီး လာ မည့်ရွေးကောက်ပွဲတွင် အဆိုပါ လူထုက မဲမပေး၍ ရှုံးနိမ့်ခဲ့ပါက လည်း ပြုံးရွှင်စွာ ခံယူသွားမည်ဖြစ် ကြောင်း ပြောကြားထားခဲ့သည်။

By Messenger News Journal

No comments:

Post a Comment