Tuesday 16 October 2012

ခုနှစ်ရက်သားသမီးများအတွက် ( ၁၅.၁၀.၁၂) မှ ( ၂၁.၁၀.၁၂)ထိ တပတ်စာဟောစာတမ်း


img_1884ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

အလုပ်တွင်စိတ်ဖိစီးမှုများဖြစ်နေတတ်သည်။ ငွေဝင်သော်လည်းစိတ်လေနေသောကြောင့်

အကျိုးမရှိကုန်နေတတ်သည်။ အမိနိုင်ငံပြန်ချင်နေသော်လည်းမပြန် ဖြစ်ဘဲဖြစ်နေတတ်သည်။
စိတ်ညစ်စရာများမကြာခဏဖြစ်နေတတ်သည်။ အလုပ်တွင် နာမည်ကောင်းရနေမည်။
အခန်းပြောင်းခြင်း၊ နေရာသစ်ပြောင်းချင်စိတ်ဖြစ်သော်လည်းမပြောင်းဖြစ်ဘဲဖြစ်နေမည်။
လက်ရှိအလုပ်၊ လက်ရှိနေရာကအစစအရာရာအဆင်ပြေနေသည်။ မပြောင်းပါနှင့်။

ကျန်းမာရေး။ လက်ပြင်အောင့်နေတတ်သည်။
အချစ်ရေး။ စိတ်ဆိုးစရာဖြစ်ပြီးပေါက်ကွဲရတတ်မည်။ သို့သော်နာရီပိုင်းအတွင်းစိတ်ဆိုးပြေသွားမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါင်မုန့်ထောပတ်သုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၆ ၃ ၁ )

တနင်္လာသားသမီးများ၏ကံကြမ္မာ

စီးပွားရေးကောင်းနေသည်။ ငွေများစွာဆက်တိုက်ဝင်နေမည်။ အလှူအတန်းများဆက်တိုက်
လုပ်ဖြစ်နေမည်။ မိဖများရှိကကျန်းမာရေးညံ့နေတတ်သည်။အထူး ဂရုစိုက်ပါ။ သားသမီးများ
၏နာမည်ဂုဏ်သတင်းကောင်းများကြားရတတ်သည်။ နိုင်ငံခြားနှင့်ပတ်သက်သောကိစ္စများလုပ်ရ
တတ်ခြင်း၊ နိုင်ငံရပ်ခြားမှလက်ဆောင်ပစ္စည်းရောက်လာခြင်း၊ စာရောက်ခြင်းဖြစ်တတ်သည်။
မိမိအတွက်ကောင်းသတင်းများပါသောစာဖြစ်မည်။

ကျန်းမာရေး။ ၀၍စိတ်ညစ်နေရတတ်သည်။
အချစ်ရေး။ မိမိဘ၀အတွက်ချစ်သူကောင်းရတတ်သည်။ မိမိဘက်ကမှန်ကန်ဖို့နှင့်မာနမကြီးဖို့လိုသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါင်မုန့်နို့ဆမ်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၂ ၃ ၅ ၂)

အင်္ဂါသားသမီးများ၏ကံကြမ္မာ

အလုပ်တွင်စာရင်းအင်းမှားတတ်သည်။ စိတ်ညစ်စရာများနေ့စဉ်ကြုံတွေ့နေရတတ်သည်။
ကြီးမားသည့်ကိစ္စမဟုတ်ဘဲအသေးအဖွဲကိစ္စလေးများဖြစ်သည်။ ပျော်ရာမှာမနေရသင့်တော်ရာ
မှာနေရသလိုဖြစ်နေတတ်သည်။ ငွေဝင်သော်လည်းငွေများကုန်နေတတ်သည်။ ရွှေဝင်ခြင်း၊
အ၀တ်အစားများဝင်ခြင်းဖြစ်မည်။ ခင်မင်ခဲ့ဖူးသောသူ၏နှောင့်ယှက်ခြင်းခံနေရတတ်သည်။
အစစအရာရာသတိထားပါ။

ကျန်းမာရေး။ အရေပြားတွင်အဖုအပိန့်များပေါက်တတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာမှုများဖြစ်နေရသောအချိန်ဖြစ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါင်မုန့်စတော်
ဘယ်ရီယိုသုပ်ပြီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၀ ၅ ၁ ၆ )

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

နိုင်ငံခြားမှမိတ်ဆွေ၊ ဆွေမျိုးသားချင်းများနှင့်အဆက်အသွယ်ရနေမည်။  ပြည်တွင်းပြည်ပခရီးသွားရခြင်း၊
အမိနိုင်ငံပြန်ရန်စီစဉ်နေသူများ၊ အခြားနိုင်ငံထွက်ရန်လုပ်ကိုင် နေသူများခရီးအားကောင်းနေသည်။
ငွေများဝင်ခြင်း၊ ရွှေများဝင်ခြင်းဖြစ်နေသည်။ ကားဝယ်ရန်စိတ်ကူးနေသော်လည်းမ၀ယ်ဖြစ်သေးပါ။
ဝယ်ကမကောင်းသေးပါ။ ဆွေမျိုးနီးစပ်ရာနားရေးဖြစ်တတ်သည်။

ကျန်းမာရေး။ အကြောနာနေတတ်သည်။
အချစ်ရေး။ လက်ထပ်ရန်ပြောနေလိမ့်မည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားပေါင်မုန့်ခရမ်းချဉ်သီးယိုသုပ်ပြီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၀ ၅ ၇ ၅)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

ဘာသာရေးနှင့်ပတ်သက်သောကိစ္စများလုပ်ကိုင်နေရတတ်သည်။ ငွေများဝင်မည်။
အထွက်လည်းများနေမည်။ ရင်းနှီးမြုပ်နှံထားသောငွေများပြန်ရရန်ခက်ခဲနေ တတ်သည်။
မိမိအလုပ်တွင်အောင်မြင်သောသတင်းကောင်းများကြားရခြင်း၊ ၀င်ငွေတိုးခြင်း၊ လစာ
တိုးခြင်းများဖြစ်နေတတ်သည်။ မိမိမရောက်ဖူးသောဒေသရောက် နေရခြင်း၊ မိတ်ဆွေသစ်
များနှင့်တွေ့ရခြင်း၊ ရုံးကိစ္စများနှင့်ပတ်သက်ပြီးတခုပြီးတခုလုပ်ကိုင်နေရတတ်သည်။
အစစအရာရာအဆင်ပြေပါလိမ့်မည်။

ကျန်းမာရေး။ စိတ်ပင်ပမ်း၊ လူပင်ပမ်းဖြစ်နေတတ်သည်။
အချစ်ရေး။ စိတ်တူကိုယ်တူရှာဖွေနေချိန်ဖြစ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါင်မုန့်သကြားဖြူးပြီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၂ ၅ ၇ )

သောကြာသားသမီးများ၏ကံကြမ္မာ

အလုပ်တွင်ဝင်ငွေကောင်းသော်လည်း စိတ်ဖိစီးမှုများနေမည်။ နိုင်ငံရပ်ခြားနှင့်ပတ်သက်ပြီးသတင်းကောင်း
ကြားရတတ်သည်။ အင်တာဗြူးဖြေဆိုရခြင်း၊ သင်တန်းတက်ရခြင်းများဖြစ်တတ်သည်။ အလုပ်တွင်လုပ်နေ
ရသော်လည်းစိတ်မပါသလိုဖြစ်နေတတ်သည်။ ရစရာရှိသောငွေများပြန်မရနိုင်တော့သလိုဖြစ်နေတတ်သည်။
ရွေလက်ကောင်ဝင်ခြင်း၊ ရွှေလက်စွပ်ဝင်ခြင်းဖြစ်တတ်သည်။
ကောင်းသည်။ ရပ်ဝေးမှနာရေးသတင်းကြားရတတ်သည်။

ကျန်းမာရေး။ လက်များကိုက်ခဲနေတတ်သည်။
အချစ်ရေး။ လိမ်လည်လှည့်ဖျားခြင်းခံရတတ်သည်။ ရုတ်တရက်အဆက်အသွယ်ဖြတ်တောက်ခြင်းခံနေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါင်မုန့်ကြက်ဥကြော်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်။ ( ၁ ၂ ၄ ၇)

စနေသားသမီးများ၏ကံကြမ္မာ

လုပ်ငန်းများတိုးချဲ့ပြီးမနိုင်မနင်းဖြစ်နေတတ်သည်။ ပုံမှန်ဝင်ငွေကောင်းသည်။ အမိနိုင်ငံပြန်ရန်စိတ်ကူးနေသော်
လည်းမပြန်ဖြစ်ဘဲဖြစ်နေတတ်သည်။သားသမီးများကိုအားမလိုအားမရဖြစ်နေတတ်သည်။ စိတ်များရှုပ်ထွေးနေ
တတ်သည်။ လုပ်ချင်တာများနေတတ်သည်။ စိတ်သွားတိုင်းကိုယ်မပါသလိုဖြစ်နေမည်။ ပုံမှန်အလုပ်ဘဲလုပ်နေပါ။ လုပ်ငန်းတိုးချဲ့လျှင်မအောင်မြင်သေးသောအချိန်ဖြစ်နေသည်။ နိုင်ငံခြားကိစ္စများရပ်တန့်နေတတ်သည်။

ကျန်းမာရေး။ ဆီး၊ ၀မ်းချုပ်နေတတ်သည်။
အချစ်ရေး။ ပုံမှန်အတိုင်းဖြစ်နေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားပေါင်မုန့်မီးကင်ပြီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၇ ၇ ၅ ၆)

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*

ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့် )
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း- 016 6903 513 ,018 2250 510
E-mail:swezinwati@gmail.com

By Freedom News Group

No comments:

Post a Comment