Sunday 28 October 2012

မကွေး NLD ပါတီဝင်များ အစုလိုက် ပါတီ ကူးပြောင်းသတင်း မမှန်ဟု ဆို


ရန်ကုန်၊ အောက်တိုဘာ ၂၈

မကွေးတိုင်း ဒေသကြီး ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ သို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင် ၃၀၀ ကျော်
ကူးပြောင်းသည့် သတင်းသည် ဟုတ်မှန်ခြင်း မရှိဘဲ ပါတီဝင် ရှစ်ဦးခန့် သာ ကူးပြောင်း ခြင်း ဖြစ်သည်ဟု NLD တိုင်း ဒေသကြီး ကော်မရှင် ဦးစိုးမိုးက The Voice Weekly ကို ပြောကြားသည်။

မကွေးတိုင်း ဒေသကြီး အင်တိုင်းကြီး ကျေးရွာအုပ်စု ဒေါင်းနေ ရွာ အပါအ၀င် အဖွဲ့ဝင် ၀င်ထားပြီးသူ ၃၀ ဦးခန့် အနက် ဒေါင်းနေရွာ မှ ၈ဦး ခန့်သာ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသို့ ကူးပြောင်းခြင်း ဖြစ်ကာ ပါတီဝင် ၃၀၀ ကျော် ကူးပြောင်းသည် မှာ မမှန်ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။

"မနေ့ ကွင်းဆင်း လေ့လာ ခဲ့ပါတယ်၊ အစုလိုက် အပြုံလိုက် ကူးပြောင်းတယ် ဆိုတာ မဟုတ်ပါဘူး အဲ့ဒီ သတင်း ပါတဲ့ သတင်း ဌာန တွေနဲ့လည်း တွေ့ပြီး ပါပြီ" ဟု ၄င်းက ဆိုသည်။ အင်းတိုင်းကြီး ကျေးရွား အုပ်စု ဒေါင်းနေရွာ မှ အဖွဲ့ဝင် အဆိုပြုလွှာ ၃၀၀ကျော် လက်ခံ ရရှိခဲ့ကြောင်း၊ နေ့ချင်းပြီး ပါတီဝင်ကဒ် ထုတ်ပေး ခဲ့ကြောင်း အားလုံး NLD ပါတီဝင် များ မဟုတ်ပဲ တစ်ချို့သာ NLD ပါတီ ၀င် ဖြစ်ကြောင်း ဒေသခံ ကျေးရွာသား များအား မေးကြည့် စေလိုကြောင်း ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ တိုင်းဒေသကြီး စည်းရုံးရေး တာဝန်ခံ ဦးကျော်ဇေယျ က ပြောကြားသည်။

ဒေါင်းနေ ရွာသား များသည် တောသူ တောင်သားများ ပီပီ အားကိုး ရှာရကြောင်း ပြီးခဲ့သည့် ဧပြီ လ ရွေးကောက်ပွဲ တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံ ခဲ့ ပြီး မိမိအိမ် တွင် ကိုယ်တိုင် ငွေ အကုန် အကျ ခံကာ ဆိုင်းဘုတ် တင်ခဲ့ကြောင်း ဆိုင်းဘုတ်ကို မည်သည့် အကြောင်း ကြောင့်မှန်း မသိ ဖြုတ်ချ ခိုင်းသဖြင့် ရွာတွင် သိက္ခာ ကျသွား၍ ကြံခိုင်ရေး ပါတီသို့ ကူးပြောင်းခြင်း ဖြစ်ကြောင်း ဒေါင်းနေ ရွာမှ NLD ပါတီဝင် ဟောင်း ဦးစိုးနိင် က ပြောကြားသည်။

"သုံးရာကျော် တော့ မဟုတ် ပါဘူး၊ ၅၀ လောက်တော့ ပြည်ခိုင်ဖြိုး ကို ၀င်ကြတယ် အားလုံး လည်း NLD မဖြစ် သေးတာလည်း ပါတယ်" ဟု ဦးစိုးခိုင် က ဆိုသည်။

ပါတီ ဗဟို ရဲ့ စည်းကမ်း အရ ကျေးရွာအုပ်စု တစ်စု ပါတီ ဆိုင်းဘုတ် တစ်ခုသာ ထားရမည် ဆိုသည့် မူ အရ ဦးစိုးခိုင် အိမ်မှ ဆိုင်းဘုတ်ကို ဖြုတ်ချ ရခြင်း ဖြစ်ကြောင်း၊ လူ့သဘော သဘာဝ အရ စိတ်ပြောင်း ပြီး ပါတီ ကူးပြောင်းခြင်း မျိုး ဖြစ်တတ် ကြောင်း ဦးစိုးမိုး က မှတ်ချက်ပြု ပြောဆိုသည်။

မကွေးတိုင်း ဒေသကြီး ၂၅ မြို့နယ် တွင် ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီဝင် တစ်သိန်း နှစ်သောင်း ခန့် ရှိကြောင်း ပြီးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲ တွင် ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ အနေဖြင့် မဲ သုံးသောင်း ကျော် ရရှိပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ မဲ ကိုးသောင်းကျော် ရရှိခဲ့ကြောင်း၊ ပါတီ အနေဖြင့် ဒေါင်းနေ ရွာတွင် ပညာရေး၊ ကျန်းမာရေး နှင့် ရေ ရရှိရေး အတွက် ရေပိုက်များ ဆောင်ရွက် ပေးခဲ့ ကြောင်း ဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက်မှု များကြောင့် အဆိုပြုလွှာ များ တိုးလာခြင်း ဖြစ်နိင်ကြောင်း ဦးကျော်ဇေယျ က သုံးသပ် ပြောဆိုသည်။

By The Voice Weekly

No comments:

Post a Comment