Monday 6 August 2012

“အနုပညာ လမ်းကြောင်းပေါ်မှာ ဝတ်မှုံရွှေရည် ဆိုတဲ့ နာမည်နဲ့ သူ့ရဲ့ရပ်တည်မှု အကြောင်း

တချို့သော အနုပညာရှင်တွေက သူတို့ရဲ့ နာမည်အရင်းနဲ့ အနုပညာ အလုပ်တွေကို လုပ်ကိုင်ကြသလို တချို့ အနုပညာရှင်တွေကလည်း အနုပညာ နာမည်တစ်ခု နဲ့ ပြောင်းလဲ လုပ်ကိုင်ကြတာတွေ့ရပါတယ်။ အနုပညာလောကမှာ နာမည်တစ်ခုရပြီး အောင်မြင်ဖို့ဆိုတာက လွယ်ကူတာ မဟုတ်သလို ရရှိပြီးသားနာမည်ကိုလည်း ထိန်းသိမ်းဖို့
မလွယ်ကူပါဘူး။ လက်ရှိ အနုပညာလောက ထဲမှာ နာမည်ရရှိ ပြီးသားဖြစ်တဲ့ ဝတ်မှုံရွှေရည် ဟာဆိုရင် သူ့ရဲ့နာမည် အရင်းဖြစ်တဲ့ ဝတ်မှုံရွှေရည်ဆိုတဲ့ နာမည်နဲ့သာ အနုပညာအလုပ် ကိုလုပ်ကိုင်နေသူဖြစ်ပါတယ်။ ဒီနာမည်နဲ့ပဲ အောင်မြင်မှု ရရှိပြီး ဝတ်မှုံရွှေရည်ဆိုတဲ့ နာမည်နဲ့ အတူ သူ့ကို ပရိသတ်တွေတွဲသိ ကြတာ ကတော့ ချစ်စရာ ကောင်းတဲ့ သူမရဲ့ အိမ်နာမည်ဖြစ်တဲ့ ကစ်ကစ်ဆိုတဲ့ နာမည်လေးပဲဖြစ်ပါတယ်။ စကားပြောတိုင်းမှာ သူ့ ကိုယ်သူ ‘ကစ်ကလေ၊ ကစ်ကလေ’ ဆိုပြီး ချစ်စဖွယ်ပြောလေ့ ရှိတဲ့ ဝတ်မှုံရွှေရည်ကို သူ့ရဲ့ နာမည်နဲ့ ရပ်တည်မှု အကြောင်းလေးတွေ နဲ့အတူ သူ့ကို ချစ်စနိုးခေါ်လေ့ ရှိတဲ့နာမည်လေးတွေ အကြောင်းမေးမြန်း ဖြစ် ခဲ့ပါတယ်။ “ဝတ်မှုံရွှေရည်ဆိုတဲ့ နာမည်လေးက ဘွ
ားဘွားနဲ့ အမေပေးထားတဲ့ နာမည်လေးပါ။ လူကြီးတွေကလည်း ဒီနာမည်ကို ကြိုက်တယ်။ ကစ်က လည်း အနုပညာ နာမည် သတ်သတ် မလုပ်ချင်တာနဲ့ ဒီနာမည် အတိုင်းပဲ အနုပညာ အလုပ်ကို လုပ်ဖြစ်တာပါ။ ဝတ်မှုံရွှေရည်နဲ့ လုပ်တော့ ပရိသတ် လည်းသိသွား တယ်လေ။ ဒါကြောင့် ဒီနာမည်နဲ့ပဲ ဆက်လုပ်ဖြစ်တာ။ ကစ်ကစ် ဆိုတာကတော့ အိမ်နာမည်ပါ။ ကစ်ကစ် ဆိုတဲ့ နာမည်ကိုတော့ လူနဲ့တွဲမိမှာ မဟုတ်ဘူး။ နာမည် နဲ့လူနဲ့ သတ်သတ်စီဖြစ်နေတာ။ ငယ်ငယ်တုန်း ကတော့ ဝဝလုံးလုံး လေးမို့လို့ ချစ်စနိုးနဲ့ ပေးထားတဲ့နာမည်။ ကြီးလာတော့လည်း ရင်းနှီးတဲ့ သူငယ်ချင်းတွေ ကအစ ကစ်ကစ်လို့ ပဲ ခေါ်ကြတယ်။ အမျိုးတွေရောပေါ့။ ကစ်အင်တာဗျူး ဖြေရင်လည်း ကစ်ကလေ၊ ကစ်ကလေ လို့ ဖြေရင်းနဲ့အပြင် ပရိသတ် တွေကလည်း လိုက်ခေါ်ကြတယ်။ နယ်သွား ရင်လည်း ကစ်ကစ် လို့ခေါ်ကြတယ်။ တချို့ကျတော့ မှုံမှုံလို့ခေါ်တယ်။ မအူဝဲ (အိန္ဒြာကျော်ဇင်) ဆို ရွှေမှုံ လို့ခေါ်တယ်။ ကိုခန့်(ခန့်စည်သူ) ကျတော့ မှုံကြီးလို့ခေါ်တယ်။ အမျိုးမျိုး ခေါ်ကြ တယ်။ နာမည်တစ်လုံး ရဖို့ ဆိုတာလည်း တကယ် ကြိုးစားခဲ့ရတယ်။ လူရော၊ စိတ်ရော၊ အချိန်တွေရော အကုန်လုံးပေးဆပ် ခဲ့ရတယ်။ ဘေးကပြောတဲ့ ဒဏ်တွေကိုခံပြီးမှ ဒီနာမည် တစ်လုံးရတာပါ။ ရလာတဲ့ နာမည် တစ်လုံးကို ထိန်းသိမ်းဖို့ ဆိုတာလည်း မလွယ်ဘူး။ ဒီနာမည် တစ်လုံးကို ကစ်ကတော့ ဂုဏ်သိက္ခာနဲ့ပဲ ထိန်းသိမ်းပါတယ်။ မင်းသမီး တစ်ယောက် အနေနဲ့ ဂုဏ်သိက္ခာ ရှိရှိနေပြီး ကစ်ရဲ့ နာမည်ကို ထိန်းသိမ်းထားပါတယ်။

ဝဿန်





By AF Ijournal






No comments:

Post a Comment