
NYK လုပ်ငန်းစုသည် ကုန်စည်သင်္ဘောလိုင်းကြီးများ၊ လေယာဉ်များ၊ ကွန်တိန်နာကားကြီးများနှင့် ကမ္ဘာအနှံသို့ ကုန်စည်ပို့ဆောင်ပေးလျက်ရှိသော ကုမ္ပဏီလုပ်ငန်းစုကြီးဖြစ်ပြီး ယခင်ကမြန်မာနိုင်ငံနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ဆက်သွယ်လုပ်ကိုင်ရန် အေဂျင်စီများမှတဆင့် လုပ်ကိုင်ခဲ့ရသည်ဟု ဆိုသည်။
၎င်းတို့အနေနှင့် ယခင်က မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် လာရောက်၍မရခဲ့ဟု ဆိုသည်။ ယခုအခါ မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအပေါ် စိတ်ဝင်စားလျက်ရှိနေပြီး မြန်မာနိုင်ငံ သားများ၏ စီးပွားရေးနှင့် ပက်သတ်သည့် စိတ်ဝင်စားမှုများကိုလည်း သိရှိလိုကြသည်။
''ကျွန်တော်တို့ရဲ့ ဂျပန်ဖောက်သည်အချို့က မြန်မာပြည်မှာ ထုတ်လုပ်တဲ့ ရှူးဖိနပ်ကို တင်သွင်းတာရှိပြီး အရည်အသွေးပေါ်မှာလည်း ကျေနပ်မှုရှိကြပါတယ်။ ဂျပန်နိုင်ငံကို အ၀တ်အထည် အများဆုံးတင်ပို့တာကတော့ တရုတ်နိုင်ငံကဖြစ်ပေမယ့် အခု အ၀တ်အထည်ထုတ်လုပ်တဲ့ဈေးကွက်က မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံတွေကို ပြောင်းသွားပါပြီ''ဟု ၎င်းက ပြောသည်။
By Eleven Media Group
No comments:
Post a Comment