Sunday 28 October 2012

မိုးထိမိုးမိ ရွှေလုပ်သားများ အရေး ယခုတိုင် ပြေလည်မှု မရ


မန္တလေးတိုင်း ဒေသကြီး၊ရမည်းသင်းခရိုင်၊ မိုးထိမိုးမိ ရွှေတွင်း လုပ်သားများအရေးနှင့်ပက်သက်၍ နိုင်ငံပိုင်သတင်းစာများ နှင့်မီဒီယာများတွင်ဖော်ပြနေသကဲ့သို့ ပြေလည်မှုရရှိသည်ဆိုသည်မှာ
မဟုတ်ကြောင်း အဆိုပါ ဒေသခံ အလုပ်သမား များက မီဒီယာ များ သို့ ပြောကြားသည်။ ၄င်းတို့ အင်းပိုင်ရှင်များအနေဖြင့် အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္မဏီနှင့်စမ်းသပ်ကာလ
၆ လ လက်တွဲ၍ အလုပ်လုပ်ခဲ့ရာမှ ၂၀၁၂ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့ တွင်
ခြောက်လသက်တမ်း ကုန်ပြီဖြစ်သောကြောင့် ယခု အစုစား မဟုတ်တော့ပဲ ကုမ္မဏီလခစားအဖြစ် အလုပ်လုပ် နိုင်သည်ဟု ယင်းကုမ္မဏီက အကြောင်း ကြားလာခဲ့ကြောင်း ၊မိမိတို့ သွေး၊ ချွေးများဖြင့် ရင်းနှီး၍ စိုက်ပျိုး ထားသော အသီးအပွင့် ကို ပိုက်ဆံပေး၍ ဝယ်စားရသောအဖြစ်မျိုး မလိုချင် ကြောင်း အင်းပိုင်ရှင် တစ်ဦးဖြစ်သူ ဦးနိုင်ဝင်းက ပြောကြားသည်။ ၂၀၁၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် အဆိုပါ ကုမ္မဏီနှင့် ရွှေတွင်း လုပ်သားများသည် ရွှေမြင်
တင်စာချုပ်ကို သဘောတူညီချက် ခြောက်ချက်ဖြင့် ချုပ်ဆိုခဲ့သော်လည်း ကုမ္မဏီက တစ်ချက်မှ လိုက်လျောခြင်းမရှိကြောင်း ၊စာချုပ်အရ အင်းများ တွင်ကျောက်ကြိတ် စက်များ ထားပေးမည်ဟုဆိုသော်လည်း ရာသီဥတု
နှင့်လမ်းပန်း ဆက်သွယ်ရေးကို အကြောင်းပြု၍ထားပေးခြင်း မရှိကြောင်း၊
လခစား အလုပ်သမားများကို လုပ်ကိုင်ခွင့် ပြုထားသော နေရာတွင်လည်း ကုမ္မဏီ အလုပ်သမားများ ဝင်ရောက်လုပ်ကိုင်နေကြောင်း၊ လခစားဖြင့် ဆက်လက် မလုပ်ကိုင်လိုသော အလုပ်သမားများမှ နစ်နာကြေး တောင်းရာ တွင်လည်း အချို့သာရကြောင်း အင်းပိုင်ရှင် ဦးရဲဝင်းထွဋ်က ပြောသည်။ တိုင်းဒေသကြီး စစ်ဆေးရေးအဖွဲ့များ တောင်ပေါ်သို့ လာရောက် စစ်ဆေး
စဉ်က ကုမ္မဏီက ဆေးရုံ၊ ဆေးခန်း၊ ကြိတ်ခွဲရေး နေရာများ စသည်ဖြင့် ၄င်းတို့၏ လုပ်ဆောင်မှု များကိုသာ ပြသခဲ့ကြောင်း၊ မိုးထိမိုးမိတောင် သည် ခြောက် ထောင့် တစ်ရာငါးဧက ရှိသော်လည်း ၄င်းတို့ လိုက်ပြသည်မှာ တစ်မိုင် ပတ်လည်ပင် မရှိကြောင်း၊ တစ်တောင်လုံးကိုပတ်၍ ထဲထဲဝင်ဝင် လာရောက် လေ့လာရန် လိုအပ်သဖြင့် မီဒီယာများကို ဖိတ်ခေါ်ကြောင်း အင်းဦးစီး တစ်ဦးဖြစ်သူ ဦးအောင်ဆွေမြင့် က အသိပေး ပြောကြားသည်။ အဆိုပါ အလုပ်သမား များမှ နေ၍ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္မဏီရှေ့တွင် အောက်တိုဘာ ၂၉ရက်၊ နံနက် ၉ နာရီတွင် ဆန္ဒဖော်ထုတ် သွားမည် ဖြစ်ကြောင်း မိုးထိမိုးမိ အလုပ်သမားအရေး ILO နှင့် ဆက် သွယ်ဆောင်ရွက်သူများကွန်ယက်မှဦးသက်ဝေက ပြောကြားသည်။ နောက်ဆုံး ရရှိသော သတင်းများ အရ ကုမ္ပဏီကို ထောက်ခံသော လုပ်သားများ
ကလည်း ဆန္ဒဖော်ထုတ်ပွဲကို အောက်တိုဘာလ ၂၈၊ ၂၉ ရက်နေ့ များတွင် ပင် ပြုလုပ်ရန် ရှိကြောင်း ရမည်းသင်း ဒေသခံများထံမှ သိရသည်။

The Voice Journal

By Myanmar online News

No comments:

Post a Comment