Saturday 8 September 2012

သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရန် အီရန်နှင့် မြောက်ကိုရီးယား သဘောတူ


သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရန် အီရန်နှင့် မြောက်ကိုရီးယား သဘောတူအီရန်နိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် သိပ္ပံနှင့် နည်းပညာတွင် ပူးပေါင်း ဆောင်ရွက်ရန် သဘော တူစာချုပ်တ
ကို လက်မှတ်ရေးထိုး ချုပ်ဆိုပြီးကြောင်း၊ အဆိုပါနှစ်နိုင်ငံတွက်
ဘုံရန်သူများ ရှိခဲ့သည်ဟုအီရန် အီရန်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်က ပြောဆိုခဲ့ကြောင်း အီရန်မီဒီယာက စနေနေ့တွင် ထုတ်ပြန်ရေးသား ခဲ့သည်ဟု သိရသည်။

အဆိုပါ အီရန်နှင့် မြောက်ကို ရီးယားနှစ်နိုင်ငံတို့သည် သုတေသ နလုပ်ငန်း၊ ကျောင်းသားဖလှယ်၍ ပညာသင်ယူရေးလုပ်ငန်းနှင့် ပူးတွဲ စမ်းသပ်မှုများကိစ္စတွင် ပူးပေါင်း ဆောင်ရွက်ကြမည်ဖြစ်ပြီး သတင်း နည်းပညာ၊ အင်ဂျင်နီယာပညာ၊ ဇီဝနည်းပညာ၊ စွမ်းအင်သစ်ထုတ်ယူရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေး၊ စိုက်ပျိုးရေးဆိုင်ရာ အကျိုးပြု ဖြစ်ထွန်းရေးနှင့် စားသောက်ကုန် နည်းပညာဆိုင်ရာ နယ်ပယ်များ တွင်လည်း ပူးပေါင်းဆောင်ရွက်ကြ မည်ဟုILNA ခေါ် အီရန်အလုပ် သမားသတင်းဌာနကထုတ်ပြန်ကြေ ညာခဲ့သည်။
အဆိုပါသဘောတူစာချုပ် ကို အီရန် “သိပ္ပံ၊ သုတေသနနှင့် နည်း ပညာ”ဝန်ကြီး “ဖာဟက်ဒါနီရှ်ဂျူ” (Farhad Daneshjoo) နှင့် မြောက်ကိုရီးယားနိုင်ငံခြားရေး ဝန် ကြီး“ပတ်အီချွန်”(Pak Ui-Chun) တို့က လက်မှတ်ရေးထိုးခဲ့ကြောင်း ILNA က ကြေညာခဲ့သည်။မြောက်ကိုရီးယားသည် အီရန် နိုင်ငံနှင့် အနီးကပ်ဆက်ဆံမှုများ ရှိခဲ့ဖူးသည်ဟု သိရသည်။

အီရန် နိုင်ငံသည် မြောက်ကိုရီးယားမှ ပဲ့ ထိန်းစနစ်သုံးဒုံးကျည်အစိတ်အပိုင်း များကို အလိုရှိခဲ့ဖူးကြောင်း အမေရိ ကန်တာဝန်ရှိသူများက ယုံကြည် ကြသည်ဟု ၂၀၁၀ ခုနှစ်မှစ၍ လျို့ ဝှက်ပေါက်ကြားလာသော အမေ ရိကန်သံတမန်ဖုန်းလိုင်းများတွင် ဖော်ပြခဲ့ကြသည်။

ပြုံးယန်းကွန်မြူနစ်အစိုးရနှင့် အီရန် အစ္စလာမ္မစ်သမ္မတ နိုင်ငံတို့ သည် သဘောတရားရေးအရ အနည်းငယ် ခွဲဝေသုံးစွဲဆက်ဆံကြ သော်လည်း အဆိုပါ နှစ်နိုင်ငံ စလုံးကို ယခင်အမေရိကန်သမ္မတ ဂျော့ဒမလျူဘုရှ်က ၂၀ဝ၂ ခုနှစ် နိုင်ငံတော် မိန့်ခွန်းတွင်“မကောင်း ဆိုးဝါးဝန်းရိုး”၏တစ်စိတ်တစ်ဒေ သအဖြစ်အမည်ပေးခဲ့သည်။

အီရန်နိုင်ငံ၏ ထိပ်တန်းခေါင်း ဆောင်အာယာတိုလာ အလီခါမေ နီသည် ယခု သီတင်းပတ်တွင် ဘက်မလိုက်လှုပ်ရှားမှု ထိပ်သီး အစည်းအဝေးအတွက် တီဟရန်ကို ရောက်နေသည့် အထင်ကရ ခေါင်း ဆောင်တစ်ဦးဖြစ်သူ မြောက်ကိုရီး ယားမှကင်ယုံနမ် (Kim Yong- Nam) နှင့် တွေ့ဆုံခဲ့သည်ဟု သိရ သည်။
“အီရန် အစ္စလာမ္မစ်သမ္မတ နိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံမှာ ဘုံရန်သူတွေရှိပါတယ်။အကြောင်း ကတော့ အထက်စီးဆန်တဲ့ အာ ဏာရှင်တွေက လွတ်လပ်တဲ့နိုင်ငံ တွေကို လက်မခံကြလို့ပါ” ဟု ခါ မေနီ စကားကို ကိုးကား၍ILNA ကစနေနေ့တွင် ထုတ်ဖော်ကြေညာ ခဲ့သည်။

ဖွံ့ဖြိုးဆဲ တိုင်းပြည်များ၏ ထိပ်သီးအစည်းအဝေးကို မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင် ကင်မ်ဂျုံအဲန် (Kim-Jong-un) လည်းတည်ဆောက်မည်ဟု ကော လာဟလသတင်း ထွက်ခဲ့သေး သည်။ အဆိုပါ ဘက်မလိုက်လှုပ် ရှားမှုသည် မြောက်ကိုရီးယား ပါ ဝင်သည့် ဘက်စုံဆွေးနွေးပွဲ ဖိုရမ် များထဲမှ တစ်ခုဖြစ်သည်ဟု သိရ သည်။ အီရန်နိုင်ငံနှင့် မြောက်ကိုရီး ယားတို့အကြား ပိုမိုအားကောင်း သည့် စီးပွားရေးဆက်ဆံမှုကို တိုး ချဲ့လုပ်ကိုင်မည်ဟု အီရန်၏ပထမ မြောက် ဒုတိယသမ္မတ မိုဟမ္မက် ရီဇာရာ ဟီမီ(Moham-mad Reza Rahimi) က စနေနေ့တွင် အခိုင် အမာပြောခဲ့ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံကထုတ်လွှင့်ကြေညာခဲ့သည် ဟု သိရသည်။

By ရိုးရာလေး

No comments:

Post a Comment