၂၀၁၂ ခုနှစ် အောက်တိုဘာလ၊ ၁၂ ရက်နေ့ နေ့လည် တွင် မြိတ်မြို့ ခရိုင် နှင့် မြို့နယ်တရားရုံတွဲဖွင့်ထားသည့်ရုံးအား အမည်မသိမူးယစ်ဆေးဝါးသမားများ
တံခါး ရိုက်ချိုးဖျက်ဆီး ဝင်ရောက်ပြီး ၊ စားပွဲခုံများဖျက်ဆီးပြီး ငွေ ၅၀၀၀၀ ကျပ် ယူဆောင်သွားသည့်အပြင် ဘိန်းစာမှုန့်များ ပစ်ဖြန်းထားခဲ့သည်ဟု
နှီးစပ် ရဲတပ်ဖွဲံဝင်တစ်ဦးဆီမှ သတင်းရရှိပါသည်။
တရားရေး မဏ္ဍိုင်ကိုတောင် အတင့်ရဲစွာတက်ရောက်ဖျက်ဆီးနေခြင်းသည် မြိတ်မြို့တရားဥပဒေ စိုးမိုးရေးဆောင်ရွက်ချက်များတွင် ကြီးမားသည့် ချို့ယွင်းမှုများရှိနေပါသည်။ ဥပမာ- တရားရုံးရှေ့နေ ဦးသက်ဦးဆိုသူမှာ အတင့်ရဲစွာ တရာခံအများစုနှင့်အချို့မှာ မတရား အမှုတွဲအတွင်းအတင်း
ဆွဲသွင်းပြီး အိမ်သို့ခေါ်ယူ ခြိမ်းခြောက်ပြီး ငွေတောင်းခံနေကြောင်း တရားသူကြီးများပင် ၄င်းအား ကြောက်ရွံ့နေရကြောင်း သိရပါသည်။
ဥပဒေ စိုးမိုးရေး ဆောင်ရွက်လျက်ရှိသည့် တရားရုံးပေါ်သို့တိုင် တက်ရောက်
ရမ်းကားခဲ့သူများအား ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းသိရပါသည်။
မြတ်လေးငုံ
By Myanmar Online News
No comments:
Post a Comment