Thursday 20 September 2012
ရှစ်လေးလုံးအရေးတော်ပုံ ကျဆုံးသူများအတွက် ဂုဏ်ပြုအခမ်းအနား ဟန့် တားခံရ
၁၉၈၈ ခုနှစ် ဒီမိုကေရစီရေးအတွက်
တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြတဲ့ ကြည့်မြင်
တိုင်မြို့ နယ်က မဝင်းမော်၊ ကိုတင်ထွန်းနဲ့
ကိုသန်းဌေးတို့ရဲ့ ၂၄ နှစ်ပြည့် ဂုဏ်ပြု
အခမ်းအနားကို သက်ဆိုင်ရာက ဟန့်တားတဲ့အတွက် ဆွမ်းဆက်ကပ်မှုကိုပဲ ပြုလုပ်ခွင့်ရခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်း ပြုလုပ်တဲ့ ဒီအခမ်းအနားမှာ ဟောပြောတာတွေ၊ အသံချဲ့စက် အသုံးပြုတာတွေနဲ့ အြခားလှုပ်ရှားမှု အစီအစဉ်တွေကို မလုပ်ဖို့ နယ်မြေအာဏာပိုင်
တွေဆီမှာ လက်မှတ်ထိုးခဲ့ ရတယ်လို့ သိရပါတယ်။
 ဘုရားငါးဆူ တန်ဆောင်းမှာ ပြုလုပ်ခဲ့တာပါ။
                         ဒီနေ့ မနက်ပိုင်းပြုလုပ်ခဲ့တဲ့ မဝင်းမော်၊ ကိုတင်ထွန်းနဲ့ 
                         ကိုသန်းဌေးတို့ ရဲ့ ၂၄ နှစ်ပြည့် ဂုဏ်ပြုအခမ်းအနား
မဝင်းမော်၊ ကိုတင်ထွန်းနဲ့ ကိုသန်းဌေးတို့ဟာ ၁၉ ရက် ၉ လ ၁၉၈၈ ရက်နေ့မှာ စစ်တပ်ရဲ့ အြကမ်းဖက်ပစ်ခတ်မှုကြောင့် ဆူးလေဘုရားနဲ့ ကုန်သည်လမ်းထောင့်
အနီးမှာ သေနတ် ထိမှန်ခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ
ကျဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
အခမ်းအနားမှာ ၈၈ မှာကျဆုံးခဲ့တဲ့ မဝင်းမော်ဦးအတွက် ဦးမင်းကိုနိုင်
 ဂုဏ်ပြုရေးသားတဲ့ ကဗျာကို ဦးဇော်မင်းက ဖတ်ကြားဂုဏ်ပြုသွားခဲ့ပါတယ်။
ကျန်ရစ်သူ မိသားစုဝင်တွေအေနနဲ့ နှစ်စဉ် သူတို့အတွက် ဆွမ်းကပ် အလှူပေးခဲ့ကြပီး အာဏာပိုင်တွေရဲ့ ခြိမ်းခြောက် ဟန့် တားမှုတွေကိုလည်း ခံခဲ့ကြရတယ်လို့ 
သိရပါတယ်။
အခုအချိန်မှာ အစိုးရထိပ်တန်းခေါင်းဆောင်တွေ ကိုယ်တိုင် အြေပာင်းအလဲတွေ
လုပ်နေပမယ့်လည်း အခုလို ဟန့်တားပိတ်ပင်မှုတွေ ဆက်ရှိနေတဲ့အေပ်ါကိုလည်း မိသားစုဝင်တွေက ဝေဖန်ပြောဆိုသွားပါတယ်။
DVB(မြန်မာပိုင်း)
ရွှေမြန်မာ
No comments:
Post a Comment