Thursday 20 September 2012

လစဉ်လခယူ၍သင်ကြားနေကြသော ကျောင်းကျူရှင်များ


ရန်ကုန်တိုင်း ရွှေပြည်သာမြို့ နယ်ရှိ အစိုးရအခြေခံပညာ မူလတန်းလွန်ကျောင်း၊ အမှတ်(၂၈)တွင် နေ့စဉ်ကျောင်းတွင်း စာသင်ချိန်၊ နံနက် (၉း၃၀)မှ ညနေကျောင်း ဆင်းချိန် (၃း၀၀)ပြီးနာက်တွင် ကျောင်းတွင်းတွင်၊ ကျောင်းအချိန်ပို သင်ကြားခြင်း
 ဟေု့ သတ်မှတ်၍ မူလတန်းအဆင့်မှ အလယ်တန်းအဆင့်အထိ မည်သည့် ကျောင်းသားကိုမဆို ကျောင်းသား တစ်ဦးလျှင် တစ်လလျှင် (၅၀၀၀) ကျပ်ဖြင့် တစ်နာရီခန့်မျှ၊နေ့စဉ် သင်ကြားလျှက်ရှိ ကြောင်း ကျောင်းသားမိဘ တဦးက Myanmar News Now ကို ပြောပါသည်။

အခြေခံပညာရေး ၀န်ကြီးဌာနမှ သတ်မှတ်ထားသည်မှာ၊ မူလတန်းအဆင့်အား အခမဲ့ပညာရေးစနစ် ဖြစ်သည်ဟု့ဆိုသော်လည်း  ရွှေပြည်သာမြို့နယ်ရှိ ထို အမှတ်(၂၈) မူလတန်းကျောင်းနှင့်၊ အခြားသော
မူလတန်းကျောင်းများ၊ အထက်တန်းကျောင်းများဖြစ်သည့် အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁)နှင့် အခြေခံပညာ မူလတန်းကျောင်း အမှတ်(၁၆)တို့တွင်လည်း  ပုံမှန်ကျောင်းဆင်းချိန် အပြီး နောက်တွင်ကျောင်းတွင်းတွင် ဆက်လက်၍ လစဉ်လခများဖြင့် ကျောင်းကျူရှင်ဟု သတ်မှတ်၍ သင်ကြားလျှက်ရှိ ကြပါသည်။

ထိုကျောင်းကျူရှင်များတွင် တက်ရောက်သော ကျောင်းသားများကိုသာ လစဉ်စစ်ဆေးသော လပတ် စာမေးပွဲများနှင့် နှစ်ဝက်စာမေးပွဲများ၏ မေးခွန်းများကို အတိအကျ ထုတ်ပေးပြီး ၊တစ်လလျှင် ငါးထောင် ဖြင့် လခပေး၇သော ထိုကျောင်းကျူရှင်သို့ မတက်ရောက်နိင်ကြသော၊ ချို့တဲ့နွမ်းပါးကြသည့် ကျောင်းသား များမှာမူ၊ မည်သည့်စာမေးပွဲ မေးခွန်းမျှမရရှာပဲ၊ စာမေးပွဲဖြေဆိုရာတွင်၊ ကျောင်း ကျူရှင် တက်ရောက်ကြသော၊ ကျောင်းသားများနှင့် အလွန်ပင်ကွာခြားနစ်နာကြရပါသည်ဟု ကျောင်းသားမိဘ တဦးက ပြောပြပါသည်။

သို့ပါ၍ အခြေခံပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အတိုင်း၊ စာသင်ကျောင်း အတွင်းတွင်၊ ကျောင်းသားများထံမှ့ လခယူ၍ သင်ကြားနေကြခြင်းကို ထိရောက်စွာ တားမြစ်အရေးယူသင့်ပါကြောင်း ကျောင်းသားမိဘများကို Myanmar News Now ကို ပြောဆိုပါသည်။

သစ်ထူးလွင်

No comments:

Post a Comment