Saturday, 8 September 2012

ခရက်ဒစ်ကတ်တွေ ဖြစ်လာမယ့် အိုင်ဖုန်းမျိုးဆက်သစ်တွေ

 ခရက်ဒစ်ကတ်တွေ ဖြစ်လာမယ့် အိုင်ဖုန်းမျိုးဆက်သစ်တွေမကြာမီမှာ ထွက်ရှိတော့မယ့် iPhone မျိုးဆက်သစ် တွေဟာ ခရက်ဒစ်ကတ် တွေအနေနဲ့ သုံးနိုင်တော့မှာပါလို့ နည်းပညာပါရဂူတွေက တွက်ဆထားကြပါတယ်။ အနာဂတ် iPhone
တွေမှာ NFC ကတ်တွေကို သုံးစွဲသွားမယ်ဆိုရင် အကြွေးဝယ်ကတ်တွေ တကူးတက ကိုင်ဆောင်နေစရာ မလိုဘဲနဲ့ သွားလေရာမှာ ဘဏ်
အကောင့်တွေကနေ ငွေကြေးကို အလွယ်တကူ အထုတ်၊ အသွင်းလုပ်ယူပြီး လွှဲပြောင်းနိုင်ပါတယ်။ နည်းပညာပါရဂူ ဖြစ်နေတဲ့ Apple ဟာ အွန်လိုင်းငွေချေ စနစ်တွေကို အဓိက ပံ့ပိုးပေးနေတဲ့ Citibank ရဲ့Pay Pass ငွေရှင်းစနစ်နဲ့ ချိတ်ဆက်ရမှာ ဖြစ်ပါတယ်။

By ရိုးရာလေး

No comments:

Post a Comment