Monday 6 August 2012

အညတရ သူရဲကောင်းဆုချီးမြင့်ပွဲ ရုပ်သံ



အညတရ သူရဲကောင်းဆုချီးမြင့်ပွဲ တတိယ အကြိမ်မြောက် အခမ်းအနားကို ဂျပန်နိုင်ငံမှာ တိုကျိုမြို့က Totsuka Chiiki Center -7-F (Takadanobaba) မှာ ညနေ ၅ နာရီက နေ ၉ နာရီအထိ ကျင်းပခဲ့ပါတယ်။


ဒီနှစ် အတွက် အညတရ သူရဲကောင်းဆု ရရှိခဲ့တဲ့သူတွေကတော့ ဦးခေမာစာရ၊ ပူကပ်ခွာအန်ထော်နီ ၊ ဒေါက်တာ ကျော်ကျော်၊ ကိုလက်ျာထွန်း နဲ့ မလှလှမော်တို့ပဲ ဖြစ်ပါတယ်။

အညတရ သူရဲကောင်းဆု ရွေးချယ်ရေး ကော်မတီဟာ ဂျပန်နိုင်ငံမှာ ရှိတဲ့ မြန်မာတွေက သူတို့ရဲ့ ချွေးနည်းစာ တွေထဲက မထင်မရှာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတို့အတွက် ပေးဆပ်ခဲ့၊ ပေးဆပ်ဆဲ သူတွေအတွက် ခွန် အားဖြစ်စေဖို့ ဆုတွေပေးပြီး ကျင်းပလာတာ အခုဆိုရင် တတိယအကြိမ် ဖြစ်ပါတယ်။

သူတို့ ဘာကြောင့် အခုလို ဒီဆုကို ပေးနေကြတာလဲ ဆိုတာကိုတော့ သူတို့ရဲ့ ကြေညာချက် (http://blog.irrawaddy.org/2012/08/blog-post_7067.html ) မှာ ဖတ်ရှု့နိုင်ပါတယ်။

ယမန်နေ့က ကျင်းပတဲ့ အခမ်းအနား မြင်ကွင်းကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။



ဓာတ်ပုံ,ရုပ်သံ-ကိုထွန်းဝေ(ဂျပန်)

By Irrawaddy

No comments:

Post a Comment