Tuesday 16 October 2012

ရွှေတြိဂံမှာ မြန်မာ ၁၂ ဦး ဖမ်းဆီးခံရ

ရွှေတြိဂံနယ်မြေလို့ လူသိများတဲ့ မြန်မာ၊ ထိုင်း၊ လာအို နိုင်ငံ ၃ ခု ထိစပ်တဲ့ နယ်မြေမှာ ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်နေ့က သတင်းအရ ထိုင်းစစ်တပ်က ၄င်းတို့ပိုင် နယ်မြေ အတွင်း ရှောင်တခင်
စစ်ဆေးမှု လုပ်ဆောင်ခဲ့ရာတရားမ၀င်လူခိုးသွင်းနေစဉ် လူ ၁၇ ဦးကို ဖမ်းဆီးလိုက်
ပါတယ်။ 
...
ထိုင်းနယ်ခြားစောင့် စစ်တပ်က တရားမ၀င် လူခိုးသွင်းနေသည့် လှုပ်ရှားမှု တခုနဲ့ ဆက်စပ်ပြီး မြန်မာ ၁၂ နဲ့ လာအို ၅ ဦး စုစုပေါင်း ၁၇ ဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းနိုင်ငံ၊ မယ်ဆိုင် သတင်း (http://www.maesainews.com/) တခုမှာ ဆိုပါတယ်။

သူတို့ကို အခုတော့ ထိုင်း ဥပဒေနဲ့ ဆက်လက် အရေးယူသွားမှာဖြစ်တယ်
လို့ ဆိုပါတယ်။ မြန်မာ ၁၂ ဦးကတော့ ဘယ်သူ၊ ဘယ်အရပ်က ဆိုတဲ့ အသေစိပ် အချက်အလက်တွေကို ထိုင်းသတင်းတွေက ဖော်ပြထားတာ မရှိပေမယ့်ပွဲစားက တဦးကတဆင့် အလုပ်ရုံတခုကို ပို့ဖို့ရှိတယ်ဆိုတာ
တော့ ဖော်ပြထားပါတယ်။ 

By Irrawaddy

No comments:

Post a Comment