Monday 6 August 2012

‎"မြန်မာရော၊ ကမ္ဘာပါလက်ခံမယ့် ဝတ္ထုတွေကို ဝယ်ယူ စုဆောင်း ထားကြောင်း ပြောတဲ့ သူထူးစံ

သူထူးစံက ဝတ္ထုတွေအများကြီးဝယ်ကာ စုဆောင်းထားပြီး ခေတ်အခြေအနေ ကိုကြည့်ပြီး ရိုက်ဖို့စောင့်နေကြောင်း၊ ရိုက်ကူးဖို့ငွေ အင်အားကလည်း မြန်မာပြည်အနေ အထား နဲ့ မတတ်နိုင်သေးခြင်း ဖြစ်ကြောင်း ပြောပါတယ်။ ရိုက်ကူးဖို့အတွက် နှစ်နဲ့ချီပြင်ဆင်ရ မယ့် ဇာတ်လမ်းတွေဖြစ်ပြီး ပိုက်ဆံတအား
ကုန်မယ့်အတွက် ပရိုဂျူဆာတွေ လန့်ကြ တယ်လို့ ဆိုပါတယ်။ ဝတ္ထုတွေ ဝယ်ယူစု ဆောင်းခဲ့ကြောင်းကို သူထူးစံက. .”မြန်မာတွေရော၊ကမ္ဘာကပါ လက်ခံတဲ့ master-piece တွေ ကျွန်တော်ရွေးပြီး ဝယ်ထားတာရှိတယ်။ ဘယ်ရှုထောင့်ပဲဖြစ်ဖြစ် အဆင်ပြေနိုင်မယ့် ဝတ္ထုမျိုးတွေဝယ်ထားမိ တယ်။ အခုမှ ဝယ်တာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ၁၂နှစ်လောက်က ဗီဒီယိုရိုက်တဲ့ ပိုက်ဆံတွေ စုပြီး ဝတ္ထုတွေ ဝယ်ထားတာ။ နာမည်ကြီး မင်းသားနဲ့ ရိုက်မှာကို မရိုက်ပါနဲ့ ကျွန်တော် နဲ့ရိုက်ပါဆိုပြီး ဝယ်ထားတာ။ မရိုက်ဖြစ်သေး တာပဲကောင်း ပါတယ်။ ရိုက်ရင်လည်း ပီပီ ပြင်ပြင် ဖြစ်စေချင်တယ်” လို့ ပြောပါတယ်။ သူထူးစံက အနုပညာ အလုပ်ကို ချစ်လို့သာ ဆက်လုပ်နေတာဖြစ်ပြီး ဒီအလုပ်က တစ်သက်လုံး မချမ်းသာ ဘူး တာ သိပြီးသား ပါလို့ ဆိုပါတယ်။ သရုပ်ဆောင်အနေနဲ့ မလုပ်နိုင်ရင်တောင် အနုပညာလောက ရဲ့တစ်နေရာ မှာရှိနေမှာဖြစ်ကာ စီးရီးအတွက် သီချင်းတွေလည်း ပြင်ဆင် ထားတယ်လို့ သိရပါတယ်။ အနုပညာလောက ထဲမှာ၊ ၁၂နှစ်ဖြတ်သန်းလာတဲ့ ကာလတစ် လျှောက်မှာ အခုအချိန်က ဆိုးရွားဆုံးဈေး ကွက် ဖြစ်နေကြောင်းပြောတဲ့ သူထူးစံက.. ”ကျွန်တော် ခေတ်ကောင်းတွေကို မီခဲ့တယ်။ ဗီစီဒီခေတ်ဦးရယ်၊ ဗီဒီယိုခေတ် တအားကောင်းတဲ့ အချိန်ကိုမီခဲ့တယ်။ ကျွန်တော်ဖြတ်သန်းလာတဲ့ ၁၂နှစ်တာ ကာလမှာ ဒီအခြေအနေက တော်တော်ဆိုးရွားတဲ့ အခြေအနေပါ။ ကိုယ်တိုင်လည်း အနုပညာသမား ဖြစ်တော့ တအားခံစားရတယ်။ အရင်တုန်းက ရုပ်ရှင်သမား၊ ဗီဒီယို သမားတွေက ဒီလို မဟုတ် ကြဘူး။ ပြန်ကောင်းလာဖို့က မရေရာတဲ့ ကံကြမ္မာပဲ။ နောက်ဆုံး အချိန်ထိ တော့ တိုက်ပွဲဝင်သွားမှာပါ” လို့ပြောပါတယ်။

ခိုင်ဝေလွင်



By AF Ijournal

No comments:

Post a Comment