Saturday 8 September 2012

ကျားထိန်းနယ်မြေ ဆိုင်းဘုတ် သာကျန်


ကျားထိန်းနယ်မြေ ဆိုင်းဘုတ် သာကျန်ကချင်ပြည်နယ် ဟူးကောင်း ဒေသတွင် သတ်မှတ် ထားသော ကမ္ဘာ့ကျား ထိန်းသိမ်းရေး နယ်မြေမှာ ဆိုင်းဘုတ်သာ ကျန်ရှိတော့ကြောင်း ဟူကောင်းဒေသခံများက ရန်ကုန်မြို့တွင် ပြောကြားသည်။ “သစ်ခုတ်လမ်းဖောက်လို့

ကုန်ပြီ၊ အခုဆိုင်းဘုတ်ပဲ ကျန်တော့တယ်”ဟု ဟူးကောင်းဒေသတွင် ပါဝင်သော လဘန်ကောက်ကျေးရွာသူတစ်ဦးကVenus News Weekly သို့ပြောသည်။

ကချင်ပြည်နယ်ရှိ ဟူးကောင်းချိုင့်ဝှမ်းဒေသမှ ကျားထိန်းသိမ်းရေးနယ်မြေကို မြန်မာအစိုးရက ၂၀ဝ၁ ခုနှစ်တွင် အမေရိကန်အခြေစိုက် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့( Wildlife Conservation Society) ၏ အကူအညီဖြင့် သတ်မှတ်လုပ်ဆောင်ခဲ့သည်။ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေပြုလုပ်ရန်အတွက် ၂၁၈၉၀ စတုရန်းကီလိုမီတာ (၈၄၅၂ စတုရန်းမိုင်) ရှိသော ချိုင့်ဝှမ်းတစ်ခုလုံးပါဝင်စေရန် ၂၀ဝ၄ ခုနှစ်တွင် ထိုထိန်းသိမ်းရေးနယ်မြေကို တိုးချဲ့ သတ်မှတ်ခဲ့သည်။

သို့သော်လည်း ၂၀ဝ၆ ခုနှစ်မှ စတင်ကာ ယုဇနကုမ္ပဏီကို ကျားထိန်းသိမ်းရေးနယ်မြေတွင်“စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးဇုန်”အဖြစ် ဧက ၂၀ဝ၀ဝ၀ ရှိသော ပီလောပီနံစိုက်ပျိုးရေးလုပ်ငန်းစီမံကိန်းကို လုပ်ကိုင်ခွင့်ပြုခဲ့သည့်အတွက် ကျားထိန်းသိမ်းရေးနယ်မြေပျက်စီးခဲ့ကြောင်း ゞင်းနယ်မြေ အတွင်း ကွင်းဆင်း၍ သတင်းအချက်လက်ကောက်ယူနေသော ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်(KDNG) က ထုတ်ပြန်ခဲ့သည်။

(KDNG) ၏ ၂၀ဝ၆ ခုနှစ် မှတ်တမ်းအရ ဟူးကောင်းချိုင့်ဝှမ်းဒေသအတွင်း အဓိကရွှေတူးဖော်သည့် နေရာပေါင်း ၃၁ နေရာနှင့် ကျားထိန်း သိမ်းရေးနယ်မြေတစ်ဝန်းရှိ လုပ်ဆောင်လျက်ရှိသော သတ္တုတူးဖော်ရေးလုပ်ငန်းပေါင်း ၁၀ဝ ကျော်ရှိနေပြီး စွန့်ပစ်ပစ္စည်းများနှင့် အဆိပ်အတောက် များကြောင့် တိရစ္ဆာန်များ၏ တည်ရှိနေထိုင်ရာနေရာနှင့် ရေလမ်းကြောင်းများကို ပျက်စီးနေသည်။ ဒေသခံများရဲ့အဆိုအရ ကျားသားကိုရောင်းချရာတွင် တစ်ကီလိုလျှင် အမေရိကန်ဒေါ်လာ နှစ်ရာခန့်ရရှိပြီး ကျားသားရေ၊ ကျားအရိုးနှင့် ကျားကိုယ်တွင်းအင်္ဂါများသည် အာရှရိုးရာဆေးဝါးများ ဖော်စပ်ရာတွင် အသုံးဝင်ကာ တရုတ်နိုင်ငံမှ အဓိကဝယ်ယူနေသည့်အတွက် ကျားများကို ကာကွယ်စောင့်ရှောက်ရန် ခက်ခဲနေသည်။

ကမ္ဘာပေါ်တွင် ရှားပါးသစ်ပင်ပန်းပင် မျိုးစိတ်ပေါင်း ၁၃ç၅၀ဝ ခန့်သတ်မှတ်ထားသည့် အနက် မျိုးစိတ် ပေါင်း ၇,ဝ၀ဝ ခန့်မှာ မြန်မာ့ဟူးကောင်းတောင်ကြားဒေသတွင်သာ ပေါက်ရောက်နေသည်။
အမေရိကန်အခြေစိုက်သဘာဝတောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဒါရိုက်တာ အလန်ရာဘီနိုဝစ်ဇ် (Alan Rabinowitz) သည် ၂၀ဝ၃ ခုနှစ်တွင် မြန်မာ့သစ်တောဌာနနှင့် ပူးပေါင်း၍ အနီအောက် ရောင်ခြည်သုံးကင်မရာများကို ယင်းနယ်မြေတွင်တပ်ဆင်ခဲ့ပြီး ဟူးကောင်းတောင်ကြားဒေသတွင် ကျားကောင်ရေ ၁၅၀ မှ ၂၀ဝ ခန့်သာကျန်ရှိတော့ကြောင်း ထိုသုတေသနကြောင့်သိခွင့်ရခဲ့ပြီး တစ်ကမ္ဘာလုံးတွင်မူ ကျားကောင်ရေ ၃၀ဝ၀ အောက်သာကျန်ရှိတော့သည်ဟု ဆိုသည်။

ဟူးကောင်းတောင်ကြားသည် ကချင်ပြည်နယ်အနောက်ဘက် အိန္ဒိယနယ်စပ်တွင်တည်ရှိကာ ကူမုံတောင်တန်းအရှေ့နှင့် ပတ်ကွိုင်တောင်တန်း အနောက်ဘက်အကြားတွင်တည်ရှိသည်။ ချင်းတွင်းမြစ်နှင့် ဗြဟ္မပုတ္တရမြစ်တို့၏ ရေဝေကုန်းတန်းလည်းဖြစ်သည်။
၂၀၁၀ အောက်တိုဘာလ ကထုတ်ပြန်ခဲ့သော WCS အစီရင်ခံစာအရ ဥပဒေမဲ့ အမဲလိုက်မှုများကြောင့် ဤဒေသတွင် ကျားကောင်ရေမှာ ၅၀ ခန့်အထိလျော့ကျသွားခဲ့သည်။ သို.သော်လည်း၂၀၁၂စာရင်းကိုWCS ကထုတ်ပြန်ခြင်းမရှိပေ။ ယခုနှစ်ဆန်းမှစတင်ကာ ဟူးကောင်းဒေသတွင် ရွှေတူးဖော်ခြင်းကိုအကြီးအကျယ်လုပ်ကိုင်နေပြီး ပတ်ဝန်းကျင်ထိခိုက်မူဖြစ်ပေါ်နေကြာင်း ဒေသခံများကပြောသည်။

ဟူးကောင်းဒေသတွင် ပီလောပီနံစိုက်ခင်းများကြောင့် ကမ္ဘာ့ကျားထိန်းနယ်မြေထိခိုက်ခဲ့ရပြီး လယ်ယာမြေများစွာသိမ်း ယူခြင်းခံခဲ့ရသည်။ ၂၀ဝ၆ ခုနှစ်မှစတင်ကာ လယ်ယာမြေ အသိမ်းခံခဲ့ရသည့် ဟူးကောင်းဒေသအတွင်းရှိဝရာဇုပ်၊ အောင်ရာ၊ စံပြ၊ လဘန်ကောက်စသည့် ကျေးရွာ ဒေသခံ၂၀ခန့်သည် ယုဇနကုမ္မဏီတွင် နစ်နာမူများတောင်းဆိုရန် ကချင်တိုင်းရင်းသူ ဒေါ်ဘောက်ဂျာဦးဆောင်မူဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိ နေခြင်းဖြစ်သည်။

မနောထွန်း

By ရိုးရာလေး

No comments:

Post a Comment