Thursday 20 September 2012

အစိုးရပိုင် မြန်မာ့တယ်လီကွန်း ရှယ်ယာ ပုဂ္ဂလိကသို့ ထုတ်ရောင်းပေးမည်မဟုတ်

ဆက်သွယ်ရေးပိုင် မြန်မာ့တယ်လီကွန်း ရှယ်ယာများအား လက်ရှိအနေအထားအရ ထုတ်ရောင်းပေးနိုင်မည် မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ လက်ရှိတွင် ဆက်သွယ်ရေး ကော်ပိုရေးရှင်းပိုင် ရှယ်ယာများကို နိုင်ငံတော် အနေဖြင့်သာ ပိုင်ဆိုင်ထားခြင်း မဟုတ်ဘဲ အများပြည်သူ သို့ ပြန်လည်ရောင်းချပေးသင့်ကြောင်း နိုင်ငံတော် သမ္မတ၏ နိုင်ငံရေးအကြံပေး
အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ယခုလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောသည်။ “မြန်မာ့တယ်လီကွန်း ကုမ္ပဏီအနေနဲ့ နိုင်ငံတော်အနေနဲ့သာ ရှယ်ယာပိုင်ဆိုင်ထားခြင်းမဟုတ်ဘဲ ပြည်သူကို Re share အနေနဲ့ ထုတ်ရောင်းပေးမယ်ဆိုရင် Market မှာ ပိုက်ဆံတွေ အများကြီး ပိုဝင်လာမှာပါ။ အရင်းအနှီးတွေ ပိုဝင်လာရင် ပိုပိုပြီး တိုးချဲ့လာနိုမယ်။ ဆက်သွယ်ရေးလုပ်ငန်းမှာ ၀င်ငွေအများအကြီး ရလာသလို ရင်းနှီးမြှုပ်နှံမှုမှာလည်း ပိုမိုများပြားလာနိုင်မှာ ဖြစ်ပါတယ်” ဟု ၄င်းက ဆက်ပြောသည်။ ယင်းကိစ္စများနှင့် ပတ်သက်၍ မြန်မာ့ တယ်လီကွန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ဆက်သွယ်ရေးလုပ်ငန်းမှ မြန်မာ့တယ်လီကွန်းသို့ ပြောင်းလဲ ဖွဲ့စည်းလိုက်သည်ဆိုသော်လည်း နိုင်ငံတောင်ပိုင် စက်ပစ္စည်းများကို ဆက်လက် သုံးစွဲနေသည့်အတွက် မြန်မာ့ တယ်လီကွန်းမှ နိုင်ငံတော်အပိုင်သာ ရှိနေမည်ဖြစ်ကြောင်း၊ ယင်းကြောင့် ဥပဒေအရ မည်သို့မျှ ရှယ်ယာထုတ်ရောင်းနိုင်မည်မဟုတ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

By Khitlunge

No comments:

Post a Comment