Thursday 20 September 2012

မဲခေါင်မြစ် တရုတ် ၁၃ ဦးသတ်ဖြတ်မှု နော်ခမ်းဝန်မခံသေး တရုတ် CCTV ဘာသာပြန်ထုတ်လွှင့်မှုလွဲမှားနေ


ယနေ့ရုံးတင်စစ်ဆေးနေသော စိုင်းနော်ခမ်း
(နှင့်အဖွဲ့) နှင့်ပတ်သက်၍  စက်တင်္ဘာ
၁၈ ရက် တရုတ်နိုင်ငံပိုင် CCTV ဘာသာပြန်
ထုတ်လွှင့်မှုမှာ လွှဲမှားနေကြောင်း
သိရှိရပါသည်။

စိုင်းနော်ခမ်း သျှမ်းဘာသာ ပြောကြားချက်တွင် - ‘ကျနော် စိုင်းနော်ခမ်း အသက် ၄၄ နှစ်၊
 အောက်တိုဘာလ ၁၀ ရက်နေ့ ရှပ်ပြေး ဘုတ်နှစ်စီးပေါ် လူသတ်မှုနဲ့ပတ်သက်ပြီး အထင်
မှားလို့ ကျနော့်ကိုဖမ်းတယ်’ ဟု ပြောကြားရာတွင် တရုတ်နိုင်ငံပိုင် CCTV က ‘Cause I
 planned and killed 13 Chinese on the Mekong River ကျနော်အစီအစဉ်ချခဲ့ပြီး တရုတ်
 ၁၃ ဦးကို မဲခေါင်မြစ် အတွင်း သတ်ဖြတ်ခဲ့တယ်’ ဟု အင်္ဂ္လိပ်ဘာသာပြန်၍
ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပါသည်။

“အခုလို ဘာသာပြန်မှားယွင်းမှုဟာ လုံးဝမဖြစ်သင့်ဘူး၊ ဒါမြန်မာအစိုးရ သမ္မတ
ဦးသိန်းစိန်၊ ဝန်ကြီး ဦးအောင်မင်းတို့ လဲသိ သင့်တယ်။ သျှမ်း- တရုတ်ဘာသာပြန်တွေ
သျှမ်း-တရုတ် နယ်စပ်မှာ အများကြီး၊ မရှာနိုင်ရင် ကျနော် ဝိုင်းရှာ ပေးလို့ရ တယ်၊

 ဒီလူသတ်မှုကိစ္စ စိုင်းနော်ခမ်းက ဝန်မခံသေးဘူး၊ ဆိုတော့ တရားရုံးက တရားခံအဖြစ်
တရားစီရင်လို့ မရဘူး” - ဟု သျှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာရေး
အဖွဲ့ခေါင်းဆောင် စဝ်ခင်းဆာယီက ပြောပါသည်။



ယနေ့စက်တင်ဘာ ၂၀ ရက်နေ့ တရုတ်နိုင်ငံ ကူမင်း(ခွန်းမင်) မြို့ တရားရုံး၌ မူးယစ်ရာဇာ
အမည်ရ စိုင်းနော် ခမ်း နှင့် ပတ်သက် ဆက်နွယ်သူ လူ ၅ ဦးအား ရုံးတင်
စစ်ဆေးနေပါသည်။

စက်တင်္ဘာ ၁၈ ရက်နေ့ တရုတ်နိုင်ငံပိုင် CCTV  အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်
လွှဲမှား ထုတ်လွှင့်မှုအား ကြည့်ရှု လိုပါက အောက်ပါ ကလစ်အားကြည့်ရှု နိုင်ပါသည်။
http://english.cntv.cn/program/newsupdate/20120918/106694.shtml မှယူ၍ ပြန်
လည်တင်ပြထားပါသည်။

သျှမ်းသံတော်ဆင့်

ရွှေမြန်မာ

No comments:

Post a Comment