Monday 6 August 2012

ထိပ်တန်းမြန်မာသံတမန်တစ်ဦး၏ ၁၉၉၉ ခုနှစ်နောက်ပိုင်း ပထမဆုံးတောင်ကိုရီးယားခရီးစဉ်အဖြစ် နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီး ကိုရီးယားသို့လေးရက်ကြာသွားရောက်


သြဂုတ် ၅
ထိပ်တန်းမြန်မာသံတမန်တစ် ဦး၏ ၁၉၉၉ ခုနှစ်နောက်ပိုင်း ပထမ ဆုံးတောင်ကိုရီးယားခရီးစဉ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် သည် ဇူလိုင် ၄ ရက်မှ ၅ ရက်ထိ ကိုရီးယားသမ္မတနိုင်ငံသို့ လေးရက် ကြာသွားရောက်ခဲ့ကြောင်းသိရသည်။

နိုင်ငံခြားရေးပြည်ထောင်စု ၀န်ကြီးသည် သြဂုတ် ၃ ရက်တွင် တောင်ကိုရီးယားနိုင်ငံခြားရေးဝန် ကြီး ကင်ဆောင်ဟွမ်နှင့်တွေ့ဆုံဆွေး နွေးခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံရာတွင် ကိုရီးယားကျွန်းဆွယ်အရေးနှင့် မြန် မာနိုင်ငံ၏လက်ရှိအခြေအနေများ အပေါ် လေ့လာသုံးသပ်မှုများပြု လုပ်ခဲ့ပြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံ မှု၊ ဖွံ့ဖြိုးမှု၊ အရင်းအမြစ်၊ အခြေခံ အဆောက်အအုံနှင့် နှစ်နိုင်ငံအချင်း ချင်းဖလှယ်ဆောင်ရွက်နိုင်သည့် ကိစ္စရပ်များစွာကို ပူးပေါင်းဆောင် ရွက်ရန်ဆွေးနွေးခဲ့ကြောင်း၊ စွမ်းအင်၊ ယဉ်ကျေးမှုနှင့် တရားရေးစသည့် ကဏ္ဍများ၌လည်း အစိုးရချင်းပူး ပေါင်းဆောင်ရွက်ရန်ဆွေးနွေးခဲ့ ကြောင်း၊ ကိုရီးယားကျွန်းဆွယ်နှင့် အရှေ့မြောက်အာရှကိုခြိမ်းခြောက် လာသည့် မြောက်ကိုရီးယား၏ နျူ ကလီးယားအရေးကိစ္စများလည်း မြန်မာအစိုးရက ပူးပေါင်းဆောင် ရွက်ပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ဌာန၏ တရားဝင်သတင်းထုတ်ပြန် ချက်အရ သိရသည်။
“ကျွန်တော်တို့ရဲ့သမ္မတလီ မြောင်ဘတ် မြန်မာနိုင်ငံသို့လာ ရောက်ပြီးနောက် နှစ်နိုင်ငံဆက်ဆံ ရေးကဏ္ဍစုံပိုမိုခိုင်မာလာတဲ့အတွက် ၀မ်းမြောက်မိပါတယ်။ နောက်ထပ် တိုးတက်မှုတွေကို မြင်တွေ့နိုင်ဖို့အ လားအလာကောင်းပါတယ်”ဟု  တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ကပြောကြားသည်။
မြန်မာ-တောင်ကိုရီးယား နှစ် နိုင်ငံသည် ၁၉၇၅ ခုနှစ်တွင် သံတမန်ဆက်ဆံရေး တရားဝင်စတင်ထူ ထောင်ခဲ့ကြောင်းသိရသည်။

No comments:

Post a Comment