Tuesday 16 October 2012

ထောင်ပို့ချုပ်နှောင်ထားသူတစ်ဦး ကျန်းမာရေး မကောင်းသဖြင့် ထောင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် သေဆုံး


ထောင်ပို့ချုပ်နှောင်ထားသူတစ်ဦး ကျန်းမာရေးမကောင်းသဖြင့် ထောင်ဆေး
ရုံတွင် ဆေးကုသမှု ခံယူနေစဉ် သေဆုံး
သွားခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၁၃ရက်နေ့ ၅နာရီအချိန်တွင် ဒဂုံတောင်မြို့နယ်တရားရုံး၊
ပြစ်မှုကြီးအမှတ် ၂၇၆/ ၂၀၁၂ လက်နက်ပုဒ်မ ၁၉(င)အရ ထောင်ဝင်စာအမှတ်
အစ/၁၂/၀၀၈၆၇/ (ခ)ဖြင့် ထောင်ပို့ချုပ်နှောင်ထားသူ ဟန်ဝင်း၊ ၄၈နှစ်ဖြစ်သူမှာ
ရင်ဘတ်အောင့်ပြီး မွန်းကျပ်လာသဖြင့် ထောင်ဆေးရုံတွင် တက်ရောက်ဆေး
ကုသ ခံယူနေရာမှ အောက်တိုဘာလ ၁၄ ရက်နေ့နံနက် ၁၀နာရီအချိန်တွင်
သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်ကို အင်းစိန်ရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၇၅/၂၀၁၂ ဖြင့် အမှုဖွင့်ပြီးစစ်ဆေးလျက်ရှိ ကြောင်းသိရသည်။

By Eleven Media Group

No comments:

Post a Comment