Saturday 8 September 2012

တက္ကစီများ ဟွန်းမတီးရ နယ်မြေ၌ ဟွန်းတီးပါက ယာဉ်မောင်းလိုင်စင် သုံးနှစ် ပိတ်သိမ်းမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော တက္ကစီယာဉ်များကို စက်တင်ဘာ ၃ ရက်မှ စတင်ပြီး ဟွန်းမတီးရ နယ်မြေတွင် ဟွန်းတီးပါက ယာဉ်မောင်းလိုင်စင် သုံးနှစ်
ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ ရန်ကုန်မြို့အတွင်းတွင် ဟွန်းမတီရနယ်မြေများ သတ်မှတ်ထားသော်လည်း စည်းကမ်းမဲ့ ဟွန်းတီးမှုများ ရှိနေသောကြောင့် ယခုကဲ့သို့ အရေးယူရခြင်း ဖြစ်ကြောင်း၊ ဆက်လက်ပြီး ကိုယ်ပိုင်ယာဉ်မောင်းများကိုလည်း အရေးယူသွားရန်ရှိကြောင်း၊ ဟွန်းတီးသော ယာဉ်မောင်းများကို ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက မှတ်တမ်းတင်ထားပြီး က-ည-နရုံးသို့ ပေးပို့ကာ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးပါက လိုင်စင်ကို သုံးနှစ် ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

By Khitlunge

No comments:

Post a Comment