Monday 6 August 2012

‎"ဖြိုးငွေစိုးနဲ့ အတူ နှစ်ယောက်ပေါင်း လောင်းကျော် လာပြန်တဲ့ ၀ိုင်းစုခိုင်သိန်း

ဝိုင်းစုခိုင်သိန်းက ‘နှစ်ယောက်ပေါင်း လောင်းကျော်’ ဆိုတဲ့ ဇာတ်ကားကို ဖြိုးငွေစိုး နဲ့ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကား ရိုက်ကူး ပြီးတာနဲ့ နယ်တွေမှာ သီချင်းသွားဆို မှာဖြစ်တဲ့ ဝိုင်းစုခိုင်သိန်း က ဇာတ်ကား ရိုက်ကူးမှုတွေ ကိုဇာတ်လမ်း အပေါ် မူတည်ပြီး ရိုက်ဖြစ်တယ် လို့ပြောပါတယ်။
”ဝိုင်းစုကတော့ တတ်နိုင်သမျှ ကြိုးစားတယ်။ ကိုယ့်ဘက်က တတ်နိုင်သမျှ ကြိုးစားမှုနဲ့ ကံရယ်၊စန်းရယ်က လည်းပါတယ်။ အချိန်လည်းညှိပြီး လုပ်ရတယ်။ အဓိက ကတော့ ကိုယ့်ဆီ အရင်လာတဲ့ အလုပ်ပေါ်

မူတည်ပြီး ဦးစားပေး လုပ်တယ်။ ညှိလုပ်တယ်။ အလုပ်နှစ်ခု လုပ်တယ် ဆိုတော့ တတ်နိုင်သမျှ ညှိရတယ်။ ကိုယ့်မှာ ရှိတဲ့ အချိန် တွေအားလုံး ပေးပြီး လုပ်တော့ အဆင် ပြေပါတယ်” လို့ ဆိုပါတယ်။
အောင်မြင်မှု ရဖို့ကံရယ်၊ စန်း ရယ်၊ ကြိုးစား မှုရယ်လည်း လိုတယ်လို့ ဆိုတာကြောင့် ကံကောင်းအောင် ဗေဒင်မေးပြီး လုပ်လေ့ ရှိလားဆိုတော့..
”ဗေဒင် မေးတာကတော့ ဆောင်ရန်၊ ရှောင်ရန် မေးတာမျိုးက အဆင်ပြေပါတယ်။ ဒါပေမဲ့ ဒါကြီးကို တအား ယုံကြည်ပြီး တထစ်ချ ဒါပဲဖြစ်မယ် ဆိုတာ မျိုးတော့ ဝိုင်းစု လက်မခံဘူး။ ကိုယ့်မှာ အန္တရာယ် ကျရောက်နိုင်တယ် ဆိုရင် ဘယ်လိုနေမလဲ၊ ရှောင်မလဲလောက်ပဲ လုပ်တယ်။ အစွဲတော့ မရှိဘူး။ ဥပမာ-ဝိုင်းစု အခွေကို ဘယ်အချိန် မှာ ဘာလုပ် သင့်တယ် ဆိုတာ မျိုးလောက်တော့ ယုံကြည်ချင် ယုံကြည်မယ်။ ကျန်တာကတော့ ကိုယ်လုပ်မှ ကိုယ်ဖြစ်မယ်လို့ ထင်တယ်။ ကိုယ်လုပ်မှ ပဲ အရာရာတိုင်း က ဖြစ်မြောက် မှာလေ” လို့ ပြောပြ ပါတယ်။
ဝိုင်းစုခိုင်သိန်းရဲ့ ‘မျက်လှည့်’ ဗီစီဒီ ရိုက်ကူးမှုက တစ်ပုဒ်ပဲ ကျန်တော့တဲ့ အတွက် တစ်လ၊နှစ်လ အတွင်း ထွက်နိုင်အောင် ကြိုးစားနေပြီး ကားရိုက်နဲ့မျှ လုပ်နေတဲ့ အတွက် လစ်ဟင်းမှု ရှိခဲ့ရင် ပရိသတ်ကြီး နားလည်ပေးပါလို့ ဆိုခဲ့ပါတယ်။







By AF Ijournal

No comments:

Post a Comment