Tuesday 16 October 2012

OIC နဲ့  စာချုပ်ဟာ စက္ကူစုတ်ဖြစ်ဖို့ လိုသေးတယ်


ခုတော့လဲဘဲ နိုင်ငံတော်သမ္မတရုံးဝပ်ဆိုက်မှာ -OIC- ရုံး ဖွင့်လှစ်မဲ
့ဟာကို ခွင့်မပြုတော့ဘူးလို့  ကြေညာထားတာတွေ့ ရတယ် ။ ဒါပေမဲ့ 
ဆန္ဒပြနေတာတွေ ရပ်တန့် သွားလေပြီလားလို့  မေးစရာရှိလာတယ် ။
မရပ်တန့် သေးတဲ့ အပြင်မှာ ဆက်လက်ပြီးတော့တောင် ဆန္ဒပြ နေကြအုံးမယ်လို့  သတင်းတွေမှာကြားနေရတယ် ။ ဒီတော့ အဖြေတခုကို တိတိကျကျ အစိုးရက လုပ်ပေးဖို့ လိုတယ် ။ မပေးလို့  ရှိနေရင် ဆန္ဒပြတာတွေဟာ ဆက်တိုက်ဖြစ်နေမှာ သေချာနေတယ် ။
အဓိကကတော့ စာချုပ်ချုပ်ခဲ့ တာကို မပယ်ဖျက်သေးဘူးဆိုတာပါဘဲ ။ ဒီစာချုပ်ကိုဒီအတိုင်းထားနေလိုကတော့အသက်ဝင်ဆဲရှိနေအုံးမယ်ဖြစ် တယ် ။ တဖက်ကလဲဘဲဒီစာချုပ်က အသက်ဝင် ရှိနေသေးတာမို့  လျှာယားတိုင်း ပြောချင်နေအုံးမယ် ။
ဒါ့ကြောင့်မို့ လို့  အစိုးရအနေနဲ့  -OIC- နဲ့  ချုပ်ဆိုထားတဲ့ 
စာချုပ်ကို ရုပ်သိမ်းပြီ်။ဖျက်သိမ်းပြီ ဆိုတဲ့  အကြောင်း ကမ္ဘာကို
ကြေညာဖို့ လိုတယ် ။ ဒီလိုကြေညာမှသာ အခုလို လမ်းပေါ်ထွက် ဆန္ဒပြနေတာတွေရပ်တန့် သွားမှာဖြစ်တယ် ။
တချိန်တည်းမှာဘဲ အခုလို လမ်းပေါ်ထွက် ဆန္ဒပြခဲ့ သူများတွေထဲက
ရဟန်းသင်္ဃာတော်တွေ -ကျောင်းသားတွေကို ဖမ်းဆီးထားတာကြားရတယ် ။
မြန်မာနိုင်ငံအတွင်းမှာ အခုလို ဆန္ဒပြခဲ့ တာနဲ့  ပါတ်သက်လို့ 
ဖမ်းဆီးထားသူများရှိရင်လဲ ချက်ချင်းလွှတ်ပေးစမ်းပါလို့  တောင်းဆိုပါရစေ ။
တည်ငြိမ်အေးဆေးစွာ အကြမ်းမဖက်တဲ့  ဆန္ဒပြနေတဲ့  ကမ္ဘာကြီးမှာ မည်သည့်
လူမျိုးကိုမျှ အစိုးရက မဖမ်းဆီးဘူးဆိုတာ လူတိုင်းသိရှိနားလည်ကြပါတယ် ။
ဒီကနေ့ မျက်မှောက်ကမ္ဘာမှာ တည်ငြိမ်အေးချမ်းစွာ အကြမ်းမဖက်တဲ့ 
လမ်းပေါ်ထွက်ဆန္ဒပြသူတွေဟာ မြန်မာနိုင်ငံမှာသာ ရှိတယ် ။
လမ်းပေါ်ထွက်ဆန္ဒပြသူတွေမှာ လက်နက်ဆိုလို့  အပ်တိုတချောင်း မပါကြပါဘူး ။
တုတ် ၊ဒါး ၊ အုဋ္ဌ်နီခဲ ၊ သေနတ် ၊ ဗုံး စတာတွေ ဘာတခုမှ မပါဘူး ။
ယုတ်စွအဆုံး လက်ကမ်းစာစောင်တွေ - ပိုစတာတွေ - မှာ ဖရုသ၀ါစာ ရေးတဲ့ စာတွေ
နဲ့  ဘာတခုမှ ရေးထားတာ မတွေ့ ရဘူးဆိုတာ လူတိုင်းသိတယ် ။
ခရမ်းချဉ်သီးအပုတ်လဲ မပါသလို ကြက်ဥပုတ်လဲ မပါကြဘူးပေါ့ ။
ဒီလိုဆိုရင် မြန်မာနိုင်ငံမှာ ဆရာတော် ရဟန်းသင်္ဃာတော်တွေနဲ့ 
ဗုဒ္ဒဘာသာဝင် တိုင်းရင်းသားလူမျိုးတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူများသာ
ဖြစ်တယ် ။ သူတို့ ကို ဆန္ဒပြခွင့်ပေးပြီး လူထုဆန္ဒပွဲပြီးဆုံးချိန် လူစုခွဲ
သွားမယ်ဆိုရင် အစိုးရနဲ့  လူထုကြားမှာ ဘာပြသနာမှ မရှိတော့ဘူးပေါ့ ။
အေးအေးဆေးဆေး လူပေါင်းသောင်းနဲ့ ချီသော ဆန္ဒပြပွဲကြီး ပြီးဆုံးသွားရင်
လူထူလူတန်းစား အသီးသီးဟာ စစ်မှန်သော ဒီမိုကရေစီစနစ်တခုဆီသို့  ညင်သာစွာ
ချီတက်သွားတတ်နေပြီ ဆိုတဲ့  လက္ခဏာကို မြင်တွေ့ နေရပြီလို့  ပြောလို
့ရပြီဘဲ ။ အစိုးရနဲ့ လုံခြုံရေးတပ်တွေဟာ ဒီလို အမြော်အမြင်တွေ ရှိနေဖို
့လိုတယ် ။
အခုအချိန်မှာ ပုဒ်မ္မ( ၁၄၄ ) အမိန့် ကို ဖြေးဖြေးချင်း
နာရီလျှော့ပေးပြီး ရုပ်သိမ်းလာပြီဆိုတာ သိလာရပါတယ် ။ နိုင်ငံတော်
သမ္မတအကြံပေးအဖွဲ့ ဝင် ဦးလှမောင်ရွှေနဲ့  ဒေါက်တာကျော်ရင်လှိုင်နဲ့ 
နယူးယောက်မြို့ ကဗျာဆရာကြီး ( ဦး ) မောင်စွမ်းရည်အိမ်မှာ တွေ့ တုံးက
ဒီအကြောင်းကို ပြောပြလိုက်ပါတယ် ။ ကျွန်တော်သိတဲ့  ပုဒ်မ္မ( ၁၄၄ ) ဆိုတဲ့ 
အကြောင်းကို လူထုတွေကို အစိုးရက ပညာပေးသင်တန်းတွေ ပေးဖို့ လိုတယ်လို့ 
ပြောပြလိုက်တာဖြစ်တယ် ။ ပုဒ်မ္မ ( ၁၄၄ ) ဆိုတာ လူ(၅ ) ဦး ထက်
မစုရဆိုတာမျိုးနဲ့  ညမထွက်ရအမိန့် လို့  ယေဘူယျသာ နားလည်ကြတယ် ။ တိတိကျကျ
နားမလည်တော့ လူထုကလဲ ဖြစ်ချင်ရာဖြစ်ကြသလို တာဝန်ရှိ လုံခြုံရေးအဖွဲ
့တွေကလဲ တိတိကျကျ မသိတော့ ဒီအတိုင်း ပြသနာကို ကြီးထွားသွားစေတာဖြစ်တယ် ။
ဒါ့ကြောင့် ပုဒ်မမ( ၁၄၄ ) ကို လုံခြုံရေးတပ်သားတွေနဲ့  ပြည်သူလူထုကို
ပညာပေးသင်တန်းတွေ ပေးဖို့ လိုတယ်လို့  နိုင်ငံတော်သမ္မတအကြံပေး အဖွဲ
့ဝင်တွေကို ကျွန်တော်က အကြံပေးတင်ပြလိုက်တာဖြစ်တယ် ။
ဒီတော့ ပုဒ်မ္မ ( ၁၄၄ ) ကို ပြောပြပါ့မယ် ။ ပုဒ်မ္မ ( ၁၄၄ ) ဆိုတာဟာ
လူစုလူဝေးများနဲ့  ဆန္ဒပြလာကြရင် အကြမ်းဖက်မည့် လက္ခဏာတွေ ရှိလာတော့မယ်ဆိုရင် ထိမ်းမနိုင်သိမ်းမရ ဖြစ်လာတော့မယ် ဆိုရင် ထုတ်ပြန်ရမဲ့ ဥပဒေဖြစ်တယ် ။ ပထမဦးစွာ ဆန္ဒပြအုပ်စုကို ရှေ့မတိုးနိုင်အောင်သံဆူးကြိုးကာ တားထားရတယ် ။ အဲဒီလို ကာဆီးပြီးရင် ပုဒ်မ္မ ( ၁၄၄ ) အမိန်ကို ထုတ်ပြန်ကြောင်း အသိပေးရပါတော့မယ် ။ ဒီလို အသိပေးကြေညာတော့မယ်ဆိုရင်ဆန္ဒပြနေတဲ့  နေရာအနီးမှာ ကားတွေ အဆင်သင့်စီစဉ်ထားရပါလိမ့်မယ် ။
နောက်အဲဒီလိုဘဲ ဆေးရုံမှာလဲ တာဝန်ကျ ဆရာဝန်များကို တာဝန်ကိုယ်စီ
ထမ်းရွက်နိုင်ဖို့  စီစဉ်ဆောင်ရွက်ထားရပါလိမ့်မယ် ။ ဒီလိုစီစဉ်ပြီးရင်
ဆန္ဒပြနေတဲ့  လူအုပ်ကို ပုဒ်မ္မ ( ၁၄၄ ) အမိန့် ထုတ်ပြန်ကြောင်း
လူကြားအောင် အသံချဲ့ စက်နဲ့  ကြေညာပေးရပါလိမ့်မယ် ။ ဒီအချိန်မှာ လူအုပ်ကနောက်မဆုတ်ဘဲ ရှေ့သို့  တက်လှမ်းလာရင် ရှေးဦးစွာ မြင်းတပ်နဲ့ 
ထိမ်းရပါတယ် ။ အကယ်၍ မြင်းတပ်မရှိတဲ့  နေရာဒေသတွေမှာ မျက်ရည်ယိုဗုံးနဲ့ လူအုပ်ကို ဖြိုခွဲ ရပါတယ် ။
မျက်ရည်ယိုဗုံးနဲ့  လူအုပ်ကို ခွဲ လို့  လူစုကွဲသွားပြီဆိုရင်
နောက်ထပ် ပုဒ်မ္မ ( ၁၄၄ ) အတိုင်း ညမထွက်ရအမိန့် ကို ကျင့်သုံးသွားရုံပါဘဲ
။ ဒါပေမဲ့  အဲဒီလို မျက်ရည်ယိုဗုံးနဲ့  ပစ်ခတ်သော်လဲဘဲ လူအုပ်က
နောက်မဆုတ်ဘဲနဲ့  ရှေ့ဆက်ပြီး သံဆူးကြိုးကို ကျော်ဖြတ်လာတော့မယ် ဆိုရင်သေနတ်နဲ့  ပစ်ခတ်နှိမ်နှင်းရပါတော့မယ် ။ သေနတ်နဲ့  ပစ်ခတ်နှိမ်နှင်းတဲအခါမှာ မိုးပေါ် ထောင်မပစ်ရပါဘူး ။ အကယ်၍ မိုးပေါ်ထောင်ပစ်ခဲ့ ရင် လူထုကသူတို့ ကို မပစ်ခတ်ဘူးဆိုတာ သိသွားပြီး အတင့်ရဲကာ ရှေ့ဆက်တိုးလာမဲ့ အန္တရယ်တွေ ဖြစ်လာပါလိမ့်မယ် ။ ဒါ့ကြောင့်မို့ လို့  သေနတ်နဲ့  ပစ်ခတ်တဲအခါ မိုးပေါ်ထောင်မပစ်ဘဲနဲ့  အဆူပူဆုံး လူအုပ်ကို ပစ်ခတ်ရပါတယ် ။ ဆန္ဒပြတဲ့
့ လူထုတွေထဲ အဆူပူဆုံး နေရာမှာ ခေါင်းဆောင်များက ရှိတတ်ပြီး တချို့ မှာ
ဆန္ဒပြပွဲကို လိုက်ပါကြည့်ရှူသူများ ဖြစ်တတ်ကြပါတယ် ။ ဒါ့ကြောင့်
အဆူပူဆုံး လူအုပ်ကို ပစ်ခတ်ရပါတယ် ။
တကယ်လို့  အဲဒီလို ပုဒ်မ္မ( ၁၄၄ ) အမိန့် ကို ချိုးဖေါက်ပြီး
သံဆူးကြိုးကို ကျော်ဖြတ်ကာ လူအုပ်က ရှေ့ဆက်တက်လာကြမယ်ဆိုရင်
အဆူပူဆုံးနေရာ လူအုပ်စုကို ပစ်ပြီးတာနဲ့  စောစောက ရပ်ထားတဲ့ 
မော်တော်ကားတွေနဲ့  ချက်ချင်း ဒဏ်ရာရသူ ၊ သေဆုံးသူ များကို
သယ်ဆောင်သွားရပါတယ် ။ ဆေးရုံကို ယူဆောင်သွားပြီး အရေးပေါ် တာဝန်ကျနေတဲ့ ဆရာဝန်များနဲ့  ကုသပေးရပါတယ် ။ ဒါဟာ ပုဒ်မ္မ ( ၁၄၄ ) ရဲ့ အနှစ်သာရဖြစ်ပါတယ် ။ ပုဒဒ်မ္မ ( ၁၄၄ ) ကို ချိုးဖေါက်ရင်
လုံခြုံရေးလက်နက်ကိုင် အဖွဲ့ ကို ပစ်မိန့် ပေးထားတာ သတိမူကြပါလိမ့်မယ် ။
ဒါဟာ ဒီဥပဒေမှာ အဓိက အရေးကြီးတဲ့  အချက်ပါဘဲ ။ ဒီလို ဥပဒေမျိုးကို လူထုကနားလည်မှ အစိုးရရဲ့  လုံခြုံရေးတပ်တွေက နားလည်မ ပုဒ်မ္မ ( ၁၄၄ ) အမိန်ဟာ တန်ဖိုးရှိသလို နယ်မြေဒေသတွေဟာလဲဘဲ ငြိမ်းချမ်းကြမှာဖြစ်ပါတယ် ။
အခုအချိန်မှာ ဥပဒေကို ထုတ်ပြန်ထားပေမဲ့  ဒီဥပဒေအတိုင်း မကျင့်သုံးလို့ သာလူတွေဟာ ကြမ်းချင်တိုင်းကြမ်း ရမ်းချင်တိုင်း ရမ်းနေကြတာဖြစ်ပါတယ် ။
ဥပဒေအတိုင်း တိတိကျကျ ဆောင်ရွက်လိုက်ရင် ဘယ်လူသားကမှ နားရွက်လှုပ်စရာအကြောင်းမရှိဘူးလို့  ထင်ပါတယ် ။
ဒါ့ကြောင့်မို့ လို့  စစ်အစိုးရရဲ့  အငွေ့ အသက် မကုန်သေးတဲ့ 
မြန်မာနိုင်ငံအစိုးရအနေနဲ့  ဒီမိုကရေစီစနစ်ဆီသို့  ခြေလှမ်းလှမ်းစ
ပြုနေချိန်မှာ လူထုရဲ့  အသံကို နားထောင်ပြီး လူထုအလိုကို လိုက်လျောဖို
့လိုပါတယ် ။ ဒီကနေ့ မျက်မှောက်ကာလ အချိန်မှာ လူထုလူတန်းစား အသီးသီးတွေကဆန္ဒပြတောင်းဆိုနေတာဟာ သူတို့ ရဲ့  ဘ၀လုံခြုံရေးအတွက်ဖြစ်တယ် ။ဒါကြောင့်မို့ လို့  စာချုပ်တွေ ချုပ်ဆိုပြီး လုပ်ထားရင်စာချုပ်သက်တမ်းကို ဖျက်ဆီးဖို့  စက္ကူစုတ်လုပ်ပေးဖို့ လိုပါ တယ် ။ ဒီလိုစာချုပ်ကို စက္ကူစုတ်လုပ်ပြီးမှ လမ်းပေါ်ထွက် ဆန္ဒပြခြင်းတွေ ရပ်တန့်သွားမှာ ဖြစ်ကြောင်းပါ ။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

မူရင်းသတင်း----Myanmar Journal

By Aye Chan Mon

http://www.facebook.com/excellencemedia

No comments:

Post a Comment