Tuesday 16 October 2012

တာကာငွေ ၂ ကုဋေ ကျော်ဖိုး ယာဘားဆေးပြားများ ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့ ထပ်မံ ဖမ်းဆီးမိ


တာကာငွေ ၂ ဒဿမ ၁၄ ကုဋေ ဖိုးခန့်
ရှိသည့် ယာဘားဆေးပြား ၆၇၁၃၅ ပြားကို
ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့က
နယ်စပ်မြို့ တက်ကနက်တွင် ဖမ်းဆီး
ရမိကြောင်း သက်ဆိုင်ရာက သတင်း ထုတ်ပြန်ကျေညာသည်။

လွန်ခဲ့သော စနေနေ့က မြန်မာနိုင်ငံသား မွတ်ဆလင် သုံးဦးနှင့် အတူ
ယာဘား ဆေးပြား ၄၀၀၈၈ ကို နတ်မြစ်အတွင်း ဘုတ်တစ်စီးပေါ်မှ
ရှာဖွေ ဖမ်းဆီးရမိပြီးနောက် ယခု ဆေးပြားများကို နောက်ထပ် ဖမ်း
ဆီးရမိခြင်း ဖြစ်သည်။

ဗိုလ်မှူးကြီး ဇော်ဟစ် ဟာဆန်၏ ထုတ်ဖေါ်ပြောဆိုချက်အရ အဆိုပါ ဆေးပြား
များကို တက်ကနက် (ကယုချောင်း) မြို့နယ် ဆားပြင် တိုက်နယ်တွင်
တနင်္လာနေ့ နံနက်က ပြုလုပ်သော စီးနှင်း ရှာဖွေမူ တစ်ခု အတွင်း
ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ဆိုသည်။

ယာဘားဆေးပြား မှောင်ခိုသမားများမှာ ထွက်ပြေးသွားသဖြင့် တစ်စုံတစ်ဦး
ကိုမှ ဖမ်းဆီးရမိခြင်း မရှိကြောင်း ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ် ဘီဂျီဘီ အနေဖြင့် မြန်မာဘက်က
ယာဘားဆေးပြားများ တင်သွင်းနေမူကို တားဆီးရန် စစ်ဆင်ရေးများ ပြုလုပ်ပြီး
နှိမ်နှင်းနေသော်လည်း ယာဘားဆေးပြားများမှာ နယ်စပ် က တဆင့်
ဘင်္ဂလာဒေခ်ျ့ကို နေ့စဉ် ၀င်ရောက်နေသည်ဟု ဆိုသည်။

By နိရဉ္စရာ

No comments:

Post a Comment