Monday 6 August 2012

မုံရွာမြို့ပေါ်မှ သတင်းမီဒီယာသမားများ မီဒီယာ ဖိနှိပ်မှုအား ကန့်ကွက်ကြောင်း စုပေါင်း လက်မှတ်ထိုး

မုံရွာ၊ သြဂုတ် ၆

အထက် ချင်းတွင်းမြို့တော် ဖြစ်သော မုံရွာမြို့ မီဒီယာ သမားများမှ
အခြားမြို့ကြီးများမှ မီဒီယာသမားများ နည်းတူ မီဒီယာ ဖိနှိပ်မှုအား ကန့်ကွက်ကြောင်း စုပေါင်း လက်မှတ် ရေးထိုးမှုအား ယနေ့ နံနက်၁၀နာရီ
အချိန်ခန့်တွင်ပြုလုပ်ခဲ့ကြောင်းမုံရွာမြို့ခံ မီဒီယာသမား တစ်ဦးက ပြောကြားသည်။

လက်မှတ်ထိုးခြင်း အပြင်ပွင့်လင်း မြင်သာသော ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ရာတွင်အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်စသည့်မဏ္ဍိုင်ကြီးသုံးရပ်အား တည့်မတ်စေရန် ထောက်ပြဝေဖန် ပေးသော စတုတ္တဏ္ဍိုင်ဖြစ်သည့် မီဒီယာများအား ဖိနှိပ်ခြင်း အပေါ် ရပ်တန့်ပေးရန် လှုပ်ရှား ဆောင်ရွက်နေကြသည့် နေရာ ဒေသ အသီးသီးမှ မီဒီယာ သမားများနှင့် အတူ မုံရွာမြို့ခံ မီဒီယာသမား
များအနေဖြင့် ထောက်ခံပါသည့် စာသားအောက်တွင်
ဆန္ဒထုတ်ဖော် လက်မှတ် ရေးထိုးခဲ့ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

မုံရွာမြို့ခံပေါ်မှ ဂျာနယ် အသီးသီးတွင်ရေးသားနေကြသည့် မီဒီယာ သမား ၁၂ ဦးမှ စုပေါင်း လက်မှတ် ရေးထိုး ခဲ့ပြီး မီဒီယာဖိနှိပ်မှုရပ် စာတန်းပါ တီရှပ်
များ ၀တ်ဆင်၍ ယနေ့တွင် မုံရွာမြို့အတွင်း သတင်းလိုက်ကြမည် ဖြစ်
ကြောင်း မုံရွာမြို့ခံ မီဒီယာသမား တစ်ဦးက ပြောကြားသည်။





By The Voice Weekly

No comments:

Post a Comment