Sunday 28 October 2012

Governor ဟိုတယ် နှင့့် မြန်မာ ဧည့်လမ်းညွှန်ကြား ပြဿနာ ဖြစ်ပွား


ရန်ကုန်၊ အောက်တိုဘာ ၂၇

နိုင်ငံခြားသား ဧည့်သည် အများအပြား တည်းခိုလေ့ ရှိသော ရန်ကုန်မြို့၊ဒဂုံမြို့နယ် ရှိ Governor Residence ဟိုတယ် တွင်
အောက်တိုဘာ တတိယ ပတ်က ဧည့်သည် အချို့အခန်း မရရှိမှု နှင့် ပတ်သက်၍ လိုက်ပါ ဆောင်ရွက်သူ မြန်မာ ဧည့်လမ်းညွှန် နှင့် ဟိုတယ် ၀န်ထမ်းများ စကားများကာ ပြဿနာ ဖြစ်ခဲ့ ရကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်း ဥက္ကဌ ဦးရွှေမြအောင် က ပြောကြားသည်။

အဆိုပါ ဟိုတယ်သို့ အမေရိကန် ခရီးသွား မိသားစု တစ်စုက ခရီးသွား ကုမ္ပဏီ အစီ အစဉ် ဖြင့် လာရောက် ကာ ကြိုတင် မှာကြားထားသော အခန်းကို မရသဖြင့် ၎င်းတို့အား လိုက်ပါ ၀န်ဆောင် မှုပေး နေသော မြန်မာ ဧည့်လမ်းညွှန် က အခန်း ရရှိစေရန် ၀င်ရောက် ပြောဆို ရာမှ စကားများ ခဲ့ ကြောင်း ၎င်းက ဆက် လက် ပြောကြား သည်။

ခရီးသွား ဧည့်သည် တိုးမြင့် ရောက်လာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ မှ မတ်လလောက် အထိ ဟိုတယ် များသို့ အခန်းကြိုတင် မှာယူမှု များဖြင့် ပြည့်နေ ကြောင်း၊ယင်းသို့ ကြိုတင် မှာယူခြင်း ကို ရပြီ ဆိုသော ဟိုတယ်၏ နှုတ်ပြောဖြင့် သာမက စာရွက်စာတမ်း ဖြစ်စေ၊မေးဖြင့် ဖြစ်စေ အခန်း ရရှိကြောင်း ခရီးသွား ကုမ္မဏီများ အနေနှင့် အတည်ပြု ပေးပို့ စေရန် လိုကြောင်း သို့မှာသာ ယင်းသို့ ဧည်သည်များ အခန်းမှန် ရရှိနိုင် မည် ဖြစ် ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ရှင်များ အသင်း အလုပ်အမှုဆောင် အဖွဲ့ဝင် ဦး နောင်းနောင်းဟန် က ပြောကြားသည်။

''ဟိုတယ်တွေ အနေနဲ့ တကယ် ပြည့်တာ လဲ ဖြစ်နိုင် သလို ကစားတာလဲ ဖြစ်နိုင်ပါတယ်။ ဒီလို ကိစ္စမျိုးက ဟိုတယ်နဲ့ ဂိုက်ကြား မကြာခဏ ဖြစ် တတ် ပါတယ်၊ နောက်ပြီး ဒီဟိုတယ် အနေနဲ့ reception ကောင် တာ ကို နဂို တည်း က အပြင် ထုတ်ထား တာပါ'' ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ ဧည့်လမ်းညွှန် များအသင်း ဥက္ကဌ ဦးရွှေမြအောင်က "လောလော ဆယ်ဒီ ပြသနာက ဒီလောက်ပဲ ပြီးမယ် ထင်တာပဲ၊ အသင်း အနေနဲ့ က စောင့်ကြည့် အုံးမယ်။ ဟိုတယ်က reception ကို အပြင် ထုတ်တယ် ဆိုတာ သူ့ရဲ့ဖြေရှင်းနည်း တစ်ခုလို့ ထင်ပါတယ်၊ အပြင်ထုတ်တယ် ဆိုတာ ကတော့ သူရဲ့ image၊ သူ့ရဲ့ impression ပေါ့ဗျာ'' ဟု သုံးသပ် ပြော ဆိုသည်။

အဆိုပါ ဟိုတယ် တွင် ယခင်နှစ် ကလည်း မြန်မာ ဧည့်လမ်းညွှန် များ reception တွင် ဧည့်သည့် စောင့်ရင်း စီးကရက် သောက်ခြင်းနှင့် ပတ် သက်၍ စကားများ ခဲ့သဖြင့် မြန်မာနိုင်ငံ ဧည့်လမ်းညွှန် များ အသင်းဝင် အချို့က ဖြေရှင်း ပေးခဲ့ သော ကြောင့် ယင်းဟိုတယ် မန်နေဂျာ ပြည်ပနိုင်ငံသား တစ်ဦး ပြောင်းရွှေ့ ခဲ့ရ ဖူးကြောင်း ဦးရွှေမြအောင် ၏ ပြောကြားချက် အရ သိရသည်။

By The Voice Weekly

No comments:

Post a Comment