Monday 8 July 2013

လက်ထပ်ပွဲ ကျမ်းသစ္စာ ကျိန်ဆိုစဉ် သတို့သမီးအမည် မှားယွင်း ခေါ်မိသည့် သတို့သား ကွာရှင်းခံရ

ဇူလိုင်လ ၈ ရက် ၂၀၁၃

တရုတ်နိုင်ငံတွင် မင်္ဂလာပွဲ ကျင်းပစဉ် သတို့သား ဖြစ်သူသည် ၎င်း၏အချစ်ဦး အမည်ကို မှားယွင်း ခေါ်ဆိုခဲ့မှုကြောင့် သတို့သမီး ဖြစ်သူက ကွာရှင်းရန် အတွက် ပေကျင်းမြို့ရှိ တရားရုံး
တစ်ရုံးသို့သွားရောက် တိုင်တန်း ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်တွင် ဇူလိုင် ၆ ရက်က ဖော်ပြထားသည်။

သတို့သားဖြစ်သူ ကျောင်ဟိုသည် မင်္ဂလာပွဲ ကျင်းပစဉ် သတို့သမီးဖြစ်သူ ကျို့အား ၎င်းကို ခင်ပွန်းအဖြစ် ပေါင်းသင်းနိုင်မည်ဟုတ်၊ မဟုတ်မေးမြန်း
စဉ် အချစ်ဦး၏ အမည်ကို မှားယွင်း ခေါ်ဆိုခဲ့ မှုကြောင့် သတို့သမီး ဖြစ်သူ
က လက်ထပ်လက်စွပ်ကို ယူဆောင်၍ တရားရုံးသို့ သွားရောက်ကာ ကွာရှင်းပေးရန် တိုင်တန်းခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး ကွာရှင်းခဲ့သည်ဟု သိရသည်။

စကားဝါ

မြ၀တီ ဆီမှကူးယူဖော်ပြပါသည်

No comments:

Post a Comment