လက်ပံတောင်းတောင် ကြေးနီစီမံကိန်း
စက်ရုံမှ လယ်ယာမြေများသိမ်းယူထား
မှုနှင့်ပတ်သက်၍ ယင်းစီမံကိန်းဝန်း
ကျင်မှ ဒေသခံများက ယနေ့ညတွင်
မီးထွန်းညှိ၍ ဆန္ဒဖော်ထုတ်မှုများပြုလုပ်ဖွယ်ရှိကြောင်း ပွင့်လင်းလူ့အဖွဲ့အစည်း
(မုံရွာ)မှ သိရသည်။
ယမန်နေ့ညနေ လေးနာရီခန်ကလည်း မုံရွာမြို့အနောက်ဖက် ချင်းတွင်းမြစ်တာရိုးတစ်လျှောက်
အရပ်ဖက် လူ့အဖွဲ့အစည်းအင်အား နှစ်ရာကျော်ခန့်က"လက်ပံတောင်းတောင်ကြီး
ကာကွယ်ကြ၊ တောင်မှာပြုလုပ်နေတာတွေရပ်" စာတန်းပါ တူညီဝတ်စုံများဝတ်ဆင်ကာ
လမ်းလျှောက်ခြင်း၊ လက်မှတ်ရေးထိုးခြင်းများပြုလုပ်ခဲ့ကြောင်း၊
လက်ပံတောင်းတောင် စီမံကိန်းဝန်းကျင်မှ ဒေသခံများ အဆိုပါဆန္ဒဖော်ထုတ်ပွဲသို့ ပူးပေါင်းရန်
လာကြစဉ် လမ်းခုလတ်ဝယ် တားမြစ်ခြင်းခံခဲ့ရကြောင်း ပွင့်လင်းလူ့အဖွဲ့အစည်း(မုံရွာ) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
(ဓါက်ပုံ) အောင်နေမျိုး Aung Nay Myo
Face Book မှ
(ဓါက်ပုံ) အောင်နေမျိုး Aung Nay Myo
Face Book မှ
(ဓါက်ပုံ) အောင်နေမျိုး Aung Nay Myo
Face Book မှ
Popular Myanmar
ရွှေမြန်မာ
No comments:
Post a Comment