Sunday 28 October 2012

Apple လည်း အွန်လိုင်းရေဒီယို ထုတ်လွင့်မည်


Apple ကုမ္မဏီအနေဖြင့် အွန်လိုင်းရေဒီယို ဝန်ဆောင်မှု လုပ်ငန်း ပြုလုပ်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။

Bloomberg နည်းပညာ သတင်းဆိုဒ်မှ ဖော်ပြခဲ့ခြင်း ဖြစ်ပြီး ၂၀၁၃
နှစ်ဆန်း ပိုင်းတွင် စတင်ထုတ်လွင့်မည် ဖြစ်ကြောင်း ပြောဆိုထားသည်။ လက်ရှိ
အမေရိကန်တွင် ဝန်ဆောင်မှုပေးနေသော ပန်ဒိုရာ (Pandora) ရေဒီယို ကဲ့သို့ ပြုလုပ်မည်ဟု သိရပြီး ပန်ဒိုရာ မပြုလုပ်သေးသော အခြား အခွင့်
အရေးများလည်း ပေးစွမ်းမည်ဟု သိရသည်။

ဖွံ့ဖြိုးပြီး နိုင်ငံများတွင် အွန်လိုင်း ရေဒီယို ဝန်ဆောင်မှုသည် ရေပန်းစားသော လုပ်ငန်းတစ်ခု ဖြစ်ပြီး ယင်းရေဒီယို ဝန်ဆောင်မှုတွင်ပင် သီချင်းများ ဝယ်ယူရန် စတိုးများနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည်။ စမတ်ဖုန်း ကိုင်ဆောင်သူများအနေဖြင့်လည်း ဖုန်းထဲ သီချင်းသိမ်းဆည်းထားခြင်းထက် အွန်လိုင်းရေဒီယိုကိုသာ အလွယ်တကူ ဖွင့် အသုံးပြုသည့် အလေ့အထ ကို နှစ်သက်သူ များပြားသည်။ ယင်းအတွက် ဝန်ဆောင်မှု ကုန်ကျစရိတ် လည်း အနည်းငယ်သာ ရှိပြီး နှစ်သက်ရာ သီချင်းကို စိတ်ကြိုက် Request
ပြုလုပ်နိုင်သည်။ ကိုယ်ပိုင် ရေဒီယို အစီအစဉ်ပါ ပြုလုပ်ခွင့်ပေးပြီး သီချင်း
ဆိုရှယ်ဆိုဒ်ကဲ့သို့ပင် လူသုံးများသည်။

အသုံးပြုသူများပြားခြင်း ဝန်ဆောင်မှုကောင်းခြင်းတို့ကြောင့် အွန်လိုင်း
ရေဒီယိုမှာ နိုင်ငံတကာတွင် ခေတ်စားလျက် ရှိပြီး Apple တို့မှ နေရာ တစ်နေရာရရှိရန် ကြိုးပမ်းလာခြင်း ဖြစ်ပါတယ်။ Apple က ပေးမည့် ဝန်ဆောင်မှု အသစ်တွင် မိမိစိတ်ကြိုက်သီချင်းကို အထပ်ထပ်အခါခါ နားထောင်နိုင်ပြီး သီချင်းများ၊ Album များဝယ်ယူနိုင်ရန်လည်း ပြုလုပ်
ထားမည်။ i-Tunes စတိုးတွင်လည်း သီချင်းများ ဝယ်ယူနိုင်သေးသည်။ ဝန်ဆောင်မှု အသစ်တစ်ခုတိုးခြင်းသာ ဖြစ်ပြီး i-Tunes ကို ထိခိုက်သွားမည် မဟုတ်ကြောင်း ပြောဆိုထားသည်။

Apple ၏ အွန်လိုင်းရေဒီယိုထုတ်လွင့်မှု ပေါ်ပေါက်လာမည်ဟု သတင်းထွက်
ပြီးနောက် ပန်ဒိုရာအွန်လိုင်းရေဒီယို ဝန်ဆောင်မှု လုပ်ငန်း၏ ရှယ်ယာဈေး
များ သိသိသာသာ ထိုးကျသွားကြောင်း သိရသည်။

By TechSpace Journal

No comments:

Post a Comment